ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်ရတာကို နှစ်သက်ခုံမင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ မြောက်ဒဂုံ မြို့နယ်အတွင်းရှိ အေးအေးဆေးဆေး Chill လို့ကောင်းတဲ့ ဘားများအကြောင်းကို ဝေမျှပေးချင်ပါတယ်။ တစ်နေ့တာလုံး ပင်ပန်းထားသမျှတွေ စိတ်ညစ်စရာတွေကို ဝီစကီ၊ ဘီယာနှင့် ကော့တေးများ သောက်သုံးရင်း ပင်ပန်းနွမ်းနယ်မှုများ ၊ စိတ်ညစ်စရာများကို ဖြေဖျောက်နိုင်ပါတယ်။

Bar33

Bar33

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၂၆၂) ၊ အနော်ရထာလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်မှာ တည်ရှိပြီး အေးအေးဆေးဆေးထိုင်ကာ Chill လို့ကောင်းတဲ့ ဘားတစ်ခုပဲ ဖြစ်ပါတယ်။​ လတ်တလောမှာလည်း အတန်ဆုံးဈေးနဲ့ ဘီယာ၊ ကော့တေး ပရိုမိုးရှင်း အစီအစဥ်လေး ပြုလုပ်ပေးထားပါသေးတယ်။

ထိုပရိုမိုးရှင်း အစီအစဥ်လေးများကတော့ Carlsberg Beer Buy 3 – Get 1 နှင့် Tuborg Beer Buy 3 – Get 1 ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းတူ ကော့တေး ၃ ခွက် ယူပါက ၁ ခွက် လက်ဆောင်နှင့် ဈေးနှုန်းမတူညီတဲ့ ကော့တေး ၃ ခွက် ယူပါက ဈေးနှုန်းအနည်းဆုံးဖြစ်တဲ့ ကော့တေး ၁ ခွက်ကို ဖရီး လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး ပရိုမိုးရှင်း ချထားတာဖြစ်တဲ့ အတွက်ကြောင့် မြန်မြန်သွားထားမှ အချိန်မှီမှာနော် ကွီးတို့ရေ…။

Bar Theory

မြောက်ဒဂုံ Chill

Photo: Facebook

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကတော့ အမှတ် (၁၄၂) ၊ ပင်လုံလမ်း၊ မြောက်ဒဂုံ မြို့နယ်မှာ တည်ရှိပြီး ကွီးတို့အားလုံး အေးအေး ဆေးဆေး Chill နိုင်မယ့် အစီအစဥ်တစ်ခုလည်း ဖန်တီးပေးထားပါသေးတယ်။

ထိုအစီအစဥ်လေးသည်လည်း ဒီဇင်ဘာတစ်လလုံး ပြုလုပ်ပေးသွားမယ့် အစီအစဥ်လေး ဖြစ်ပါတယ်။

ဒီဇင်ဘာလ တစ်လုံး မွန်းလွဲ ၂ နာရီကနေ ညနေ ၆ နာရီအတွင်း လာရောက်သူများကို Happy Hour အနေနဲ့ မိမိကြိုက်နှစ်သက်ရာ မည်သည့်ဘီယာ တစ်မျိုးမျိုးကို မဆို Buy 2 Get 1 ပရိုမိုးရှင်းလေး စီစဥ် ပေးထားပါတယ်။ ဖျော်ဖြေတင်ဆက်မှု အစီအစဥ်အနေနဲ့ DJ နဲ့ပဲ ကခုန်မြူးတူး ပျော်ပါးမလား။ ဒါမှမဟုတ် Unplugged ဂီတာနဲ့ပဲ လိုက်ပါစီးမျောမလား။ ကွီးတို့စိတ်ကြိုက် စီစဥ်ပေးထားပါသေးတယ်။

Honey Bar & Restaurant

မြောက်ဒဂုံ Chill

Photo: Facebook

နောက်ဆုံး တစ်ဆိုင်ကတော့ အမှတ် (၂၈၀) ၊ ဘုရင့်နောင်လမ်း၊ (၄၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မျာ တည်ရှိတဲ့ Honey Bar & Restaurant ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးက နှစ်လိုဖွယ်ကောင်းပြီး ဆိုင်သို့ လာရောက်သူများအတွက် သက်သောင့်သက်သာနှင့် အေးဆေးထိုင်နိုင်အောင် ပြင်ဆင်ပေးထားတာကိုလည်း အထင်းသား တွေ့မြင်နိုင်ပါတယ်။

ဒီဇင်ဘာလ ပရိုမိုးရှင်း Package များလည်း သူ့ရက်အလိုက် စီစဥ် ပေးထားပြီး ဈေးနည်းနည်းနှင့် အတန်တကာ့ အတန်ဆုံး အစီအစဥ်တွေပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အမိုက်စား ဘီယာပဲ သောက်ချင်သလား (သို့) အရသာ ထူးကဲကောင်းမွန်တဲ့ အမြည်းများ စားသုံးချင်သလား။ မိမိစိတ်ကြိုက် မှာယူ စားသုံးနိုင်ပါတယ်။ Unplugged တေးဂီတ ဖျော်ဖြေတင်ဆက်မှုလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့အားလုံး စိတ်တိုင်းကျမှာကတော့ ဧကန်အမှန်ပါပဲ။