Anniversary ဆိုတဲ့ နှစ်ပတ်လည်နေ့လေးက အပြန်အလှန် ချစ်ရသူတွေအတွက် တကယ်ကို အမြတ်တနိုး တန်ဖိုးထားရတဲ့ နေ့လေးပါပဲ။ ဒီလို နေ့ထူးနေ့မြတ်လေးမှာ ချစ်ရသူလေးနဲ့တကွ ကိုယ်စီ ခင်မင်တဲ့သူတွေ၊ ချစ်ရသူတွေနဲ့အတူ ကြည်ကြည်နူးနူး အချိန် အခိုက်အတန့်လေး ဖန်တီးကြပါတယ်။ ဒီလို အချိန်ကောင်းလေး ဖန်တီးဖို့ဆိုရင် အတူတကွ Anniversary ပါတီလေး ကျင်းပပြီး ချစ်ခင်ရသူတွေရဲ့ ဂုဏ်ပြုခြင်းကို လက်ခံရတာက ဆုလာဒ် တစ်ပါးပါပဲ။ ဒီလို နေ့ထူးနေ့မြတ်လေးကို ပိုပြီးလေးနက်တဲ့ အမှတ်တရ Anniversary ပွဲလေးဖြစ်အောင် ဖန်တီးနိုင်ဖို့ ပြင်ဆင်ရမဲ့ အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။

အချိန်နဲ့ နေရာရွေးချယ်ပါ

အမှတ်တရ Anniversary

Photo : Rad

ကွီးတို့ ချစ်ရသူလေးနဲ့အတူ အမှတ်တရ Anniversary ကျင်းပမယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာကတော့ ကွီးတို့ ပွဲလေး ကျင်းပမဲ့နေရာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်အိမ်ခြံဝန်းထဲမှာပဲ ကျင်းပချင်ပါသလား၊ ဒါမှမဟုတ် ခန်းမတစ်ခုခု ရွေးချယ်မလားဆိုတာ ဆုံးဖြတ်ရပါမယ်။ ပြီးလျှင် ညနေဘက်မှာလုပ်မှာလား။ ညဘက်လုပ်မှာလား ဆိုတာကိုလည်း ရွေးချယ်ရပါမယ်။ ဒီလို နေရာနဲ့ အချိန်ကို ကြိုတင် စဉ်းစားထားမှသာ ကျန်တဲ့ စီစဉ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးလျှင် ကွီးတို့ ပွဲလေးကို တတ်ရောက်ဖို့ ဖိတ်ကြားမဲ့ ချစ်ခင်ရသူတွေကို ကြိုကြိုတင်တင် အကြောင်းကြားဖို့ မမေ့ပါနဲ့။

Anniversary Theme ကို ရွေးချယ်ပါ

အမှတ်တရ Anniversary

Photo : Wedding Wire

နှစ်ပတ်လည်ပါတီပွဲ အပြင်အဆင်များက စုံတွဲများရဲ့ ပျော်စရာကောင်းပြီး ကြည်နူးဖွယ် အချိန်လေးကို ရောင်ပြန်ဟပ်သင့်ပါတယ်။ ချစ်ရသူနှစ်ဦးက ကိုယ့်ရဲ့ ပွဲလေးကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပါ။ နှစ်ပတ်လည် ပါတီပွဲ အပြင်အဆင်က အခြားသော ပါတီများနဲ့ မတူဘဲ ပြေပြစ်ပြီး ကျက်သရေများ ထုံမွှန်းသင့်ပါတယ်။ ဒါ့အပြင် အရောင်ကလည်း အရေးကြီးတာကြောင့် ကွီးတို့ပါတီလေးမှာ သုံးစွဲမဲ့ အရောင်ကိုလည်း သေချာရွေးချယ်သင့်ပါတယ်။ များသောအားဖြင့် ရိုးရှင်းစင်ကြယ်တဲ့ အဖြူရောင်ကို အသုံးများပါတယ်။

စားသောက်စရာများ ပြင်ဆင်ပါ

ပါတီ

Photo : Testing Table

ကွီးတို့ရေ ပါတီတစ်ခု ကျင်းပပြီဆိုရင် ဘယ်လိုပါတီပဲ ဖြစ်ဖြစ် အရေးကြီးတာကတော့ အဖျော်ယမကာတွေနဲ့ တွဲဖက်တည့်ခင်း ဧည့်ခံမဲ့ အစားအစာတွေပါပဲ။ ဒီလို နှစ်ပတ်လည် အခမ်းအနားမှာ မပါမဖြစ်ကတော့ ကွီးတို့ရဲ့ ကြည်နူးဖွယ် အချိန်အခိုက်အတန့်လေးကို ဂုဏ်ပြုမဲ့ ရှန်ပိန်ပါပဲ။ ဒါ့အပြင် အခြားသော အဖျော်ယမကာများဖြစ်တဲ့ ဝိုင်၊ ကော့လ်တေး၊ ဝီစကီစတာတွေလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။ ကွီးတို့ ပွဲကိုတတ်ရောက်လာမဲ့ သူများထဲမှာ အယ်လ်ကိုဟော မသောက်တဲ့သူများလည်း ပါနိုင်တာကြောင့် ဖျော်ရည်နဲ့ အခြားသော သောက်စရာများကိုလည်း ပြင်ဆင်ထားရှိပါ။

တေးသီချင်းလေးတွေ ထည့်သွင်းပါ

ပါတီ

Photo : Jazz Around

ကွီးတို့ရဲ့ အမှတ်တရ Anniversary ပွဲလေးကို ပိုမို အသက်ဝင်အောင် ပြုလုပ်ပေးနိုင်တာကတော့ တေးသီချင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ ပွဲလေးနဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို ကြိုတင်ရွေးချယ်ထားပါ။ ဒါ့အပြင် ဂန္တဝင်တေးသွားများ တီးခတ်ရန် တီးဝိုင်းကိုလည်း ထည့်သွင်းလို့ရပါသေးတယ်။ ကွီးတို့ရဲ့ နှစ်ပတ်လည်နေ့လေးကို ဂုဏ်ပြုတဲ့ပါတီ ဖြစ်တာကြောင့် ကွီးတို့နဲ့အတူ ကြွရောက်လာတဲ့ စုံတွဲတွေ၊ အတူတွဲကလို့ရတဲ့ အစီအစဉ်လည်း ထည့်သွင်းလို့ရပါတယ်။ တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေး ဖြစ်မှာပါ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ကြည်နူးဖွယ်အတိနဲ့ အမှတ်တရ Anniversary ပွဲလေး ကျင်းပရာမှာ အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်။ Anniversary ပွဲလေးတွေကို ဖြတ်သန်းတော့မဲ့ ကွီးတို့ရော၊ အနာဂတ်မှာ Anniversary ပွဲလေးတွေ ဆင်နွှဲနိုင်ဖို့ ကြိုးစားလျက်ရှိတဲ့ ကွီးတို့ပါ ကိုယ်ချစ်တဲ့သူနဲ့အတူ ရတု အဆက်ဆက် ချစ်ခြင်းသက်သေ တည်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း……….

Featured Photo : Events