ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်အတွက် မွေးနေ့ပါတီ စီစဉ်ပေးရတာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ရွှင်စရာလည်းကောင်းတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ပါတီတစ်ခုလုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ စနစ်တကျ စီစဉ်တတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု စတာတွေမရှိရင် အဆင်ပြေတဲ့ မွေးနေ့ပါတီတစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ အရာရာကို စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်တတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကွီးတို့ ချစ်သူလေးအတွက် မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့ နည်းဗျူဟာတွေ ဝေမျှပေးပါမယ်။

(၁) အချိန်နဲ့ ရက်သတ်မှတ်ပါ

မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့

Photo : Involve.me

ကွီးတို့ ချစ်သူလေးအတွက် မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့ ဆိုရင်အရင်ဆုံး အချိန်နဲ့ရက်သတ်မှတ်ရပါမယ်။ ကွီးတို့ချစ်သူလေးရဲ့ တကယ့်မွေးနေ့ကိုပါတီပွဲ ကျင်းပပေးတာ အကောင်းဆုံးပေမဲ့ ဖိတ်ကြားမဲ့လူများရဲ့ အချိန်စာရင်းပေါ်မူတည်ပြီး စနေ၊တနင်္ဂနွေကို ရွေးချယ်သင့်ပါတယ်။ ထို့နောက် မွေးနေ့ပါတီကျင်းပမဲ့အချိန်ကို သတ်မှတ်ပါ။

(၂) ဖိတ်ကြားမဲ့ လူများကိုစာရင်းပြုစုပါ

မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့

Photo : Greekflare

မွေးနေ့ပါတီသာမက ဘယ်လိုပါတီပဲလုပ်လုပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကွီးတို့အနေနဲ့ ဧည့်သည်ဘယ်လောက် ဖိတ်ကြားမလဲဆိုတာပါပဲ။ ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ကို ကြိုတင်စာရင်းလုပ်ထားဖြင့် ကွီးတို့သုံးမဲ့ ငွေကြေးပမာဏကို တွက်ချက်ရာတွင်လည်းကောင်း၊ ပါတီပွဲလုပ်မဲ့နေရာကို ဆုံးဖြတ်ရာတွင်လည်းကောင်း အထောက်အကူ ဖြစ်စေပါတယ်။ ဖိတ်ကြားမဲ့ လူစာရင်းပြုလုပ်ထားခြင်းက အရေးကြီးသော ပုဂ္ဂိုလ်များကို ဖိတ်ကြားဖို့ ကျန်နေခဲ့ခြင်းမှလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဖိတ်ကြားမဲ့ ဧည့်သည်စာရင်းကိုပြုစုပြီးပြီဆိုရင် ဖိတ်စာများကို ပေးပို့ပါ။

(၃) မွေးနေ့ပွဲကျင်းပမဲ့နေရာကို ရွေးချယ်ပါ

Birthday Party

Photo : Tacking Point Tavern

ကွီးတို့ ချစ်သူလေးအတွက် တစ်သက်တာ မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့ ဆိုရင် ပါတီလုပ်တဲ့နေရာကလည်း အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ ကွီးတို့ဖိတ်ကြားမဲ့ ဧည့်သည်အရေအတွက်ကို မူတည်ပြီး မွေးနေ့ပါတီကို ဟိုတယ်ဖြစ်စေ၊ ကိုယ့်အိမ်ခြံဝန်းထဲမှာပဲ ဖြစ်စေ စသည်ဖြင့် သေချာရွေးချယ်ပါ။ ဒါမှမဟုတ် မွေးနေ့ပါတီ ကျင်းပနိုင်ဖို့ ငှားရမ်းမဲ့နေရာတွေကပဲ ရွေးချယ်မလားဆိုတာ ဆုံးဖြတ်ပါ။ အခုဆိုရင် ထိုင်လို့ကောင်းပြီး လှပတဲ့ ကော်ဖီဆိုင်လေးတွေမှာလည်း မွေးနေ့ပါတီလုပ်ပေးလို့ ရပါတယ်။

(၄) ပါတီ Theme ကိုဆုံးဖြတ်ပါ

Birthday Party

Photo : Alibaba

မွေးနေ့ပါတီကို ဘယ်လိုပုံစံမျိုးနဲ့လုပ်မှာလဲဆိုတာ ဆုံးဖြတ်ပါ။ ကွီးတို့ ချစ်သူလေးရဲ့မွေးနေ့ပါတီ ဖြစ်တဲ့အတွက် သူမအကြိုက်တွေ့ဖို့က အဓိကပါ။ မွေးနေ့ပါတီကို အခြားပါတီတွေလိုမျိုး မြူးမြူးကြွကြွ လုပ်မှာလား။ Pool Party ကဲ့သို့ ရေကူးကန်ဘေးမှာ မွေးနေ့ပါတီကို ဖန်တီးပေးမှာလား။ ဒါမှမဟုတ် လှပတဲ့ညနေခင်းလေးမှာ ငြိမ့်ညောင်းတဲ့ တေးသံသာလေးတွေနဲ့ပဲ ကွီးတို့ချစ်သူလေးကို မွေးနေ့ဆုတောင်းသံလေးတွေနဲ့ပဲ ပြည့်နေစေမှာလား ဆိုတာဆုံးဖြတ်ပါ။ ပါတီ Theme ကို သေချာစွာဆုံးဖြတ်ရွေးချယ်ပြီးမှ ပါတီကျင်းပမဲ့နေရာကို အလှပြင်ဆင်ခြင်းများပြုလုပ်ပါ။

(၅) မွေးနေ့ပါတီမှာ ဧည့်ခံမဲ့အစားအသောက်များကို ရွေးချယ်ပါ

Birthday Party

Photo : Catch My Party

မွေးနေ့ပါတီ ဆိုတဲ့အတိုင်းမွေးနေ့ကိတ်ကတော့ အခရာပါပဲ။ မွေးနေ့ကိတ်ကို စောစီးစွာမှာယူထားပြီး မွေးနေ့ပွဲ အချိန်မှီရောက်နေစေရန် သေချာပါစေ။ အထူးသတိပြုရန်မှာ မွေးနေ့ကိတ်သာပါပြီး အစားအသောက်မပြည့်စုံတဲ့ပါတီဟာ ဘယ်တော့မှ မကောင်းပါဘူး။ မွေးနေ့မှာကျွေးမွေးဧည့်ခံဖို့ အစားအသောက်များကို ဧည့်သည်များနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပါ။ ဘယ်လိုအစားအသောက်မျိုးက မွေးနေ့ပါတီနဲ့ အလိုက်ဖက်ဆုံးလဲဆိုတာရှာဖွေပါ။ ပါတီရဲ့ ကြာချိန်ကလည်း အစားအသောက်အပေါ် သက်ရောက်မှုရှိပါတယ်။ အဖျော်ယမကာများလည်း ထည့်သွင်းဖို့ မကျန်ခဲ့ပါစေနဲ့။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ချစ်သူလေးအတွက် တစ်သက်တာ မမေ့နိုင်စရာ မွေးနေ့ပါတီလေး ကျင်းပပေးနိုင်ဖို့ သိထားရမဲ့အချက်များ ပဲဖြစ်ပါတယ်။ မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့နေ့တစ်နေ့ပါ။ ထို့အပြင် တစ်နှစ်မှာတစ်ခါသာ ဖြတ်သန်းရတာဖြစ်တဲ့အတွက် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံစေဖို့ ကွီးတို့ချစ်သူလေးအတွက် အကောင်းဆုံးကျင်းပပေးလိုက်ပါ။

Source : Fun Empire

Featured Photo : Oureverydaylife