ကွီးတို့ရဲ့ ပျော်ရွှင်စရာ မွေးနေ့ပါတီ အခမ်းအနားလေးကို Bar ဒါမှမဟုတ် Restaurant တွေမှာ ကျင်းပဖို့ စဉ်းစားနေပြီလား။ Bar နဲ့ Restaurant တွေမှာ မွေးနေ့ပွဲကျင်းပရတဲ့ အားသာချက်က နေရာထိုင်ခင်း ၊ အပြင်အဆင် နဲ့ အစားအသောက်ကအစ တစ်နေရာတည်းမှာ အားလုံးအပြီး စိတ်လက်ပေါ့ပါးစွာ စီစဉ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့ရဲ့ တစ်နှစ်မှတစ်ခါ ကျင်းပရတဲ့ မွေးနေ့ပါတီ ပွဲလေးမှာ ပျော်ရွှင်စရာ အမှတ်တရတွေ ထင်ကျန်ရစ်ခဲ့စေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဧည့်သည်ဘယ်နှစ်ယောက် ဖိတ်မှာလဲ

Photo : Trinity Bar Venue

ကွီးတို့ မွေးနေ့ပါတီကို ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းတွေ ဘယ်လောက်များများ ဖိတ်မလဲဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ လူနည်းနည်းနဲ့ ပါတီအသေးလေးပဲ လုပ်မှာလား ၊ ဒါမှမဟုတ် လူအများကြီးနဲ့ မွေးနေ့ပါတီ ပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမှာလားဆိုတာ ဆုံးဖြတ်ပါ။ မွေးနေ့ပါတီကို တက်ရောက်မယ့် ဧည့်သည်အရေအတွက်ပေါ် မူတည်ပြီး Bar မှာ နေရာထိုင်ခင်းကို စီစဉ်ရမှာ ဖြစ်ပါတယ်။ လူ ၁၀ ယောက်ထက်မပိုရင် သီးသန့် Room ငှားပြီး Private ဆန်ဆန် ကျင်းပနိုင်သလို လူများများနဲ့ ဆိုရင်တော့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Rooftop လို Bar တွေမှာ ကျင်းပတာ ပိုအဆင်ပြေပါတယ်။

(၂) Decoration အပြင်အဆင်ကို ဆိုင်အပ်မှာလား ဒါမှမဟုတ် ကိုယ်တိုင်ပြင်ဆင်မလား

Photo : SingSaver

မွေးနေ့ပါတီအတွက် Decoration အပြင်အဆင်လေးတွေကတော့ မပါမဖြစ်ပါပဲ။ ဒီနေရာမှာ စဉ်းစားရမှာ တစ်ခုက မွေးနေ့ပါတီရဲ့ Decoration အပြင်အဆင်ကို ဆိုင်ကိုပဲ အားလုံးအပြီးအစီး အပ်မလား ၊ ဒါမှမဟုတ် ကိုယ်တိုင်ပြင်ဆင်မလား စဉ်းစားရပါမယ်။ ဆိုင်ကို အပ်မယ်ဆိုရင်တော့ ကိုယ်ပြင်ဆင်ချင်တဲ့ ပုံစံကို ဆိုင်နဲ့ အသေးစိတ်ပြောပြပြီး ကုန်ကျစရိတ်ကို တွက်ချက်နိုင်ပါတယ်။ ဆိုင်အပ်တာက ကိုယ်တိုင်ပြင်ဆင်တာထက် ပိုပြီး ကုန်ကျစရိတ်များနိုင်ပေမယ့် အသေးစိတ်လိုက်ပြီး စီစဉ်ရတာမျိုး မရှိတဲ့အတွက် အချိန်ကုန် အလုပ်ရှုပ်သက်သာပါတယ်။ တချို့ဆိုင်တွေမှာက ကိုယ်သုံးမယ့် ပိုက်ဆံပမဏပေါ်မူတည်ပြီးလည်း Decoration ကို တွက်ချက် ပြင်ဆင်ပေးပါတယ်။

(၃) အစားအသောက်ကို Buffet ကျွေးမလား / ဝိုင်းပြတ်ပဲ စီစဉ်မလား

Photo : The Active Times

အစားအသောက်အတွက်ကတော့ မွေးနေ့ပါတီ ကိုတက်ရောက်မယ့် ဧည့်သည်တစ်ယောက်စီတိုင်းအတွက် Buffet ကျွေးမလား ဒါမှမဟုတ် တစ်ဝိုင်းအပြတ်ပဲ စီစဉ်မလားဆိုတာ ကြိုတင်တွက်ချက် စဉ်းစားထားရပါမယ်။ Buffet ကျွေးမယ်ဆိုရင်တော့ Bar နဲ့ ကြိုတင်ညှိနှိုင်းပြီး တစ်ယောက်ချင်းစီအတွက် ခန့်မှန်းခြေ ဘယ်လောက်ကုန်ကျမယ်ဆိုတာကို တွက်ချက်ခိုင်းပါ။ ဒီလိုမဟုတ်ပဲ ဝိုင်းပြတ်ပဲ တည်ခင်းဧည့်ခံမယ်ဆိုရင်တော့ ပါတီလာမယ့် လူအရေအတွက်ပေါ်မူတည်ပြီး ဟင်းပွဲ ဘယ်နှစ်ပွဲ ၊ သောက်စရာ ဘယ်နှစ်မျိုး ပြင်ဆင်ရမယ်ဆိုတာကို ခန့်မှန်းထားဖို့ လိုပါတယ်။ အဓိကအရေးကြီးဆုံးက အစားအသောက်တွေက အားလုံးနဲ့အဆင်ပြေပြီး လူမျိုးဘာသာမရွေး စားလို့ရတဲ့ Menu တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

(၄) သီချင်းတောင်းမှာလား / တူရိယာတစ်ခုခု ကိုယ်တိုင်တီးခတ်မလား


Photo : 123RF

မွေးနေ့ပါတီ ရဲ့ အဓိကအရေးကြီးဆုံး အပိုင်းအဖြစ်တဲ့ မွေးနေ့ကိတ်ခွဲချိန်မှာ ဆိုင်ကို Birthday Song တောင်းမှာလား ၊ ဒါမှမဟုတ် ဘော်ဒါတွေထဲက တူရိယာတစ်ခုခု တီးခတ်တက်တဲ့ သူငယ်ချင်းကို လက်စွမ်းပြ ခိုင်းပြီး မွေးနေ့သီချင်းလေး ချီးမြှင့်ခိုင်းမှာလား ဆိုတာလည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ Birthday Song လေးကို မွေးနေ့ကိတ်ခွဲချိန်မှာ အချိန်ကိုက်ဖြစ်စေဖို့ အချိန်နည်းနည်းစောပြီး ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။

Featured Photo : ScavengerHunt.com