ချစ်သူ စုံတွဲများ၊ အိမ်ထောင်ဖက်များအတွက် Anniversary နေ့ရက်များသည် တစ်နှစ်မှာ တစ်ခါသာ ကျရောက်မှာဖြစ်ပါတယ်။ ဒီလို အမှတ်တရ နေ့ရက်ကို ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းချင်တဲ့ စုံတွဲများအတွက် ပါတီ အိုင်ဒီယာ တချို့ရှိပါတယ်။ ထိုအိုင်ဒီယာများကို အသုံးပြုကာ တစ်သက် မမေ့နိုင်တဲ့ အမှတ်တရကောင်းများကို ဖန်တီးလိုက်ပါ။

Luxury ဆန်ဆန် ဒင်နာပါတီပွဲ ကျင်းပပါ

anniversary party

Photo: Freepik

တစ်နှစ်မှာ တစ်ခါသာ ကျရောက်တဲ့ Anniversary နေ့ရက်ဖြစ်တဲ့အတွက်ကြောင့် ဒင်နာပါတီပွဲကိုလည်း ရိုးရိုးပါတီပွဲထက်စာရင် Luxury ဆန်ဆန်သာ ကျင်းပပေးလိုက်ပါ။ သူငယ်ချင်းများ ဖိတ်ကြားပြီး အတူတူ ပျော်ပျော်ပါးပါး ကျင်းပနိုင်သလို စုံတွဲ နှစ်ယောက်တည်း ရိုမန့်တစ် ဆန်ဆန် ပါတီ ပွဲ ကျင်းပနိုင်ပါတယ်။ ကိုယ် သုံးမယ့် ဘက်ဂျက်ပေါ် မူတည်ပြီး ဧည့်သည်အရေအတွက်ကို ဖိတ်ကြားနိုင်ပါတယ်။

မင်္ဂလာဆောင်တဲ့ နေ့ကအတိုင်း ပြန်လည်ကျင်းပပါ

anniversary party

ဒီလိုမျိုး ပါတီကျင်းပခြင်းက ခေတ်မီနိုင်ငံများတွင် ခေတ်စားတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့ရက်ကအတိုင်း မင်္ဂလာ ထပ်ဆောင်တာဖြစ်ပါတယ်။ ပြောရရင်တော့ ကြင်စဦး ဇနီးမောင်နှံဘဝကို ပြန်လည်ရောက်ရှိသွားအောင်လို့ မှတ်ဥာဏ်များကို ပြန်လည်တူးဆွပေးတဲ့ ပါတီပွဲလေးတစ်ခုဆိုလည်း မမှားပါဘူး။

ပါတီပွဲလာ ဧည့်သည်များအတွက် ကခုန်လို့ရမယ့် နေရာတစ်ခု ဖန်တီးပါ

ရိုမန့်တစ် ပါတီ

ကိုယ့်ရဲ့ ပါတီပွဲသို့ တက်ရောက်လာတဲ့ ဧည့်သည်များ ပျော်ပျော်ပါးပါးနှင့် ကခုန် မြူးတူးနိုင်ဖို့ရန်အတွက် ကခုန်လို့ရမယ့် Dancing Floor ကို နေရာကျယ်ကျယ် ဝန်းဝန်းလေး ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ပါတီပွဲလာတက်တဲ့ ဧည့်သည်များအနေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါး မြူးတူးနိုင်မှာဖြစ်ပါတယ်။ ပါတီပွဲမှာ ကခုန် ပျော်ပါးဖို့ဆိုရင် နာမည်ကြီး DJ သမားများကို ငှားရမ်းဖို့လည်း မမေ့ပါနှင့်။

ဂိမ်းများကိုလည်း မမေ့ပါနှင့်

ရိုမန့်တစ် ပါတီ

Photo: Freepik

စုံတွဲ နှစ်ယောက်တည်း ရိုမန့်တစ် ဆန်ဆန် ပါတီ ကျင်းပမယ်ဆိုရင်တော့ ပါတီဂိမ်းများကို မလိုအပ်ပေမယ့် မိတ်ဆွေ အပေါင်းအသင်းများကို ဖိတ်ကြားထားတယ်ဆိုရင်တော့ ပါတီဂိမ်းများကို ထည့်သွင်းပေးမှသာလျှင် ပါတီက ပိုမိုအသက်ဝင်ပြီး ပျော်စရာကောင်းမှာဖြစ်ပါတယ်။

စုံတွဲလိုက် နေ့လည်စာ ထွက်စားပါ

ရိုမန့်တစ် ပါတီ

Photo: Freepik

ဒင်နာပါတီပွဲမျိုး မကျင်းပချင်ဘူး နှစ်ယောက်တည်း Private ဆန်ဆန် ကျင်းပချင်တဲ့ စုံတွဲများအတွက်လည်း ဒီအိုင်ဒီယာလေးက သင့်တော်ပါတယ်။ နေ့လည်စာ စားမယ့်ဆိုင်ကို ဘိုကင်ချိတ်ထားပြီး Decorations အနည်းငယ် ပြင်ဆင်ထားခိုင်းမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ချစ်သူကောင်မလေး (သို့) အိမ်သူသက်ထားတစ်ယောက် အရည်ပျော်ကျသွားမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းဖြင့် ကွီးတို့ရဲ့ ချစ်သူသက်တမ်းနှင့် အိမ်ထောင်သက်များကို ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနှင့် ဖြတ်သန်းနိုင်ပါတယ်။

Source: Kentshillpark

Featured Image: Freepik