ဘော်ဒါ‌ တွေအတူတူ အမှတ်တရဖြစ်ဖွယ်ရာ အချိန်ကောင်းလေးတစ်ခုကို ဖြတ်သန်းချင်တယ်ဆိုရင်တော့ ပါတီ ပွဲတွေ ကျင်းပတာက အကောင်းဆုံး အိုင်ဒီယာတစ်ခုပါပဲ။ ပါတီပွဲတွေဟာ ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာ အရမ်းအထောက်အကူ ပြုသလို ဘော်ဒါတွေကြားက သံယောဇဉ်နဲ့ ခင်မင်မှုကိုလည်း တိုးစေပါတယ်။ ဒီတစ်ခါမှာတော့ ဘော်ဒါ တွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပနိုင်မယ့် အမိုက်စား ပါတီ အိုင်ဒီယာ လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Zoo ပါတီ

Photo : Fit Reisen

တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေအတွက် အကောင်းဆုံး ပါတီ အိုင်ဒီယာ တစ်ခု ဖြစ်ပါတယ်။ အားလပ်ရက်မှာ ဘော်ဒါအပေါင်းအသင်းတွေနဲ့အတူတူ Zoo မှာ ပျော်ပွဲစား ပါတီလေး ကျင်းပနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေကို အစာကျွေးတာ ၊ စားသောက်စရာတွေ ပြင်ဆင်သွားတာ ၊ ဂိမ်းတွေကစားတာ စတာတွေ လုပ်နိုင်ပါတယ်။ Zoo ပါတီက တစ်ရက်တာ ပျော်ပွဲစားထွက်ရသလို ဖီလင်မျိုးရစေမှာ ဖြစ်သလို ငယ်ဘဝအမှတ်တရတွေကိုလည်း ပြန်ပြောင်းသတိရစေပြီး စိတ်လက်ပေါ့ပါးမှုအပြည့်နဲ့ ပျော်ရွှင်ရမှာ အသေအချာပါပဲ။

(၂) Harry Potter ပါတီ

Photo : Halloween Costumes

Harry Potter ပါတီကတော့ Potterhead တွေ အကြိုက်တွေ့စေမယ့် အမိုက်စား ပါတီ အိုင်ဒီယာလေးတစ်ခု ဖြစ်ပါတယ်။ ပါတီ အပြင်အဆင်ကို Harry Potter Theme လေးပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့အတူတူ Harry Potter ဝတ်စုံလေးတွေ ဆင်တူဝတ်ဆင်ကာ အထာကျကျ ပျော်ပျော်ပါးပါး ပါတီကို ဆင်နွဲနိုင်ပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်စရာ Photo Booth လေးတွေလည်း ပြင်ဆင်ထားပေးပါ။

(၃) Silent Disco ပါတီ

Photo : Boston University

ပတ်ဝန်းကျင် ဆူညံမှုမရှိစေပဲ ဘော်ဒါ တွေနဲ့ စိတ်လွတ်လက်လွတ် ကဲနိုင်မယ့် ပါတီ အိုင်ဒီယာ လေးကတော့ Silent Disco ပါတီပဲ ဖြစ်ပါတယ်။ Silent Disco ပါတီကို ကွီးတို့အရင်က ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ပါတီထဲက လူတွေအားလုံး Headphones ကိုယ်စီနဲ့ သီချင်းတွေ အတူတူ စီးမြောခံစားကာ ပျော်ပျော်ပါးပါး ကခုန်ကြရတာ ဖြစ်ပါတယ်။ Silent Disco ပါတီက ဆူညံမှုအနည်းဆုံးနဲ့ သီးသီးသန့်သန့်လေး ကဲလို့ရမယ့် အမိုက်စား ပါတီအိုင်ဒီယာတစ်ခု ဖြစ်ပါတယ်။

(၄) ဝိုင်ပါတီ

Photo : Unsplash

ညနေခင်းတွေမှာ အရသာရှိတဲ့ အကောင်းစား ဝိုင်တွေ မြည်းစမ်းရင်း အေးအေးငြိမ့်ငြိမ့်လေး Chill ချင်တယ်ဆိုရင်တော့ ဝိုင်ပါတီပွဲလေး ကျင်းပနိုင်ပါတယ်။ ဘော်ဒါတွေနဲ့ စကားစမြည်ပြောရင်း ၊ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရတွေ ပြောရင်း ဝိုင်ကောင်းကောင်းလေး တစ်ခွက်သောက်ရတာလောက် စိတ်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်မျိုး မရှိနိုင်ပါဘူး။ ဝိုင် ပါတီပွဲလေးက တကယ်ကိုပဲ ဘော်ဒါ တွေနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့်  အိုင်ဒီယာ ကောင်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : Visit Gent