Rooftop Bar တွေရဲ့ တကယ့်အနှစ်သာရက မြို့ပြရဲ့ အလှတရားကို အပေါ်စီးကနေ တဝကြီး ကြည့်ရှု့ခံစားရင် လွင့်မြောလို့ ရတာပါပဲ။ မြို့ပြရဲ့ မျက်စိတဆုံး လှပတဲ့ မြင်ကွင်းတွေနဲ့ လွတ်လပ်မှုတို့ ပေါင်းစုံရာ နယ်နိမိတ်တစ်ခုလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့ ရဲ့ မြို့ပြ မြင်ကွင်းအလှကို ခံစားရင်း အေးဆေး Relax လုပ်လို့ ရမယ့် Rooftop Bar အမိုက်စားလေးတွေ ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) Dynasty Rooftop Bar & Grill

Photo : Dynasty Rooftop Bar & Grill

ဒီဆိုင်လေးကတော့ လှိုင်မြို့နယ်ထဲက ကွီးတို့အတွက် အမိုက်စား Chill လို့ရမယ့် Rooftop Bar လေး။ ညနေခင်း နေဝင်ဆည်းဆာအလှနဲ့ လှိုင်မြို့နယ်တဝိုက်က Top View အလှကို တဝကြီး ခံစားရင်း Relax လုပ်လို့ရတယ်။ ဆိုင်အပြင်အဆင်ကတော့ လူငယ်ဆန်တယ် ၊ မီးရောင်မှိန်မှိန်လေးအောက်မှာ မွန်းကြပ်မှုတွေအားလုံး ဖွင့်ထုတ်ရင်း အနားယူလို့ ရတယ်။ ဒီဆိုင်လေးက Rooftop ဆိုပေမယ့် အမိုးအကာအောက်မှာပဲဆိုတော့ အခုလို မိုးရာသီကာလမှာ ထိုင်လို့ပိုအဆင်ပြေတယ်။ အစားအသောက်တွေစုံတယ်။ ဘီယာ ၊ ကော့လ်တေး အစုံရတယ်။ အပတ်စဉ် DJ နဲ့ Unplugged Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိတယ်။ အခုဆို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်စတော့မှာဆိုတော့ စားရင်းသောက်ရင်း ဘောလုံးပွဲ ကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း ဘောလုံးပွဲအစီအစဉ်တွေ ကြည့်လို့ရအောင် စီစဉ်ထားပေးတယ်။ ဆိုင်လိပ်စာကတော့ Gemsy Hotel Penthouse ၊ ရွာမကျောင်းလမ်း ၊လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Freesia Rooftop Lounge

Photo : Freesia Rooftop Lounge

ဒီဆိုင်လေးက ရန်ကုန်မြို့ရဲ့ အလှတရားကို အပေါ်စီးကနေ တဝကြီးကြည့်ရှု့ခံစားရင် Chill လုပ်လို့ရမယ့် ဆိုင်လေး။ ညနေခင်းအချိန်တွေမှာ အရမ်းလှတဲ့ မြို့ပြရဲ့ နေဝင်ဆည်းဆာ View ကို အပေါ်စီးကနေ ခံစားရင်း လွင့်မြောလို့ ရတယ်။ Rooftop Bar ဆိုတဲ့အတိုင်း လွတ်လွတ်လပ်လပ်ရှိတယ် ၊ အေးဆေးအေးအေး Chill လို့ အဆင်ပြေတယ်။ ချစ်သူလေး Unplugged သီချင်းတွေနားထောင်ရင်း ရိုမန်တစ်ဆန်ဆန် ကော့လ်တေးဒိတ်မလား ၊ ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်းပဲ တော်ကီဖုတ်မလား ဒီဆိုင်လေးက တော်တော်အဆင်ပြေတယ်။ ဒီဆိုင်ရဲ့ Signature ကော့လ်တေး ၊ Classic ကော့လ်တေးတွေ အရမ်းမိုက်တယ်။ Shots တွေလည်း စုံတယ်။ ဝိုင်နဲ့ Healthy Juice တွေလည်း ရတယ်။  Food ပိုင်းမှာဆိုရင် ဒီဆိုင်ရဲ့ အကင်တွေက တော်တော် နာမည်ကြီးတယ်။ ဘီယာနဲ့ ပေါ့ပေါ့ပါးပါး မြည်းလို့ရမယ့် Snack နဲ့ Appetizer တွေလည်း အစုံရတယ်။ Crispy Boneless Chicken ကတော့ ဒီဆိုင်ရောက်ရင် မဖြစ်မနေ မြည်းကြည့်သင့်တဲ့ Menu တစ်ခုပါ။ တခြားအရသာရှိတဲ့ Salad ၊ Soup နဲ့ Asian စတိုင် ဟင်းပွဲတွေ အများကြီးရတယ်။ အပတ်စဉ် Unplugged Music လည်းရှိတော့ သီချင်းလေးတွေနဲ့ Rooftop မှာ ငြိမ့်ငြိမ့်လေး လွင့်မြောချင်သူတွေအတွက် လုံးဝကွက်တိပဲ။ ဆိုင်လိပ်စာက အမှတ် ၁၆၄ (Hotel Vivid Yangon)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Rooftop99 Bar & Lounge

Photo : Rooftop99 Bar & Lounge

ဒီဆိုင်လေးက မရမ်းကုန်းမြို့နယ် ၊ ဦးရေခဲလမ်း ၊ Hotel Broadway Yangon ရဲ့ အပေါ်ဆုံးထပ်က အမိုက်စား Rooftop Bar လေးပါ။ မြို့ပြရဲ့ ညနေခင်း မြင်ကွင်းအလှကို လွတ်လွတ်လပ်လပ် တမေ့တမော့ ကြည့်ရှုခံစားချင်တဲ့ ကွီးတို့အတွက် ဒီဆိုင်လေးက ကွက်တိကျစေမှာပါ။ ဒီဆိုင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ထိုင်လို့ ကောင်းတယ်။ ဘော်ဒါတွေနဲ့ပဲ အဖွဲ့လိုက် Chill မလား ၊ မိသားစုနဲ့ပဲ Dinner စားမလား အဆင်ပြေတယ်။ အစားအသောက်တွေလည်း တော်တော်စုံတယ်။ ဘီယာ ၊ ဝီစကီနဲ့ လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါးအမြည်းတွေ အစုံရတယ်။ တရုတ်စတိုင် ဟင်းပွဲတွေလည်း အရသာတော်တော် ကောင်းတယ်။ ဆတ်သားထောင်းသုပ် ၊ ဆိတ်သားခြောက်ဆီစမ်း ၊ ငါးအသားချောင်းကြော် ၊ ဝက်နံရိုးကြော် နဲ့ တခြား အရသာရှိတဲ့ စားစရာတွေ အစုံရတယ်။ ဒီဆိုင်မှာ ကော့လ်တေးအမိုက်လေးတွေလည်း ရတယ်။ Hotel ရဲ့ Rooftop Bar ဆိုပေမယ့် ဈေးအရမ်း မကြီးဘူး။ အရသာလည်းကောင်း ဈေးလေးတွေလည်း တန်တယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၉၉) ၊ ဦးရေခဲလမ်း၊ မရမ်းကုန်း၂ ရပ်ကွက် ၊ ကုလားကျောင်းမှတ်တိုင်နဲ့ ခဝဲခြံမှတ်တိုင်ကြား ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Freesia Rooftop Lounge