Pay Day ကို ရောက်လာပြန်ပြီဆိုတော့ လကုန်ရက် လက်ဖျားငွေသီးချိန်လေးမှာ ဘော်ဒါတွေနဲ့ Bar ကောင်းကောင်းလေး ထိုင်ဖို့ စဉ်းစားထားတဲ့ ကွီးတို့အတွက် ရန်ကုန်မြို့ တွင်းက အမိုက်စား Bar လေးတွေ ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ အရသာရှိတဲ့ အစားအသောက်ကောင်းတွေ ၊ အမိုက်စား ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အမုန်းကဲလို့ ရမယ့် ဆိုင်မိုက်မိုက်လေးတွေ ဖြစ်တာကြောင့် ကွီးတို့တစ်ခေါက်လောက် သွားရောက်ကြည့်ဖို့ ညွှန်းဆို ပေးလိုက်ပါတယ်နော်။

(၁) Octoholic – ယစ်ထုပ်ဘဝဲ ဘား

Photo : Octoholic – ယစ်ထုပ်ဘဝဲ ဘား

ဒီဆိုင်လေးကတော့ အခုလက်ရှိလူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ Octoholic – ယစ်ထုပ်ဘဝဲ ဘား ဆိုတဲ့ အမိုက်စား Bar လေးပါ။ အပေါ်ထပ် ၊ အောက်ထပ် ကျယ်ဝန်းတဲ့ဆိုင်နေရာ အခင်အကျင်းနဲ့ အပြင်အဆင်တွေက လုံးဝလူငယ်ဆန်ပြီးအထာ ကျတယ်။ တစ်ဆိုင်လုံး LED မီးရောင်လေးတွေနဲ့ Club Vibe ရော နာမည်ကြီး Music Band ရဲ့ Live ဖျော်ဖြေမှုအစီအစဉ်တွေပါ တစ်နေရာတည်းမှာ ခံစားလို့ရမယ့် ဆိုင်လေးပါ။ ဘော်ဒါတွေနဲ့ပဲ Chill မလား ၊ ချစ်သူလေးနဲ့ Date မလား ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ ဆိုင်လိပ်စာက အမှတ် ၃ ၊ ဖိုးစိန်လမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Base One – BBQ & BEER

Photo : Base One – BBQ & BEER

ဒီဆိုင်လေးကတော့ ရန်ကင်း ၊ မိုးကောင်းလမ်းပေါ်မှာ အသစ်စက်စက်ဖွင့်ထားတဲ့ Base One – BBQ &BEER ဆိုတဲ့ Bar လေး။ ဒီဆိုင်လေးမှာက ကျယ်ဝန်းတဲ့ ကားပါကင်ရှိတဲ့အပြင် ဆိုင်နေရာအခင်းအကျင်းကလည်း တော်တော်လေး ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိတာကြောင့် အေးအေးဆေးဆေး ထိုင်ချင်သူတွေအတွက် လုံးဝအဆင်ပြေပါတယ်။ အရသာရှိတဲ့အစားအသောက်တွေ ၊ Music Band တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကလည်း လုံးဝအလန်းစားပါပဲ။ ဆိုင်လိပ်စာက အမှတ် ၅ ၊ မိုးကောင်းလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) After 8


Photo : After 8

After 8 ကတော့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ မြန်မာပလာဇာ ၄ လွှာက အမိုက်စား ကော့လ်တေး Bar လေး ဖြစ်ပါတယ်။ မြန်မာပလာဇာ ၄ လွှာက Outdoor Sky Garden ထဲမှာ လေတဖြူးဖြူးနဲ့ အမိုက်စား ကော့လ်တေး Drinks တွေ မြည်းစမ်းရင်း Chill လို့ရတယ်။ အမျိုးအစား တော်တော်လေးကိုစုံလင်တဲ့ ကော့လ်တေး Drinks တွေနဲ့ စားစရာ Food Menu တွေလည်း ရွေးချယ်စရာ အများကြီး ရှိတယ်။ ညနေခင်းအချိန်တွေမှာ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး Chill ချင်လို့ပဲ ဖြစ်ဖြစ်၊ ချစ်သူလေးနဲ့ ကော့လ်တေး မိုက်မိုက်လေးတွေ မြည်းစမ်းရင်း Date ချင်လို့ပဲ ဖြစ်ဖြစ် ဒီဆိုင်လေးက လုံးဝကွက်တိကျစေမှာပါ။ ဆိုင်လိပ်စာက မြန်မာပလာဇာ ၄ လွှာ ၊ Sky Garden ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : After 8