မွေးနေ့ဆိုတာ လူတစ်ယောက်အတွက် အရေးပါတဲ့ နေ့တစ်နေ့လို့ ပြောကြပါတယ်။ မွေးနေ့ မှာ ကိုယ့်ကို မွေးဖွားပေးတဲ့ မိဘတွေ ၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြပြီး မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ဆောင်တွေ ပေးတတ်ကြတယ် မဟုတ်ပါလား။ ဒီလို နေ့ထူးနေ့မြတ်‌လေးကို ဖြတ်သန်းဖို့ မွေးနေ့ပါတီပွဲလေး ကျင်းပတာကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက်ဖြစ်စေ ၊ ကွီးတို့ ချစ်ရသူတွေ အတွက်ဖြစ်စေ  မွေးနေ့ပါတီ ကို အမှတ်တရ ဖြစ်အောင် ဘယ်လိုမျိုး အိုင်ဒီယာ ကောင်းလေးတွေနဲ့ ဖန်တီးနိုင်မလဲဆိုတာ ပြေပြပေးချင်ပါတယ်။

ရေကူးကန် မွေးနေ့ပါတီ

မွေးနေ့ပါတီ အိုင်ဒီယာ

Photo : Walmart.com

သာမာန် ကွီးတို့အိမ်မှာ ဖြစ်စေ ၊ ဟိုတယ်မှာ ဖြစ်စေ မကျင်းပပဲ Outdoor မွေးနေ့ပါတီလေး လုပ်ချင်တယ်ဆိုရင်‌တော့ ရေကူးကန် မွေးနေ့ပါတီ လုပ်ခြင်းက တကယ်ကို အိုင်ဒီယာ ကောင်းပါပဲ။ ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်‌ပျော်ပါးပါး စားသောက်ကြမယ် ၊ ကခုန်ကြမယ် ၊ ရေကူးကြမယ် စတဲ့ လှုပ်ရှားမှုလေးတွေ ပြုလုပ်ပြီး အမှတ်တရ အချိန်ကောင်းလေးတွေ ဖြတ်သန်းလို့ ရပါတယ်။ ကွီးတို့ ရေကူးကန် ဘေးမှာ လုပ်မဲ့ မွေးနေ့ပါတီကို နေ့ဘက်ဖြစ်ဖြစ် ၊ ညဘက်ဖြစ်ဖြစ်လုပ်လို့ ရပါတယ်။ အဖျော်ယမကာတွေ ၊ စားစရာတွေ ပြင်ဆင်ထားပြီ မွေးနေ့ကိတ်ကိုပါ ထည့်သွင်းထားပါ။ ရေကူးကန်မှာ မွေးနေ့နဲ့ လိုက်ဖက်တဲ့ Theme ပြင်ဆင်ထားပြီး ရောင်စုံဘောကွင်းလေးတွေ ထည့်သွင်းဖို့လည်း မမေ့ပါနဲ့။

BBQ မွေးနေ့ပါတီ

မွေးနေ့ပါတီ အိုင်ဒီယာ

Photo : Focus Swiss Online

မွေးနေ့ပါတီ ကို အမြဲတမ်း အမှတ်ရနေစေဖို့ ဖန်တီးနိုင်မဲ့ အိုင်ဒီယာ ကောင်းများထဲက တစ်ခုကတော့ မွေးနေ့ပွဲကို လာရောက်အားပေးတဲ့ ဧည့်သည်များနဲ့ အတူ အရသာရှိတဲ့ အကင်တွေကို အတူတကွ တပျော်တပါး ကင်ပြီး စားသောက်ကြခြင်းပါပဲ။ ဒီလို BBQ မွေးနေ့ပါတီလေး လုပ်ခြင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ ကွီးတို့အတွက် စိတ်ကျေနပ် ပျော်ရွှင်မှု အပြည့်အဝပေးနိုင်မှာ အသေအချာပါပဲ။ ဒီလို BBQ မွေးနေ့ပါတီကို လုပ်မယ်ဆိုရင် နေရာတကူးတက ရှာစရာမလိုဘဲ ကွီးတို့အိမ်နောက်ဖေး မြေကွက်လပ်မှာတင် နေရာထိုင်ခင်း သေချာ ပြင်ဆင်ပြီး လုပ်လို့ရပါတယ်။ စိတ်ကြိုက်အကင်တွေ ၊ စားစရာတွေ ၊ သောက်စရာတွေကို ပြင်ဆင်ပြီး စားသောက်ဖို့ အဆင်သင့် ဖြစ်တာနဲ့ မွေးနေ့ရှင်‌လေးကို Birthday Song လေး သံပြိုင်သီဆို ဂုဏ်ပြုလိုက်ပါ။

Surprise မွေးနေ့ပါတီ

birthday party

Photo : Flora Queen

ကွီးတို့က ချစ်ရသူလေးအတွက် တစ်သတ်လုံး အမှတ်ရနေစေမဲ့ မွေးနေ့ပါတီလေး ကျင်းပဖို့ဆိုရင် Surprise မွေးနေ့ပါတီထက် ကောင်းတဲ့ အိုင်ဒီယာမရှိတော့ပါဘူး။ ဒီမှာတော့ မွေးနေ့နေရာကို အရင်ဆုံး မွေးနေ့ရှင်မသိ‌‌‌‌‌အောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ စားစရာ သောက်စရာ များပါ ကြိုတင်ပြင်ဆင်ထားပါ။ ပြီးနောက်တွင် ဖိတ်ကြားမဲ့ ဧည့်သည်တော်များကိုလည်း Surprise ပါတီဖြစ်ကြောင်း ကြိုတင် အကြောင်း ကြားပါ။ မွေးနေ့ ကျင်းပမည့်နေ့တွင် အားလုံး အဆင်သင့် ဖြစ်မှ မွေးနေ့ရှင်အား အကြောင်းပြချက် တစ်ခုပေးကာ ခေါ်ဆောင်လာပြီး Surprise မွေးနေ့ပါတီလေးတဲ့ ဂုဏ်ပြုပေးလိုက်ပါ။ ဒီ အိုင်ဒီယာလေးက မွေးနေ့ရှင်အတွက်သာမက ၊ ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များပါ စိတ်လှုပ်ရှား ပျော်ရွှင်စေပြီး အမြဲတမ်း အမှတ်ရနေမှာ အသေအချာပါပဲ။

Featured Photo : Serafrescaic