ရန်ကင်းမြို့နယ် ထဲမှာ အေးအေးဆေးဆေး ထိုင်လို့ရမယ့် Bar နဲ့ Restaurants တွေ တော်တော်များများ ရှိပါတယ်။ ဒီထဲကမှ လူငယ်ဆန်တဲ့ အမိုက်စား အပြင်အဆင်တွေ ၊ အစားအသောက် ကောင်းတွေနဲ့ အထာကျကျ Chill လို့ရမယ့် အမိုက်စား Bar လေးတွေကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Tap House Beer & Grill

Photo : Tap House Beer & Grill

ဒီဆိုင်လေးကတော့ စက်တင်ဘာလထဲကမှ အသစ်ဖွင့်လိုက်တဲ့ အမိုက်စား Chill Place တစ်ခုပါ။ အပေါ်ထပ် ၊ အောက်ထပ် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ရမယ့်အပြင် အစားအသောက်နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကလည်း လုံးဝအလန်းစားပါပဲ။ ဒီဆိုင်မှာက BBQ အကင်တွေနဲ့ ကော့လ်တေး Drinks တွေ တော်တော်လေး နာမည်ကြီးတယ်။ တခြားအရသာရှိတဲ့ အစားအသောက် Menu တွေလည်း ရွေးချယ်စရာအစုံပဲ။ ကိုယ့်လူနဲ့ကိုယ် အေးအေးဆေးဆေး စကားပြောရင်း Chill ချင်သူတွေ အတွက်လည်း Air Con ခန်းတွေ စီစဉ်ပေးထားတယ်။ International အဆင့်မှီ Sound System တွေနဲ့ အမိုက်စား Unplugged Band တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေက သီချင်းချစ်သူတွေအတွက် လုံးဝအကြိုက်တွေ့စေမှာပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၃၄ ၊ အောင်ဇေယျလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Neon Space

Photo : Neon Space

ဒီဆိုင်လေးကတော့ Neon Space ဆိုတဲ့အတိုင်း တစ်ဆိုင်လုံး Neon မီးရောင်စုံနဲ့ အာကာသထဲ ရောက်နေသလို ခံစားရစေမယ့် အမိုက်စား Bar လေး။ Classic ဆန်တဲ့ မီးရောင်မှိန်မှိန်လေးအောက်မှာ စိတ်ငြိမ်အေးချမ်းစွာနဲ့ အထာကျကျ လွှင့်မြောလို့ရတယ်။‌ လူငယ်ဆန်ပြီး အထာကျတဲ့ အပြင်အဆင်တွေနဲ့ နေရာအသစ် ၊ ပတ်ဝန်းကျင်အသစ်တစ်ခုဆီကို ရောက်သွားသလို Vibe မျိုးပေးမယ့် ဆိုင်လေးပါ။ နောက်ပြီး ဒီဆိုင်လေးမှာက အစားအသောက်တွေစုံပြီး ဈေးလည်းတော်တော်လေး သင့်တင့်တယ်။ Drinks နဲ့ အမြည်းတွေဆို ၂၀၀၀ ကနေ ၆၀၀၀ ဝန်းကျင်ကြားပဲရှိတာဆိုတော့ Budget နည်းနည်းနဲ့ လွင့်ချင်တဲ့သူတွေအတွက် ကွက်တိပဲ။ ဆိုင်လိပ်စာက အမှတ် ၁၁ ၊ အနော်ရထာလမ်းနဲ့ အောင်ဇေယျလမ်းထောင့် ၊ ၁၂လုံးတန်းမှတ်တိုင်အနီး ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Traditional DC Bar

Photo : Traditional DC Bar

ဒီဆိုင်လေးကတော့ အငြိမ်တလိုင်း လွင့်ချင်သူတွေ လုံးဝအကြိုက်တွေ့စေမယ့် ဆိုင်လေးပါ။ ဆိုင်အပြင်အဆင်က တော်တော်လေး ထူးခြားတယ်။ မြန်မာရိုးရာ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ Decoration ကို ခမ်းခမ်းနားနား ပြင်ဆင်ထားတာဆိုတော့ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေပါ တော်တော်လေး သဘောကျမယ့် ပုံစံလေးပါ။ ဆိုင်အပြင်အဆင်တင်မကပဲ အစားအသောက် Menu တွေကလည်း မြန်မာအရသာစစ်စစ် ဟင်းပွဲတွေ ၊ ထိထိမိမိအရသာရှိတဲ့ DC ရဲ့ နာမည်ကြီး လားဟူ ရိုးရာ Menu တွေနဲ့ တခြား နာမည်ကြီး Signature အစားအသောက် Menu တွေ တော်တော်စုံစုံရတယ်။ အပတ်စဉ် Unplugged Band တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ လွင့်မြောလို့ရသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၃၈ ၊ အခန်း ၀၂ ၊ ရွှေအုန်းပင်အိမ်ရာ ၊ ရန်ရှင်းလမ်း ၊ ၅ ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Neon Space