Bar ထိုင်ရင် လွတ်လွတ်လပ်လပ်နဲ့ စိတ်လက်ပေါ့ပါးမှုအပြည့်ရှိတဲ့ Sky Bar တွေမှာ ကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မန္တလေးမြို့ က အေးအေးဆေးဆေးနဲ့ Chill လို့ကောင်းတဲ့ Sky Bar လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) Brolly Sky Bar & Restaurant

Phono : Brolly Sky Bar & Restaurant

ဒီဆိုင်လေးကတော့ ၂၂လမ်း ၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြား Hotel Yadanar Oo Rooftop မှာ ဖွင့်ထားတဲ့ အမိုက်စား Sky Bar ဘားလေး ဖြစ်ပါတယ်။ မန္တလေးမြို့ ရဲ့ ညနေခင်း နေဝင်ဆည်းဆာအလှကို အပေါ်စီးကနေ ကြည့်ရှုခံစားရင်း အေးအေး Chill လို့ရတယ်။ Indoor မှာ သက်တောင့်သက်သာ Chill မလား ၊ Outdoor မှာပဲ လေတဖြူးဖြူးနဲ့ ထိုင်မလား စိတ်ကြိုက်ရွေးလို့ရတယ်။ လုံခြုံစိတ်ချရတဲ့ ကားပါကင် ၊ ကျယ်ဝန်းတဲ့ ဆိုင်နေရာနဲ့ အစားအသောက်တွေ စုံလင်ပြီး ဈေးတန်တယ်။ မွေးနေ့ပါတီပဲလုပ်မလား ၊ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည် အခမ်းအနားလေးပဲ ကျင်းပမလား ၊ ရုံးပါတီပဲလုပ်မလား ဒီဆိုင်လေးက တော်တော်အဆင်ပြေပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၆၇၆) ၊ (၂၂) လမ်း ၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြား ၊ အောင်မြေသာဇံမြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

(၂) Queen’s Sky View

Photo : Queen’s Sky View

ဒီဆိုင်လေးကတော့ Hotel Queen Mandalay ၇လွှာမှာ ဖွင့်ထားတဲ့ View တွေ အရမ်းကိုလှတဲ့ အမိုက်စား Sky Bar လေး ဖြစ်ပါတယ်။ ရှုခင်းလှလှလေးတွေ ကြည့်ပြီး အရသာရှိတဲ့ အစားအသောက်ကောင်းတွေ သုံးဆောင်ရင်း စိတ်ပြေလက်ပျောက် အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ Queen’s Sky View Bar လေးက လုံးဝစိတ်ကျေနပ်မှု ရစေမှာပါ။ ဒီဆိုင်မှာက နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အစားအသောက်တွေ တော်တော်လေးကိုစုံလင်ပြီး အပတ်စဉ် Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေရှိတော့ တစ်နေရာတည်းမှာပဲ ရေမီးစုံ Chill လို့ရတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၈၁ ၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

(၃) V-BAR Restaurant MDY

Photo : V-BAR Restaurant MDY

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ မန္တလေးမြို့ရဲ့ အမိုက်စား Sky Bar တွေထဲက တစ်ခုကတော့ V-BAR Restaurant MDY လို့ခေါ်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးက ၄၇ လမ်းနဲ့ ၄၈ လမ်းကြား Hotel New York Rooftop မှာ ဖွင့်ထားတာပါ။ View တွေ မိုက် ၊ အစားအသောက်တွေစုံ သလို Unplugged အစီအစဥ်တွေလည်း လုံးဝလန်းတဲ့ အမိုက်စား ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ စိတ်လွတ်လက်လွတ်နဲ့ အေးအေးဆေးဆေး အနားယူအပန်းဖြေချင်ရင်တော့ V-BAR Restaurant MDY ဆိုင်လေးကို အရောက်သွားကြည့်ဖို့ ညွှန်းဆိုပေးချင်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၁၀၉) A ၊ ၄၇ လမ်းနဲ့ ၄၈ လမ်းကြား ၊ Hotel New York , Mandalay Rooftop ၊ မန္တလေးမြို့ ဖြစ်ပါတယ်။