ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဘားထိုင်ရတဲ့ ဖီလင်လေးက ဘာနဲ့မှ လဲလို့မရဘူးဆိုတာ ရင်ခုန်သံချင်းနီးစပ်တဲ့ စိတ်တူကိုယ်တူ ကွီးတို့ပဲ နားလည်ကြမှာပါ။ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က စိတ်ဖိစီးစရာများကို ဘီယာလေးသောက်လိုက် ဘော်ဒါတွေကို ရင်ဖွင့်လိုက်နဲ့ ဖယ်ရှားနိုင်ပါတယ်။ ဘော်ဒါတွေနဲ့အတူတူ အေးအေးဆေးဆေးလည်း ဘားထိုင်ချင်တယ် ဈေးသက်သက်သာသာနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ မရမ်းကုန်း မြို့နယ်ရှိ ဘား နှင့် စားသောက်ဆိုင်များကိုသာ သတိရလိုက်ပါ။

9&9 Bistro Café and Lounge

မရမ်းကုန်း ဘား

Photo: Facebook

ဒီဆိုင်ကတော့ အမှတ် ၄၁-၄၄၊ ကျိုက်ဝိုင်ဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်မှာ တည်ရှိတဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။ ပူပူနွေးနွေးလေးနဲ့ ဖွင့်တာ သိပ်မကြာသေးတဲ့ ဘားနှင့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်လေးက နှစ်ထပ်ရှိပြီး ကျယ်ကျယ်ဝန်းဝန်းလေးနဲ့ ထိုင်လို့ကောင်းပါတယ်။ အောက်ထပ်မှာတော့ အေးအေးဆေးဆေး ငြိမ့်ချင်သူတွေအတွက် Unplugged လေး စီစဥ်ထားပြီး အပေါ်ထပ်မှာတော့ မြူးကြွတဲ့သီချင်းသံများနှင့်အတူ ကခုန်ချင်သူများအတွက် DJ စီစဥ်ပေးထားပါတယ်။

မရမ်းကုန်း ဘား

Photo: Facebook

အသောက်တစ်လိုင်း ကွီးတို့အတွက် ကော့တေး မျိုးစုံ၊ ဝိုင်မျိုးစုံ၊ ဘီယာ၊ ဝီစကီ စသည်ဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်အောင် စီစဥ်ပေးထားပါတယ်။ ကော့တေးထဲကဆိုရင် ဘာသောက်သောက် Buy 2 Get 1 Free ။ ဘီယာထဲကဆိုရင် Hoegaarden နဲ့ Carlsberg တို့ကို Buy 1 Get 1 လက်ဆောင်ပေးနေပါတယ်။ ဒီပရိုမိုးရှင်းအစီအစဥ်ကတော့ စက်တင်ဘာလကုန်အထိပဲဆိုတော့ နောက်မကျခင် မြန်မြန်သွားထားဖို့တော့ လိုပါလိမ့်မယ်။

Malibu Bar

Malibu Bar

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၉)၊ အင်းယားရိပ်သာလမ်း၊ မရမ်းကုန် မြို့နယ်မှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင် တစ်ခုပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာလည်း ပရိုမိုးရှင်းတွေ ချပေးနေတာမို့လို့ ဈေးလည်း သက်သက်သာသာနဲ့ ဘားထိုင်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

သူ့ရဲ့ပရိုမိုးရှင်းကေတာ့ ဘယ်အမြည်းပဲ မှာစားစား ၁၀ ရာခိုင်နှုန်း လျော့ဈေးရရှိမှာဖြစ်ပြီး နေ့လည်း ၁၂ နာရီမှ ၆ နာရီအတွင်း ဘားထိုင်သူများအနေနဲ့ ဘီယာနဲ့ ကော့တေး ဘူဖေးကို 3 hours Unlimited အဖြစ် ရရှိမှာဖြစ်ပါတယ်။

Exotic BBQ & Restaurant

Exotic BBQ & Restaurant

Photo: Facebook

ဒီဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၇၇) ၊ အင်းစိန်လမ်းမပေါ်၊ ခဝဲခြံ (၁) လမ်း အနီး၊ မရမ်းကုန်း မြို့နယ်မှာ တည်ရှိတဲ့ ဘား နှင့် စားသောက် ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အရောင်းရဆုံး အမြည်းကတော့ Exotic ဝက်ဂုတ်သားကင်ပဲဖြစ်ပါတယ်။ ဘီယာနဲ့ အင်မတန်လိုက်ဖက်တဲ့ အမြည်းဖြစ်တာကြောင့် လူကြိုက်များပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Exotic BBQ & Restaurant

Photo: Facebook

VIP အခန်းတွေလည်း ထားရှိပေးထားတဲ့အတွက်ကြောင့် မိုက်ခဲချင်တဲ့ အဆိုဝါသနာရှင်များအနေနဲ့လည်း အပီဟဲနိုင်ပါတယ်။ တစ်နာရီကို ၂၀၀၀၀ ပဲ ကျသင့်မှာဆိုတော့ မွေးနေ့ပွဲ ကျင်းပချင်သူတွေ၊ သီးသန့်ဆန်ဆန် ပါတီပွဲကျင်းပချင်သူများအတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုပါပဲ။

Featured Image: Malibu Bar