ရုံးဆင်းချိန် (သို့) အားလပ်ရက်တွေမှာ ဘော်ဒါတွေနဲ့အတူတူ တစ်ဝိုင်းထိုင်ဖြစ်ကြတဲ့ ကွီးတို့ ရှိပါသလား။ ဒါမှမဟုတ် စိတ်တူ ကိုယ်တူ ချစ်သူလေးနဲ့ ဘီယာလေး သောက်လိုက်၊ ကော့တေးလေး သောက်လိုက်နှင့် အတူတူ အချိန်ကုန်ဆုံးလေ့ရှိပါသလား။ ထိုကဲ့သို့ အချိန်ကုန်ဆုံးလေ့ရှိသူများအတွက် လှည်းတန်း အနီးတစ်ဝိုက်က ထိုင်လို့ကောင်းတဲ့ အလန်းစား ဘား နှင့် စားသောက်ဆိုင်များကို ညွှန်းပေးလိုက်ရပါတယ်။

Eco “Café & Bistro” – Hledan , San Yeik Nyein 5th Street

Eco “Café & Bistro”

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၄၂) ၊ စံရိပ်ငြိမ် ၅ လမ်း၊ လှမ်းတန်း အနီးတစ်ဝိုက်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိပဲဖြစ်ပါတယ်။ အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိပြီး ဘီယာ သောက်ရင်း Unplugged လေးနဲ့ အေးဆေးငြိမ့်ချင်သူများအတွက်လည်း တေးဂီတ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

ဘီယာချစ်သူများအတွက်လည်း အကောင်းစား ဘီယာများနှင့် တည်ခင်း ဧည့်ခံပေးတဲ့အပြင် ကော့တေး ချစ်သူများအတွက်လည်း ကော့တေးအမျိုးအစားပေါင်း ၁၀ မျိုးခန့်ကို ဖျော်စပ်ပေးလျက် ရှိပါတယ်။ ဒါတင်မကသေးပါဘူး၊ အယ်လ်ကိုဟော ဖျော်ရည်များနှင့် လိုက်ဖက်တဲ့ အရသာရှိတဲ့ အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါသေးတယ်။

Fresh Restaurant And Bar

လှည်းတန်း ဘား

Photo: Facebook

လှည်းတန်း အနီးတစ်ဝိုက်က ထိုင်လို့ကောင်းတဲ့ နောက်ထပ် ဘား ဆိုင်တစ်ဆိုင်ကတော့ Fresh Restaurant And Bar ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁၇) ၊ ထန်းတပင်လမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

အယ်လ်ကိုဟော ဖျော်ရည်များအနေနဲ့ကတော့ ဘီယာ၊ ဝီစကီ၊ ဝိုင်၊ ရမ်၊ ဗော့ကာ၊ ဘရန်ဒီ အစရှိတဲ့ ဖျော်ရည်မျိုးစုံအပြင် ကော့တေးမျိုးစုံကိုလည်း မှာယူ သောက်သုံးနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး၊ ကွီးတို့ အကြိုက် အရသာရှိတဲ့ အမြည်းမျိုးစုံများအဖြစ် တရုတ်အစားအစာများ၊ ထိုင်းအစားအစာများကိုလည်း အရသာရှိရှိ မြည်းစမ်းစားသုံး နိုင်ပါသေးတယ်။

Featured Image: EcoBarHledanSanYeikNyein5thStreet