မြောက်ဒဂုံ မြို့နယ် ကတော့ အစားအသောက်နဲ့ ထိုင်စရာဆိုင်တွေ ပေါလို့ Foodie တွေကြားမှာ နာမည်ကြီးပါတယ်။ အရသာရှိတဲ့ Street Food တွေ ၊ စားသောက်ဆိုင်တွေ ၊ Bar နဲ့ Restaurants တွေ မြောက်ဒဂုံထဲမှာ လက်ညိုးထိုးမလွဲ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ မြောက်ဒဂုံ ထဲမှာ ဘယ်ဆိုင်ထိုင်ရမလဲ ရွေးရခက်နေတဲ့ ကွီးတို့အတွက် အစားအသောက်ကောင်းတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ မိုက်တဲ့အပြင် အေးအေးဆေဆေး Chill လို့ရမယ့် ဆိုင်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) JEST – Beer Pub & Restaurant

Photo : JEST – Beer Pub & Restaurant

ပထမဆုံးအနေနဲ့ မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီးပေါ်က အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ JEST – Beer Pub & Restaurant လို့ခေါ်ပါတယ်။ အပေါ်ထပ် ၊ အောက်ထပ် ဆိုင်နေရာ အခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး Chill လို့ရတယ်။ လေတဖြူးဖြူးနဲ့ အထပ်မြင့်အရသာကို ခံစားချင်သူတွေအတွက်ကလည်း ဓနိမိုးလေးတွေနဲ့ အပေါ်ဆုံးထပ်လေးက လုံးဝ အကြိုက်တွေ့စေမှာပါ။ ဒီဆိုင်မှာ အစားအသောက်တွေ တော်တော်လေး စုံလင်တာတွေ့ရပြီး သောက်စရာ Drinks တွေ အမျိုးစုံ ရတယ်။ Unplugged Music Band တွေရဲ့ ဖျော်ဖြေမှုတွေကလည်း လုံးဝအလန်းစားပါပဲ။ ဆိုင်လိပ်စာ ကတော့ အမှတ်(ပ/၉၉) ၊ ပြည်ထောင်စုလမ်းမကြီး ၊ (၇/၈ လမ်းဆုံ မီးပွိုင့်မရောက်ခင် လမ်းညွှန်ဆိုင်းဘုတ်နား) ၊ ၃၈ ရပ်ကွက် ၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) 2-Tiger BBQ, Bar & Restaurant

Photo : 2-Tiger BBQ, Bar & Restaurant

ဒီဆိုင်လေးကတော့ ဦဝိစာရလမ်းပေါ်က အမိုက်စား Chill လို့ရမယ့် ဆိုင်လေးပါ။ အပေါ်မှာက Unplugged Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေ နားဆင်လို့ရမယ့် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လေကောင်းလေသန့်ရတဲ့ Open Area ပုံစံလေး ပြင်ဆင်ထားပါတယ်။ အောက်ထပ်မှာတော့ အေးအေးဆေးဆေး သက်တောင့်သက်သာ နဲ့ ဇိမ်ကျကျ Aircon ခန်းထဲမှာ Chill လို့ရမယ် ပုံစံလေးဆိုပြီး မတူညီတဲ့ Vibe လေးတွေကို ပြင်ဆင်ထားပါတယ်။ အစားအသောက် ပိုင်းမှာဆိုရင် ခေါက်ဆွဲကြော် ၊ ထမင်းကြော်နဲ့ တခြား တရုတ်စာ အကြော်အလှော်ဟင်းပွဲ တွေ ၊ ထိုင်းအရသာ ချဉ်ငံစပ် ဟင်းပွဲတွေ ၊ အရသာရှိတဲ့ အကင်မျိုးစုံ နဲ့ ရွေးချယ်စရာ Menu တွေ တော်တော်လေး များတယ်။ အသောက်တလိုင်း ကွီးတို့အတွက်လည်း အပြင်းပဲချမလား ၊ အပျော့ပဲကစ်မလား ဝီစကီ ၊ ဘီယာ ၊ ကော့လ်တေး Drinks တွေ အစုံရတယ်။ မိသားစုနဲ့ လာပြီး အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းမလား ၊ ဘော်ဒါတွေ ဆုံပြီးပဲ အေးအေး သောက်ကြစားကြမလား ဒီဆိုင်လေးက လုံးဝအဆင်ပြေပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၃၀၈ ၊ ဦးဝိစာရလမ်း ၊ ၄၁ ရပ်ကွက် ၊ မြောက်ဒဂုံ မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) SKY Country BAR & BBQ Restaurant

Photo : SKY Country BAR & BBQ Restaurant

ဂီတကို ချစ်မြတ်နိုးသူတွေအတွက် တကယ့်ကို ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ၁၉ ရာစုကို ပြန်ရောက်သွားသလို ခံစားရစေမယ့် အမိုက်စား ဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ တစ်ဆိုင်လုံး Country အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ခေတ်ဟောင်းစတိုင် နံရံဆေးရေးပန်းချီတွေနဲ့ အပြင်အဆင်တွေ တော်တော်လေး လန်းတဲ့ SKY Country BAR & BBQ Restaurant ဆိုတဲ့ ဆိုင်လေး ဖြစ်ပပါတယ်။ Indoor မှာ ထိုင်ရပေမယ့် မျက်နှာကျက်ပေါ်က အသက်ဝင်လွန်းတဲ့ ပန်းချီလက်ရာတွေကြောင့် ကောင်းကင်ပြာပြာကြီးအောက်မှာထိုင်ရင်း လွင့်မြောနေရတဲ့ Vibe လေး ရစေပါတယ်။ အစားအသောက်တွေ စုံလင်ပြီး အကောင်းဆုံး အသံစနစ်တွေနဲ့ ဂီတသံစဉ်တွေ ခံစားနားဆင်ရင်း Chill ချင်ရင်တော့ ဒီဆိုင်လေးကို အရောက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆိုင်လိပ်စာက အမှတ် ၁၂၆/၁၂၇ ၊ ပြည်ထောင်စုလမ်း ၊ ၄၅ ရပ်ကွက် ( ၇၈ လမ်းဆုံ အနီး) ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : SKY Country BAR & BBQ Restaurant