ဒီတစ်ခေါက်မှာတော့ မန္တလေးသား ကွီးတို့အတွက် အေးအေးဆေးဆေး အထာကျကျ Chill လို့ရမယ့် မန္တလာမြေက အမိုက်စား Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။ Weekend ကို ရောက်လာပြန်ပြီဆိုတော့ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး အေးအေးဆေးဆေး Relax လုပ်ရင်း Chill ချင်တယ်ဆိုရင် အခုပြောပြမယ့် ဆိုင်လေးတွေသာအရောက် သွားလိုက်ပါဗျို့။

(၁) 1122 BBQ

Photo : 1122 BBQ

အကင်ကောင်းကောင်း ကြိုက်တဲ့ မန္တလေးသား ကွီးတို့အတွက် ဆိုင်လေးတစ်ဆိုင် ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ 1122 BBQ ဆိုတဲ့ ဆိုင်လေးပါ။ အကင်မွှေးမွေးနဲ့ ဘီယာအေးအေးလေးကတော့ တကယ်ကို လိုက်ဖက်ညီတဲ့ အတွဲအစပ်တစ်ခုပါပဲ။ ဒီဆိုင်လေးမှာက အရသာရှိတဲ့ အကင်တွေအမယ်စုံရပြီး ထိုင်းစတိုင် ၊ တရုတ်စတိုင် ဟင်းပွဲတွေလည်း အစုံရတယ်။ ဘီယာ ၊ ကော့လ်တေး သောက်စရာ Drinks တွေစုံတဲ့အပြင် နေရာထိုင်ခင်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် အေးအေးဆေးဆေး အနားယူအပန်းဖြေချင်သူတွေအတွက် ကွက်တိကျစေမှာပါ။ 1122 BBQ ဆိုင် ၁ နဲ့ ဆိုင် ၂ နှစ်ဆိုင်ရှိပြီး လိပ်စာတွေကတော့ ဆိုင်အမှတ် (၁) ၁၀၇ လမ်း ၊ ၆၂×၆၃ကြား ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့နဲ့ ဆိုင်အမှတ် (၂) ၂၇ လမ်း ၊ ၆၈လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ တို့ပဲ ဖြစ်ပါတယ်။

(၂) The ROCK – Gastro Bar

Photo : The ROCK – Gastro Bar

အပြင်အဆင် ခပ်မိုက်မိုက်နဲ့ အထာကျတဲ့ Bar မျိုးမှ ထိုင်ချင်တဲ့ မန္တလေးသား ကွီးတို့အတွက် လုံးဝအကြိုက်တွေ့ စေမယ့် Bar လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးကတော့ The ROCK – Gastro Bar လို့ခေါ်ပါတယ်။ ဆိုင်ရဲ့ Decoration အပြင်အဆင်တွေကတော့ လုံးဝ ပြောစရာမလိုအောင် အထာကျတယ်။ ဓာတ်ပုံဝါသနာရှင်တွေ သဘောတွေ့စေမယ့် ပုံစံလေးပါ။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်စရာ Table ဝိုင်းတွေ အများကြီး ခင်းကျင်းပြင်ဆင်ပေးထားတဲ့အပြင် အရသာရှိတဲ့ အစားအသောက်တွေ အစုံအလင်ရသလို ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်း ဘိလိယက်လက်ရည်သွေးနိုင်ဖို့ ဘိလိယက်ခုံလေးပါ ထားပေးထားပါသေးတယ်။ ဆိုင်လိပ်စာကတော့ ၃၂ (အေ)လမ်း ၊ ၇၇/၇၈ လမ်းကြား ၊၃၂/၃၃ လမ်းကြား ၊ မန္တလေးမြို့ဖြစ်ပါတယ်။

(၃) ibis Styles Pool Bar

Photo : ibis Styles Pool Bar

ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ အနားယူမယ် ၊ ရေကူးမယ် ၊ ဘီယာသောက်ရင်း Chill မယ်ဆိုရင်တော့ ibis Styles Pool Bar လေးရှိပါတယ်။ Luxury ဆန်တဲ့ Taste ကို အပြည့်အဝခံစားရင်း အထာကျကျ သက်တောင့်သက်သာ အနားယူအပန်းဖြေချင်တဲ့ မန္တလေးသား ကွီးတို့အတွက် Ibis Styles Hotels ရဲ့ 2nd Floor မှာဖွင့်ထားတဲ့ ဒီ Pool Bar လေးကို တော်တော်လေး သဘောတွေ့မိစေမှာ အသေအချာပါပဲ။ ညနေခင်းတွေမှာ လေတဖြူးဖြူးနဲ့ လုံးဝဆိတ်ငြိမ်မှုရှိတဲ့အတွက် သက်တောင့်သက်သာနဲ့ တကယ်ကို Relax လုပ်လို့ ကောင်းပါတယ်။ စုံလင်လှတဲ့ အရသာအရှိဆုံး ဟင်းပွဲတွေ ၊ သောက်စရာ Drinks တွေနဲ့ ပိတ်ရက်ကို အကောင်းဆုံး အနာယူမှုတစ်ခုနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ibis Styles Pool Bar ကို အရောက်သွားဖို့ ညွှန်းလိုက်ပါတယ်။ လိပ်စာကတော့ အမှတ် ၁၅၁ ၊ ၃၅ လမ်းနဲ့ ၅၄ လမ်းထောင့် ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

Featured Photo : ibis Styles Pool Bar