ရုံးပိတ်ရက်လေးမှာ အေးအေးဆေးဆေး Chill ရင်း Bar ထိုင်ဖို့ ကြံရွယ်နေပါသလား။ ဘယ်ဘားတွေက အေးအေးလူလူ ထိုင်လို့ကောင်းသလဲဆိုတာရော ကွီးတို့ သိပြီးပါပြီလား။ အရင်က ထိုင်နေကျ ဘားတွေက ထိုင်ရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ ဘားအသစ်အဆန်းလေးမှာ မတူညီတဲ့ရသတစ်မျိုးနဲ့ ဘားထိုင်ချင်တာပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် နေရာများကို ထည့်သွင်းစဥ်းစားကြည့်လိုက်ပါ

DA DA Bar

DA DA ဘား

Photo: Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၂၆)၊ ပဒုမ္မာကွင်း၊ စမ်းချောင်းလမ်း Sanchaung Garden Condo ရှေ့၊ ပဒုမ္မာလမ်းနှင့် စမ်းချောင်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ၁ နာရီကနေ ည ၁၁ နာရီအထိပဲဖြစ်ပါတယ်။

ကျွမ်းကျင် DJ များနဲ့ ဖျော်ဖြေပေးဖို့လည်း စီစဥ်ပေးထားတာဖြစ်လို့ သီချင်းသံစဥ်များနှင့် မြူးကြွကခုန်ချင်သူများအတွက်လည်း အမိုက်စားအစီအစဥ်လေးပါပဲ။ ဒါ့အပြင် Unplugged ဂီတများလည်း သူ့ရက်အလိုက် စီစဥ်ပေးထားတဲ့အတွက်ကြောင့် စုံစမ်းမေးမြန်းချင်လို့ပဲဖြစ်ဖြစ်၊ ဘိုကင်ယူချင်ရင်ပဲဖြစ်ဖြစ် Hot Line နံပါတ်ဖြစ်တဲ့ ၀၉၂၅၀၀၂၈၇၁၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။ ပရိုမိုးရှင်းအစီအစဥ်တွေလည်း အမြဲဆိုသလို ချပေးနေတဲ့အတွက်ကြောင့် အတန်ဆုံး အစီအစဥ်နဲ့ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး Bar တစ်ခုပဲဖြစ်ပါတယ်။

Bar Theory

Chill Bar

Photo: Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၄၂)၊ ပင်လုံလမ်း၊ မြောက်ဒဂုံမြို့နယ်မှာ တည်ရှိပါတယ်။ ဘီယာပဲ သောက်ချင်သလား။ ဒါမှမဟုတ် ကော့တေးကိုပဲ ဇိမ်ခံပြီး သောက်သုံးချင်သလား။ ဒါမှမဟုတ် ဝီစကီတွေ တစ်ဝကြီး မော့ချင်သလား။ Bar Theory က ကွီးတို့ရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

စွဲမက်ဖွယ်ကောင်းတဲ့ အယ်ကိုဟော ဖျော်ရည်မျိုးစုံကို မှာယူသောက်သုံးနိုင်တဲ့အပြင် လျှာလည်သွားစေမယ့် အမြည်းများကိုလည်း မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ အေးအေးဆေးဆေး Chill လို့ရတဲ့ Bar တစ်ခုဖြစ်တာကြောင့် တစ်ခါလောက် သွားထိုင်ပြီးတာနဲ့ ထပ်ခါတလဲလဲ သွားထိုင်ချင်စိတ်တွေ ပေါ်လာမှာပဲဖြစ်ပါတယ်။

The Envoy Bar & Bistro

Chill Bar

Photo: Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၀)၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ တန် တန့် တန် ပရိုမိုးရှင်းလေးကို စောင့်စားနေကြတဲ့ ကော့တေးချစ်သူ၊ ဘီယာချစ်သူများအတွက်လည်း သီတင်းကျွတ်အထူးအစီအစဥ်ရှိပါတယ်။

ထိုအစီအစဥ်ကတော့ မည့်သည့် စည်ဘီယာ (သို့) ကော့တေးမျိုးစုံတို့ကို ၃ ခွက် ဝယ်သောက်ရင် တစ်ခွက် Free ရမယ့် Buy 3 Get 1 ပရိုမိုးရှင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Beer Tower ကို ဖြိုမယ့် ညိုကီတို့ကတော့ ကညွတ်နဲ့ နှစ်တစ်ရာသီးကြော်၊ Beer Omelette Roll တို့ကို လက်ဆောင်ရမှာပါ။ အမဲသား မစားသူတွေကတော့ ကြက်တောင်ပံအထုံကြော်ကို အစားထိုးရယူနိုင်ပါတယ်။ အသောက်တစ်လိုင်း ဘော်ဒါတွေတင်မက အစားတစ်လိုင်း ဘော်ဒါတွေအတွက်လည်း ပရိုမိုးရှင်းအစီအစဥ်တွေ ရှိသေးတယ်နော်။

ဒီသီတင်းကျွတ် ပရိုမိုးရှင်းကတော့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိပဲဖြစ်တာကြောင့် မြန်မြန်သွားထားမှ အချိန်မှီမှာနော်။

Featured Image: Theenvoy108