ကဲကဲကဲ ဆော်မပိုင်တဲ့ ဘော်ဒါတွေ ၊ ဆော်ကြောက်ရတဲ့ ဘော်ဒါတွေရှိရင် သတင်းစကားပါးလိုက်ပါဦး ကွီးတို့ရေ။ တစ်ခါတစ်လေမှာ ဆော်တွေ ၊ ရှော်တီတွေမပါပဲ ယောကျာ်းလေး ဘော်ဒါတွေချည်း သီးသန့် Bar ထိုင်ရတဲ့ ဖီလင်က လုံးဝအမိုက်ကြီးပါ။ သောက်မယ်စားမယ် ၊ ပျော်မယ်ပါးမယ် ကဲချင်တိုင်းကဲ ၊ ပြဲချင်တိုင်းပြဲလို့ရတာလည်း ကျွန်တော်တို့ ယောကျာ်းလေး သီးသန့် Homie တွေနဲ့ ဆုံတဲ့အချိန်ပဲ ရနိုင်တာပါ။ ဒါဆို ဒီတစ်ခေါက် Bar ထိုင်ရင် ကွီးတို့ရဲ့ ပျိုကညှာတွေကို ခေါက်ခဲ့ပြီး ဘော်ဒါ တွေချည်းသီသန်း လွင့်မြောလို့ရမယ့် အလန်းစား နေရာတွေကို  ညွှန်းပေးလိုက်မယ်နော်။

(၁) AJI 51 Rooftop Lounge

ဘော်ဒါ

Photo : AJI 51 Rooftop Lounge

ဒီဆိုင်လေးကတော့ ဘော်ဒါတွေနဲ့ Chill ဖို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အလန်းစား Rooftop Bar လေးပါ။ ဖွင့်တာတော့ လပိုင်းပဲ ရှိပါသေးတယ်။ ရန်ကုန်မြို့ကြီးရဲ့အလှဆုံး မြို့ပြ View တွေကို ခံစားရင်း Unplugged Music တွေနဲ့ အေးအေးဆေးဆေး Relax လို့ရတယ်။ Birthday Party တွေ ၊ Marriage Proposal နဲ့ ဘော်ဒါတွေသီးသန့် Private Party လေးတွေ ကျင်းပချင်တဲ့ ကွီးတို့အတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ တစ်နေရာတည်းမှာ ရေမီးစုံကဲလို့ရအောင် စီစဉ်ပေးနေပါတယ်။ အစားအသောက်ကောင်းတွေ ၊ View အမိုက်စားတွေနဲ့ Rooftop Bar လေးမှာ Chill မယ်ဆိုရင် AJI 51 Rooftop Lounge လေးကိုသာ အရောက်သွားလိုက်ပါဗျို့။ ဆိုင်လိပ်စာက အမှတ် ၅၁/D ၊ Hotel S.Y.H 14th Floor ၊ ကမ္ဘာအေးဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Seen SpAce Urban Music Bar

ဘော်ဒါ

Photo : Seen SpAce Urban Music Bar

ဆန်းသစ်တဲ့ Urban Style ၊ Unique ဖြစ်တဲ့ Vibe နဲ့ အလန်းစား HipHop နဲ့ RnB Music တွေ ခံစားနိုင်မယ့် နေရာသစ်တစ်ခု ညွှန်းပေးပါမယ်။ ဒါကတော့ Seen SpAce Urban Music Bar ပါ။ လူငယ်အဆန်ဆုံး ၊ အဆန်းသစ်ဆုံး Nightlife အတွေ့အကြုံတွေကို ခံစားရင်တော့ သေချာပေါက် သွားဖို့ညွှန်းချင်ပါတယ်။ ရန်ကုန်မှာ ဘော်ဒါ တွေနဲ့ လွင့်မြောဖို့ အကောင်းဆုံး နေရာသစ်တစ်ခုဖြစ်သလို သွားပြီးရင် နောင်တမရမယ့် Bar တစ်ခုလို့ ရဲရဲကြီး အာမခံပါတယ်။ လိပ်စာကတော့ အမှတ် ၇ A (2Bees Bar Ground Floor ) ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) The Idol B.B.Q Restaurant

ဘော်ဒါ

Photo : The Idol B.B.Q Restaurant

ဘော်ဒါ တွေနဲ့ အဖွဲ့လိုက်ကြီးကဲဖို့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Bar ကိုမှ ထိုင်ချင်တယ်ဆိုရင်တော့ The Idol B.B.Q Restaurant ဆိုင်လေး ရှိပါတယ်။ ဒီဆိုင်မှာက လေတဖြူးဖြူးနဲ့ Chill လို့ရမယ့် အပေါ်ထပ် Open Space နေရာတွေ ၊ Unplugged သီချင်းတွေ လိုက်ဆိုရင်း လွင့်မြောနိုင်မယ့် ပထမထပ်က Open Space နေရာလေးနဲ့ ပျော်ပျော်ပါးပါး ဒွန့်လို့ရမယ် အောက်ထပ် VIP Aircon Room တွေလည်း ရှိတာမို့ တစ်ဆိုင်တည်းမှာပဲ မတူညီတဲ့ Vibes အစုံကို ခံစားနိုင်မှာပါ။ အစားအသောက်တွေစုံတယ် ၊ ဖျော်ဖြေရေးအစီအစဉ်တွေကလည်း လုံးဝအလန်းပါပဲ။ ဆိုင်လိပ်စာက အမှတ် ၂ ၊ (၁၂) ရပ်ကွက် ၊ ပါရမီလမ်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Seen SpAce Urban Music Bar