မိခင်ဝမ်းထဲမှ လူသားတစ်ဦးမွေးဖွားလာတဲ့ နေ့ကို မွေးနေ့ လို့သတ်မှတ်ကြပါတယ်။ မွေးနေ့ဟာ လူတစ်ယောက်အတွက် တကယ်ကို အရေးပါတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ ဒီလိုနေ့မျိုးမှာ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပြီး ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးရတာ တကယ်ကို ကျေနပ်စရာပါ။ မွေးနေ့ ကိုနည်းမျိုးစုံနဲ့ ဖြတ်သန်းကြသလို အမှတ်တရ ဖြစ်စေမဲ့ မွေးနေ့ ပါတီပွဲလေး ပြုလုပ်တာကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။

ကွီးတို့ ကိုယ်တိုင်အတွက် ဖြစ်စေ၊ ကွီးတို့ ချစ်ရသူတွေ အတွက်ဖြစ်စေ၊ မွေးနေ့ပါတီပွဲလေး ပြင်ဆင်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးစရာလည်း ကောင်းပါတယ်။ သို့သော်လည်း ဘယ်လိုပါတီမျိုးပဲ ဖြစ်ဖြစ်ပါတီ တစ်ခုလုပ်ဖို့ဆိုတာ လက်တွေ့မှာတော့ မလွယ်ကူပါဘူး။ စနစ်တကျ စီစဉ်တတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ကွီးတို့ကို အမှတ်တရဖြစ်စေမဲ့ မွေးနေ့ ပါတီပွဲလေး ဖြစ်စေဖို့ ပြင်ဆင်ရမဲ့ အရာတွေကို ပြောပြပေးသွားပါမယ်။

မွေးနေ့ပါတီ Theme ရွေးချယ်ပါ

မွေးနေ့ ပါတီပွဲလေး

Photo : ThoughtCo

မွေးနေ့ပါတီ တစ်ခုလုပ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးလုပ်မလဲဆိုတာ အရေးကြီးပါတယ်။ မွေးနေ့ကို ဒင်နာပါတီ ပုံစံမျိုးလုပ်မလား၊ ဘော်ဒါတွေနဲ့ ကိုယ့်အိမ်မှာပဲ လုပ်မလား၊ ပေါ့ပေါ့ပါးပါးနဲ့ သောက်ရင်းစားရင်းလုပ်မလား ၊ ရေကူးကန်ဘေးမှာပဲ လုပ်မလား ဒါမှမဟုတ် လှပတဲ့ညနေခင်းလေးမှာ ငြိမ့်ညောင်းတဲ့ တေးသံသာလေးတွေနဲ့ မွေးနေ့ဆုတောင်းသံလေးတွေနဲ့ ပြည့်နေစေမှာလားဆိုတာ ကွီးတို့စိတ်ကြိုက် ရွေးချယ်ပါ။

မွေးနေ့ကို ဖိတ်မဲ့ လူစာရင်းပြုစုပါ

မွေးနေ့ ပါတီပွဲလေး

Photo : Flora Queen

ကွီးတို့ပါတီကို အတူတူဆင်နွှဲမဲ့ မိတ်ဆွေတွေကို စာရင်းပြုစုပါ။ ကွီးတို့အနေနဲ့ လူနည်းနည်းနည်းနဲ့ လုပ်မလား၊ လူများများနဲ့လုပ်မလားဆိုတာ ဆုံးဖြတ်ပါ။ ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ကို ကြိုတင်စာရင်းလုပ်ထားဖြင့် ကွီးတို့သုံးမဲ့ ငွေကြေးပမာဏကို တွက်ချက်ရာတွင်လည်းကောင်း၊ မွေးနေ့ ပါတီပွဲလုပ်မဲ့နေရာကို ဆုံးဖြတ်ရာတွင်လည်းကောင်း အထောက်အကူဖြစ်စေပါတယ်။ ထို့နောက် မွေးနေ့ကျင်းပမဲ့ အချိန် သတ်မှတ်ပြီး ဖိတ်ကြားလွှာများကို ကြိုတင်ပေးပို့ပါ။

မွေးနေ့လုပ်မဲ့ နေရာရွေးချယ်ပါ

Happy Birthday

Photo : Pinterest

ကွီးတို့အနေနဲ့ မွေးနေ့လုပ်မဲ့ ပါတီ Theme ကို ရွေးချယ်ပြီးရင် မွေးနေ့လုပ်မဲ့ နေရာကို ရွေးချယ်ပါ။ ဟိုတယ်မှာ လုပ်မယ်ဆိုရင် အခန်းကြိုတင် ငှားရမ်းပါ။ ဒါမှမဟုတ် ကွီးတို့ ခြံထဲမှာလုပ်မယ်ဆိုရင် ကျယ်ဝန်းတဲ့နေရာကို ရှင်းလင်းပြီး အလှဆင်ပါ။ ဖိတ်ကြားမဲ့ ဧည်သည် အရေအတွက်ပေါ်မူတည်ပြီး မွေးနေ့ ပါတီပွဲလေး ကျင်းပဖို့နေရာကို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။

တည့်ခင်းဧည့်ခံမဲ့ အစားအသောက်များကို ရွေးချယ်ပါ

Happy Birthday

Photo : Wales Online

ကွီးတို့ရဲ့ မွေးနေ့ပါတီပွဲမှာ တည်ခင်းမဲ့ အစားအသောက်ကလည်း အရေးကြီးပါတယ်။ မွေးနေ့မှာကျွေးမွေးဧည့်ခံဖို့ အစားအသောက်များကို ဧည့်သည်များနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပါ။ ဘယ်လိုအစားအသောက်မျိုးက မွေးနေ့ပါတီနဲ့ လိုက်ဖက်ပြီး ရာသီဥတုနဲ့ အဆင်ပြေမလဲဆိုတာ သေချာဆုံးဖြတ်ပါ။ ထို့နောက်မွေးနေ့ကိတ်ကို မှာယူထားဖို့လည်း မမေ့ပါနဲ့။ ပါတီဖြစ်တဲ့ အတွက် ဝိုင်၊ ဝီစကီ စတဲ့ အဖျော်ယမကာများလည်း ထည့်သွင်းလို့ရပါတယ်။ သစ်သီးဖျော်ရည်များကိုလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ကိုယ်တိုက်အတွက်ဖြစ်စေ၊ ကွီးတို့ ချစ်ရသူတွေအတွက်ဖြစ်စေ အမှတ်တရဖြစ်စေမဲ့ မွေးနေ့ ပါတီပွဲလေး ကျင်းပနိုင်ဖို့ ပြင်ဆင်ရမဲ့ အချက်တွေ ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ကွီးတို့ရဲ့ အမှတ်တရမွေးနေ့ပွဲလေး ဖြစ်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

Featured Photo : Scavengerhunt