ထိုင်နေကျဆိုင်တွေပဲ လှည့်ထိုင်နေရတာ ရိုးနေပြီ ၊ ဆိုင်အသစ်အဆန်းလေးတွေမှာ အစားအသောက်မိုက်မိုက်လေးတွေ သွား Try ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အသစ်စက်စက် ဖွင့်ထားတဲ့ ရန်ကုန်မြို့ တွင်းက အမိုက်စား Bar လေးတွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

(၁) 2Bees

Photo : 2Bees

ဒီဆိုင်လေးက Soft Opening အနေနဲ့ ဖွင့်တာ ရက်ပိုင်းလောက်ပဲ ရှိဦးမယ်။ ဆိုင်အပြင်အဆင် နေရာထိုင်ခင်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ လူငယ်ဆန်တဲ့ ဘက်သွားတယ်။ အောက်ထပ် Air Con ခန်းလေးမှာပဲ သက်တောင့်သက်သာ ထိုင်မလား ၊ အပေါ်ထပ်မှာပဲ လွတ်လွတ်လပ်လပ် Chill မလား စိတ်ကြိုက်ရွေးလို့ရတယ်။

Photo : 2Bees

အစားအသောက်နဲ့ ပတ်သတ်ပြီး ဒီဆိုင်မှာ နာမည်ကြီးတာက မန္တလေးအရသာ အကင်တွေပဲ။ ဘီယာအေးအေးလေးနဲ့ မန္တလေးအကင်တွေကတော့ ထိမိညှိ ကွက်စတိပါပဲ။ Food Menu တွေက Asian အစားအစာတွေ အကြော်အလှော်အထောင်း ၊ အကင်နဲ့ အသုပ်တွေ အစုံရတယ်။ ပေါ့ပေါ့ပါးပါးစားလို့ရမယ့် Appetizer တွေလည်း အစုံရတယ်။ ဒီဆိုင်ရောက်ရင် ငပိထမင်းကြော် ၊ ဆိတ်သားခြောက် ထမင်းကြော် ၊ စပ်စလူးခေါက်ဆွဲကြော် စတဲ့ Menu တွေ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တယ်။ ဘီယာ ၊ ကော့လ်တေးနဲ့ တခြား သောက်စရာ Drinks တွေ အစုံရတယ်။ Unplugged Music အစီအစဉ်လေးတွေလည်း ရှိတယ်။ အခုလောလောဆယ် Soft-Run Promotion တွေလည်း ပေးနေတာဆိုတော့ လုံးဝအမိုက်ပဲ။ ဆိုင်လိပ်စာက အမှတ် 7A/ ၊ ဆရာစံလမ်း (YKKO ဆရာစံကြေးအိုးဆိုင်ရှေ့) ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) The Corner BMH

Photo : The Corner BMH

ဒီဆိုင်လေးက ဖွင့်တာ သိပ်မကြာသေးဘူး။ ဆိုရှယ်မီဒီယာပေါ်နဲ့ လူငယ်တွေကြားမှာ တော်တော်လေး နာမည်ကြီးနေတယ်။ ဈေးသက်သာတဲ့ အစားအသောက် မိုက်မိုက်လေးတွေနဲ့ အေးအေးဆေးဆေး Chill လို့ရမယ့် ဆိုင်လေး။ ဆိုင်ရဲ့အတွင်းပိုင်း အပြင်အဆင်လေးက အပေါ်ထပ်အောက်ထပ် အရမ်းလှတဲ့ Neon မီးလေးတွေနဲ့ လုံးဝအမှိုင်း Vibe လေး။ ပြောရရင် လူငယ်ဆန်တယ် ၊ လွတ်လွတ်လပ်လပ် ရှိတယ်။ ဆိုင်ရဲ့ Decoration အပြင်အဆင်က ဓာတ်ဖမ်းချင်တဲ့သူတွေအတွက် လုံးဝကွက်တိပဲ။

Photo : The Corner BMH

ဒီဆိုင်မှာ အစားအသောက်တွေလည်း တော်တော်စုံတာ တွေ့ရတယ်။ အကင်တွေ ၊ ပုစွန်ဒိုင်းနမိုက် ၊ ဂျပန်စတိုင်ကြက်ကင် ၊ ဝက်ခေါက်ကြွပ်ကြော်သုပ် ၊ ပင်လယ်စာတုံယမ်း ၊ ဝက်ဦးနှောက်ဟင်းချို နဲ့ တခြား Menu ဆန်းဆန်းလေးတွေ တော်တော်များများ ရတယ်။ ဘီယာနဲ့ ရွေးချယ်စရာ Drink တွေစုံတယ်။ ဒီဆိုင်မှာ ကော့လ်တေးတွေလဲ လုံးဝမိုက်တယ်။ Shot တွေလည်းရတယ်။ အပတ်စဉ် Unplugged Music လည်းရှိတယ်။ ဆိုင်က မြို့ထဲမှာဆိုတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်။ ဆိုင်လိပ်စာကတော့ Building A ၊ G-01 ၊SoHo Tower ၊ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့် ၊ G Bank ဘေး ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Yamaka Bar – ယမကာဆိုင်

Photo : Yamaka Bar – ယမကာဆိုင်

ဒီဆိုင်လေးက မြို့ထဲ Downtown မှာ ဖွင့်ထားတဲ့ အမိုက်စား Bar လေး။ ဆိုင်ရဲ့ အပြင်အဆင်က Classic ဆန်ဆန် မီးရောင်မှိုင်းမှိုင်းလေးအောက်မှာ အဆွေး Vibe လေးနဲ့ အေးဆေးလွင့်မြောလို့ ရတယ်။ ချစ်သူလေးနဲ့ပဲ ၂ ယောက်တည်း ဒိတ်မလား ၊ ဘော်ဒါတွေနဲ့ Chill မလား လုံးဝ အဆင်ပြေတယ်။


Photo : Yamaka Bar – ယမကာဆိုင်

ဒီဆိုင်ရဲ့ အစားအသောက် Menu လေးတွေက ဆန်းတယ် ၊ စုံတယ်။ မြန်မာယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ မြန်မာ့ရိုးရာစစ်စစ် ပုန်းရည်ကြီးထမင်းသုပ် ၊ ယမကာစတိုင်လ် မကျည်းနှစ်ဆော့စ်ဆမ်း ကြက်ဥ ၊ ကြက်အသဲနှလုံးအမြစ် ကြူဆိုင်ကြော် ၊ ယမကာစတိုင်လ် လမ်းဘေးကြက်ကင် ၊ ဝက်မိုးခိုသားဆီဆမ်းသုပ် နဲ့ တခြားတခြား အရသာရှိတဲ့ Menu အဆန်းလေးတွေ တော်တော်စုံစုံ ရတယ်။ ကော့လ်တေးတွေကတော့ လုံးဝအမိုက်ပဲ။ ဘီယာကတော့ Draught Beer မရဘူး။ Budweiser ၊ Corona ၊ Heineken နဲ့ ABC ပုလင်းတွေ ရတယ်။ Unplugged Music လည်းရှိတော့ သီချင်းတွေနဲ့ လွင့်မြောချင်သူတွေအတွက် ကွက်တိပဲ။ ဆိုင်လိပ်စာက ကုန်သည်လမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် ၊ Time Square Condo ၊ အမှတ် C1B ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : The Corner BMH