ကွီးတို့ တစ်လလုံး အလုပ်တွေနဲ့ ပင်ပန်းခဲ့သမျှ လကုန်ရက်လေးမှာ အေးဆေးအနားယူ အပန်းဖြေရင်း Relax လုပ်ဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ အစားအသောက် ကောင်းကောင်း ၊ နေရာထိုင်ခင်း မိုက်မိုက်နဲ့ အလန်းစား ဖျော်ဖြေရေး အစီအစဉ်တွေရှိတဲ့ ရန်ကုန်မြို့ တွင်းက အမိုက်စား Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Bar Industry

Photo : Bar Industry

ဂီတသံစဉ်တွေနဲ့ လွင့်မြောရတာကြိုက်တဲ့ ကွီးတို့အတွက် တောင်ဥက္ကလာမြို့နယ်ထဲက အမိုက်စား ဆိုင်လေးတစ်ဆိုင် ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ တော်တော်များများ သိကြတဲ့ Bar Industry ဆိုတဲ့ ဆိုင်လေးပါ။ လူငယ်တွေရော လူလတ်ပိုင်း ကွီးတို့ကြားမှာပါ လူသိများတဲ့ ဆိုင်လေး။ ဘော်ဒါတွေနဲ့ အဖွဲ့လိုက်ကြီး Chill ချင်လို့ပဲ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ကော့လ်တေး ဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ အရသာရှိတဲ့ အစားအသောက်တွေ စုံတယ်။ ကော့လ်တေးတွေ မိုက်တယ်။ အပတ်စဉ် ရက်အလိုက်မတူညီတဲ့ Music Band တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကလည်း လုံးဝအမိုက်စားပဲ။ ဆိုင်လိပ်စာကတော့ အမှတ် ၂၁ ၊ တောင်ဥက္ကလာပ စက်မှုဇုန် ၊ စက်မှု ၄ လမ်း ၊ ၈ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Coral Inya Bar

Photo : Coral Inya Bar

ဒီဆိုင်လေးက တစ်နေရာတည်းမှာတင် မတူညီတဲ့ Vibe မျိုးစုံကို ခံစားနိုင်မယ့် အမိုက်စား ဆိုင်လေး။ ဒီဆိုင်ရဲ့ ထူးခြားချက်က အင်းလျားကန်ရေပြင်ဘေးက ခြံဝန်းအကျယ်ကြီးထဲမှာ Bar နဲ့ Restaurant တွဲဖွင့်ထားတာဆိုတော့ မိသားစုနဲ့ပဲလာလာ ၊ ဘော်ဒါအပေါင်း အသင်းတွေနဲ့ပဲလာလာ လုံးဝအဆင်ပြေတယ်။ ညနေခင်း အင်းလျားကန်နံဘေးမှာ လေညှင်းခံရင်း မွန်းကြပ်မှုတွေအားလုံး ဖွင့်ထုတ်ပြီး အေးဆေး Chill မလား ၊ Zu Zu’s Eain Restaurant ရဲ့ သက်ကယ်ဝါးတဲလေးတွေထဲမှာ နာမည်ကြီး ထိုင်းလက်ရာ အရသာရှိတဲ့ ဟင်းပွဲတွေ မြည်းစမ်းရင်း အနားယူ အပန်းဖြေမလား ၊ Indoor မှာပဲ အမိုက်စား DJ ဖျော်ဖြေတင်ဆက်မှုတွေ ခံစားရင်း Relax လုပ်မလား စိတ်ကြိုက်ရွေးလို့ ရတယ်။ အရသာရှိတဲ့ အစားအသောက်တွေ ၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တစ်နေရာတည်းမှာ ရေမီးစုံ မြေကြီးတုန်အောင် Chill လို့ရမယ့် ဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၁၃၂ ၊ အင်းလျားလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) High Bar

Photo : High Bar

ဒီဆိုင်လေးက မြောက်ဒဂုံ ပင်လုံလမ်းမကြီးပေါ်က ဖွင့်တာသိပ်မကြာသေးတဲ့ ဆိုင်သစ်လေး။ ဆိုင်အပြင်အဆင် နေရာထိုင်ခင်းက ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ Indoor မှာ အေးဆေးသက်တောင့်သက်သာ Chill လို့ရသလို အပေါ်ထပ် Rooftop မှာ လေတဖြူးဖြူးနဲ့ လွင့်မြောလို့လည်း ရတယ်။ အရသာရှိတဲ့ အစားအသောက်တွေ တော်တော်စုံစုံရတယ်။ ကော့လ်တေး ၊ ဘီယာ ၊ အပြင်း အပျော့ Drink‌ တွေ စုံတယ်။ Shisha ဖွာချင်တဲ့ ကွီးတို့အတွက်လည်း Shisha ရတယ်။ အပတ်စဉ် မတူညီတဲ့ အမိုက်စား DJ နဲ့ Unplugged Music ဖျော်ဖြေရေးအစီအစဉ်တွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၁၂၉၈ ၊ ပင်လုံလမ်းမကြီး ၊ ၃၇ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Featured Photo : Bar Industry