ကိုယ့်ဘော်ဒါတစ်ယောက်ယောက် (သို့) ဆွေမျိုး (သို့) လုပ်ဖော်ကိုင်ဖက်များရဲ့ မွေးနေ့ ပါတီပွဲသို့ တက်ရောက်တဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်များရှိပါတယ်။ ထိုအချက်များကို သိထားမှသာလျှင် ကွီးတို့အနေနဲ့ ကျင့်ဝတ်ရှိပြီး လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက် အသွင် ပေါက်မှာဖြစ်ပါတယ်။

မြန်မြန် အကြောင်းပြန်ပါ

party tips

Photo: Greetingsisland

သင့်အနေနဲ့ မွေးနေ့ ပွဲ တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အခါ လာရောက်နိုင် မလာရောက်နိုင်ကို ဖိတ်ကြားထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အိမ်ရှင်အနေနဲ့လည်း ပြင်ဆင်ထားရမယ့် အစားအစာ ပမာဏ၊ ထိုင်ခုံ အရေအတွက်ကို ခန့်မှန်းကာ တွက်ချက်ထားနိုင်မှာဖြစ်ပါတယ်။

လက်ချည်းဗလာ မသွားပါနဲ့

party tips

Photo: The Mirror

မွေးနေ့ ပါတီပွဲသို့ တက်ရောက်တဲ့အခါ လက်ဆောင်ပစ္စည်း ယူသွားခြင်းသည် အဓိက ဆောင်ရန် အချက်တစ်ခုပဲဖြစ်ပါတယ်။ မွေးနေ့ရှင် ကြိုက်လောက်မယ့် ပစ္စည်းများကို သေသေချာချာ ပြင်ဆင်ထုပ်ပိုးကာ ယူဆောင်သွားဖို့လိုအပ်ပါမယ်။

သပ်သပ်ရပ်ရပ် ဝတ်စားသွားပါ

party tips

အိမ်နေရင်း ဝတ်စုံဖြင့် ပါတီပွဲသွားခြင်းသည် သင့်ရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာကိုလည်း ကြည့်ရဆိုးစေသလို မွေးနေ့ရှင်ကိုလည်း မလေးစားရာ ကျပါတယ်။ သင့်အနေနဲ့ လွန်ရောကျွံရော ပြင်ဆင်စရာလည်း မလိုပါဘူး။ သူ့နေရာနဲ့သူ လိုက်ဖက်မယ့် ဖက်ရှင်အဝတ်အစားများကို ဝတ်စားသွားရမှာပဲဖြစ်ပါတယ်။

လူပိုတစ်ယောက် ခေါ်သွားနိုင်တယ်လို့ မယူဆပါနှင့်

မွေးနေ့ ဆောင်ရန်

မွေးနေ့ရှင်အနေနဲ့ ဘယ်သူနဲ့အတူတူ လာလို့ရတယ်နော်၊ ကောင်မလေး (သို့) ကောင်လေးနဲ့ အတူတူ စုံတွဲလိုက် လာခဲ့နော် လို့ မပြောမချင်း အခြားတစ်ယောက်ကို ခေါ်မသွားပါနှင့်။ မွေးနေ့ပွဲသည် လက်ထပ်ပွဲနှင့် မတူပါဘူး။ ပိုမို Private ဆန်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ခုံအရေအတွက်က လာမယ့်လူအလိုက်ပဲ စီထားတယ်ဆိုရင် သင်နဲ့အတူတူ လာတဲ့သူရော အိမ်ရှင်အတွက်ပါ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။

စောစောစီးစီးလည်း မသွားပါနှင့်

မွေးနေ့ ဆောင်ရန်

ဖက်ရှင်ကျကျ နောက်ကျပါ ဆိုတဲ့ စကားရှိပါတယ်။ ဖက်ရှင်ကျကျ နောက်ကျတာကတော့ စောလည်း မစော၊ အချိန် ကွက်တိ ရောက်တာမျိုးလည်း မဟုတ်ဘဲ ငါးမိနစ် (သို့) မိနစ် အနည်းငယ်လောက် နောက်ကျခြင်းပဲဖြစ်ပါတယ်။ လွန်ရော ကျွံရော နောက်ကျစရာလည်း မလိုပါဘူး။ သင့်အနေနဲ့ စောရောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပြင်ဆင်လို့ မပြီးတာမျိုး ကြုံတွေ့ရတဲ့အခါ အိမ်ရှင်တွေအတွက် အားနာာစရာကောင်းပါတယ်။

အိမ်ရှင်နားမှာပဲ ကပ်မနေပါနှင့်

မွေးနေ့ ဆောင်ရန်

ပါတီပွဲ ကျင်းပမယ့် အိမ်ကို ရောက်ပြီ၊ မွေးနေ့ ဆုမွန်ကောင်းလည်း တောင်းပြီးပြီ၊ မွေးနေ့လက်ဆောင်လည်း ပေးပြီးပြီ။ ပြီးသွားတဲ့အခါမှာတော့ တည်ခင်းထားတာတွေကို စိတ်ကြိုက် စားသုံးရမယ့်အချိန်ဖြစ်ပါတယ်။ မွေးနေ့ရှင်အနေနဲ့လည်း အခြားသော ဧည့်သည်များကို ဧည့်ခံရမှာဖြစ်တာကြောင့် သင့်တစ်ယောက်တည်းကိုပဲ ဂရုစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ပြုလုပ်နိုင်တာကတော့ အခြားသော ဧည့်သည်များနှင့် မိတ်ဆွေအသစ်ဖွဲ့ခြင်းပဲဖြစ်ပါတယ်။ အိမ်ရှင် မရှိလို့ဆိုပြီး ဖုန်းချည်းပဲ လှိမ့်သုံးနေလို့လည်း မရပါဘူး။

ကျေးဇူးတင်စကားပြောဖို့လည်း မမေ့ပါနှင့်

မွေးနေ့ ဆောင်ရန်

ဒီအချက်ကတော့ ပြန်ခါနီးမှာ ပြုလုပ်ရမယ့်အချက်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အခုလို ဖိတ်ကြားပြီး စားကောင်း သောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံတဲ့အတွက်ကြောင်း ကျေးဇူးတင်ကြောင်း ကျေးဇူးတင်စကားပြောဆိုရမှာဖြစ်ပါတယ်။ ပြန်ခါနီးမှာလည်း မဖြစ်မနေ ပြုလုပ်သွားပါ။ အိမ်ရှင် (သို့) မွေးနေ့ရှင်ကို မပြောမဆိုနဲ့ ထပြန်သွားတာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ကွီးတို့အနေနဲ့ မွေးနေ့ ပါတီပွဲ တက်ရောက်တဲ့အခါ ဒီ ဆောင်ရန် ရှောင်ရန် အချက်များက လူကြီးလူကောင်းဆန်အောင် ကူညီပေးပါလိမ့်မယ်။

Source: Content.evite

Featured Image: Freepik