အခုတလော အွန်လိုင်းပေါ်မှာ မီးသွေးအိုးလေးနဲ့ ကင်စားရတဲ့ မူကထ ဆိုင်လေးတွေ အရမ်းရေပန်းစားနေပါတယ်။ မူကထဆိုတာ ထိုင်းနိုင်ငံမြောက်ပိုင်းကလာတဲ့ အစားအစာတစ်မျိုးပါ။ ” မူ ” ဆိုတာ ဝက်သား ၊ ” ကထ ” ဆိုတာကတော့ အိုး လို့ အဓိပ္ပါယ် ရပါတယ်။ ကိုရီးယားစတိုင် အသားအကင်နဲ့ တရုတ်စတိုင် ဟော့ပေါကို မှီငြမ်းပေါင်းစပ်ပြီး အသီးအရွက်နဲ့အသားတွေကို အကင်လိုရော ဟော့ပေါ့လိုပါ စားလို့ရအောင် လိပ်ခုံးပုံ မူကထအိုးလေးနဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ မူကထက ထိုင်းနိုင်ငံတဝှမ်းမှာသာမက ဖိလစ်ပိုင် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူနဲ့ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာလည်း ရေပန်းစားပါတယ်။ ရာသီဥတု အေးတဲ့အချိန်တွေနဲ့ ရှူးရှူးရှဲရှဲ မူကထ အကင်နဲ့ ဟော့ပေါ့က သိပ်ကို လိုက်ဖက်ပါတယ်။ ဒါကြောင့် တစ်ခေါက်မှာတော့ အစားအသောက်ချစ်သူတွေအတွက် အခုတလော ရန်ကုန် မှာ အရမ်းနာမည်ကြီးနေတဲ့ မူကထ ဆိုင်လေး ၃ ဆိုင် အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

(၁) Ohh – Mookata Buffet

Photo : Ohh – Mookata Buffet

ဒီဆိုင်လေးကတော့ အွန်လိုင်းပေါ်မှာရော လူငယ်တွေကြားမှာပါ လူပြောများနေတဲ့ ဗိုလ်တထောင်မြို့နယ်ထဲက မူကထ ဆိုင် လေး ဖြစ်ပါတယ်။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ ရွေးချယ်စရာ စားစရာတွေ တော်တော်လေးစုံပါတယ်။ ဈေးနှုန်းက တစ်ဦးကို ၉၉၀၀ ကျပ် ++ နဲ့ အချိန်အကန့်သတ်မရှိ အမုန်းဆွဲလို့ ရမယ့် ဆိုင်လေး ဖြစ်ပါတယ်။

ဆိုင်လိပ်စာ – ကုန်သည်လမ်းနဲ့ ၆၄ လမ်းထောင့် ၊ ဗိုလ်တစ်ထောင်မြို့နယ် ၊ ရန်ကုန်။
ဖုန်းနံပါတ် – 09 777 773523
Facebook Page – Ohh – Mookata Buffet

(၂) ဆုံမှတ် မူကထ

Photo : ဆုံမှတ် မူကထ

ဒီဆိုင်လေးကတော့ တာမွေမြို့နယ်ထဲက နောက်ထပ် အမုန်းဆွဲလို့ရမယ့် ဆုံမှတ်ဆိုတဲ့ မူကထ ဆိုင်လေးဖြစ်ပါတယ်။ အသားတွေ ၊ ပင်လယ်စာတွေ ရွေးချယ်စရာ တော်တော်လေးများပါတယ်။ ဒီဆိုင်လေးရဲ့ ထူးခြားချက်က မူကထ အိုးအပြင် နောက်ထပ်အကင်ဖိုလေး တစ်လုံးပါထားပေးထားတာဆိုတော့ များများကင် များများဆွဲလို့ ရတာပေါ့။ ဈေးနှုန်းကတော့ တစ်ဦးကို ၁၆၈၀၀ ကျပ် ++ ဖြစ်ပြီး အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်သုံးဆောင်လို့ ရပါတယ်။

ဆိုင်လိပ်စာ – သံသုမာလမ်း (မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့) ၊ မေတ္တာညွန့်ရပ်ကွက် (ကြက်ဘဲဈေးအနီး) ၊ ဈေးလေးမှတ်တိုင် ၊ တာမွေမြို့နယ် ၊ ရန်ကုန်။
ဖုန်းနံပါတ် – 09965412435
Facebook Page – ဆုံမှတ် မူကထ

(၃) The Love Boat


Photo : The Love Boat

ဒီ ဆိုင် လေးကတော့ လုံးဝထူးထူးခြားခြား ပါပဲ။ သင်္ဘောကြီးပေါ်ကနေ လေတဖြူးဖြူးနဲ့ ရန်ကုန်မြစ်ကြီးရဲ့ ညနေခင်း နေဝင်ဆည်းဆာအလှကို ခံစားရင်း မူကထ အကင်လေး သုံးဆောင်နိုင်မယ့် ဗိုလ်တထောင်ဆိပ်ကမ်း က The Love Boat ဆိုတဲ့ ဆိုင်လေးပါ။ မိသားစုနဲ့ အနားယူအပန်း ဖြေချင်လို့ပဲဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် ဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီဆိုင်လေးရဲ့ မူကထ Menu ထဲမှာ ဝက်သား ၊ အမဲသားတော့ မရဘူး။ တခြား ပင်လယ်စာ ၊ ကြက်သား ၊ ဆိတ်သားနဲ့ အသီးအရွက်အစုံ အလင်ရတယ်။ ဈေးနှုန်းက တစ်ဦးကို ၁၂၀၀၀ ကျပ်+ 10 % Service Charge နဲ့ အချိန်အကန့်အသတ်မရှိ သုံးဆောင်လို့ရပါတယ်။

ဆိုင်လိပ်စာ – Jetty အမှတ် (၅) ၊ ဗိုလ်တထောင်ဆိပ်ကမ်း ၊ ရန်ကုန်။
ဖုန်းနံပါတ် – 09773399500
Facebook Page – The Love Boat

Featured Photo : Eatbook