အစားအသောက်ကောင်းတွေပေါတဲ့ မန္တလေးမြို့မှာ ညနေခင်းထိုင်စရာ Bar နဲ့ Restaurant တွေလည်း အများကြီးရှိပါတယ်။ ဒီထဲကမှ မန်းမြို့ ရဲ့ မျက်စိတဆုံး လှချင်တိုင်းလှနေတဲ့ ညနေဆည်းဆာရှုခင်းကို တမေ့တမော ခံစားရင်း လွင့်မြောနိုင်မယ့် အလန်းစား Rooftop Bar တွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) Hotel Niko Rooftop Bar

မန်းမြို့ Rooftop Bar

Photo : Hotel Niko

ဒီဆိုင်လေးကတော့ Hotel Niko ရဲ့ အပေါ်ဆုံးထပ် ၅ လွှာက Hidden Place လေးပါ။ Bar ရဲ့ ဖွဲ့စည်းပုံက သေးသေးကျစ်ကျစ်နဲ့ လုံးဝ Privacy ရှိတဲ့အတွက် အေးအေးဆေးဆေး Chill ချင်သူတွေ အကြိုက်တွေ့စေမှာပါ။ ဆိုင်အပြင်အဆင်တွေက လူငယ်ဆန်ဆန်နဲ့ အထာကျတဲ့အပြင် မန်းမြို့ ရဲ့ မျက်တဆုံး ရှုမဆုံးတဲ့ 360′ View နဲ့ ညနေခင်း Sunset အလှကို တဝကြီး ကြည့်ရှုခံစားရင်း လွင်မြောလို့ရတယ်။ အစားအ သောက်တွေလည်း မဆိုးဘူး သူဈေးနဲ့သူ တန်တယ်လို့ ပြောလို့ရတယ်။ အောက်ထပ်မှာ Hotel ဆိုတော့ Staycation လုပ်ရင်း Rooftop Bar လေးမှာ Chill မလား ဒါမှမဟုတ် Bar မှာ လာ Chill ရင်း Hotel မှာပဲ Room ယူပြီး နားမလား ကွီးတို့ စိတ်ကြိုက်ပါပဲ။ ဆိုင်လိပ်စာကတော့ ၁၀၉ လမ်း ၊ ၄၇ နဲ့ ၄၈ လမ်းကြား ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

(၂) Nova Rooftop Bar

မန်းမြို့ Rooftop Bar

Photo : Nova Rooftop Bar

အမိုက်စား Rooftop Experience ကို ခံစားချင်တယ်ဆိုရင်တော့ Hotel Nova ၁၁ လွှာက Nova Rooftop Bar လေးရှိပါတယ်။ ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့ နေရာထိုင်ခင်းနဲ့ မန်းမြို့ ရဲ့ မျက်စိတဆုံး လှချင်တိုင်းလှနေတဲ့ ညရှုခင်းကို ခံစားရင်း တစ်နေ့တာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေစုံတယ် ၊ ကော့လ်တေး Drinks တွေ တော်တော်မိုက်တယ် ၊ View တွေလည်း အရမ်းလှပဲမို့ Rooftop Bar အရသာစစ်စစ်ကို ခံစားချင်ရင် Nova ကို တစ်ခေါက်လောက်ရောက်အောင်သွားကြည့်ဖို့ ညွှန်းချင်ပါတယ်။ ဆိုင်လိပ်စာကတော့ ၃၂ လမ်း ၊ ၈၅ နဲ့ ၈၆ လမ်းကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ဖြစ်ပါတယ်။

(၃) Penthouse Rooftop Pool & Bar

မန်းမြို့ Rooftop Bar
Photo : Penthouse Rooftop Pool & Bar

ဒီဆိုင်လေးကတော့ ရွှေမန်းသူ ရွှေမန်းသားတွေကြားမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ အလန်းတကာ့ အလန်းဆုံး Bar လေးပါ။ မန်းမြို့ ရောက်ရင် သေချာပေါက်သွားသင့်တဲ့ Bar List ထဲမှာ ထိပ်ဆုံးကပါပါတယ်။ ခမ်းနားတဲ့အပြင်အဆင် ၊ ကျယ်ဝန်းတဲ့နေရာထိုင်ခင်းနဲ့ လူငယ်ဆန်ဆန် အထာကျကျ Chill လို့ရမယ့် Bar လေးတစ်ခုပါပဲ။ Pool နဲ့တွဲထားတဲ့ အပြင်ကိုမှ Club Vibe လေးပါ ခံစားလို့ရတာဆိုတော့ မန္တလေးမြို့ရဲ့ Nightlife ကိုဖြတ်သန်းဖို့အတွက် အကောင်းဆုံး နေရာတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ဆိုင်လိပ်စာကတော့ ၆၂ လမ်းနဲ့ ၃၇ လမ်းထောင့် ၊ Loi Lann Tower ၅ လွှာ ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

Featured Photo : Nova Rooftop Bar