ဇိမ်ကျကျနဲ့ Luxury ဆန်တဲ့ အယ်လ်ကိုဟောဖျော်ရည်များထဲတွင် ဝိုင်သည် တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒင်နာပါတီများ ဆင်နွှဲတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အယ်လ်ကိုဟောဖျော်ရည်တစ်မျိုးဖြစ်ပြီး ဝိုင်ပါတီ ဆင်နွှဲချင်တဲ့ ကွီး တို့အတွက်လည်း ဝိုင်သည် အရေးအကြီးဆုံးပါပဲ။

ဝိုင်ပါတီ ကို ကွီး တို့အနေနဲ့ ဘယ်အချိန်မှာ ဆင်နွှဲသင့်သလဲဆိုတော့ … ညနေခင်းအချိန် (သို့) ရုံးအားလပ်ရက် တစ်ရက်ရက် (သို့) မိတ်ဆွေ အပေါင်းအသင်းများနှင့်အတူတူ ပျော်ပွဲရွှင်ပွဲတစ်ခုခု ဖန်တီးချင်တဲ့အခါ ကျင်းပနိုင်ပါတယ်။

ဝိုင်ပါတီ ပွဲ ဆင်နွှဲချင်တဲ့ ကွီး တို့အတွက် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

ဝိုင်ပါတီ ဆင်နွှဲချင်တဲ့ ကွီး တို့အတွက် အရေးကြီးဆုံး ပထမအချက်က Theme တစ်ခု ဖန်တီးဖို့ပါပဲ

wine party

Photo: Casapizzi

Theme အပြင်အဆင်လေးကို ဖန်တီးဖို့ဆိုရင် ကိုယ့်ရဲ့ပျော်ပွဲရွှင်ပွဲလေးက ဘယ်အမျိုးအစားထဲ ပါဝင်မလဲဆိုတာ သိထားသင့်ပါတယ်။

ကိုယ့်ရဲ့ ခြံရှေ့ကွက်လပ်ကလေးမှာ ကျင်းပချင်သလား (သို့) အိမ်ထဲမှာပဲ ပျော်ပျော်ပါးပါး ကျင်းပချင်သလားဆိုတဲ့ နေရာကို အရင်ရွေးပါ။ နေရာရွေးပြီးသွားတဲ့အခါ ဧည့်သည်ဘယ်နှလောက် လာကြမှာလဲ ဆိုတဲ့ လူဦးရေ အရေအတွက်ပေါ် မူတည်ပြီး နေရာထိုင်ခင်း ပြင်ဆင်ရမှာဖြစ်ပါတယ်။ လာရောက်မယ့် လူဦးရေပေါ် မူတည်ပြီး ၅ ယောက်တန်သည် ၊ ၁၀ ယောက်တန်သည် စားပွဲဝိုင်းများ ပြင်ဆင်လိုက်ပါ။ ထို့နောက် နေရာနဲ့လိုက်ဖက်တဲ့ တည်ခင်းဧည့်ခံတဲ့ အပြင်အဆင်ဒီဇိုင်းကို ထည့်သွင်းစဉ်းစားကာ အလှဆင်လိုက်ပါ။

အလှဆင်ဖို့ရန်အတွက် ရောင်စုံမီးလုံးလေးများ အသုံးပြုနိုင်သလို၊ ပူဖောင်း (သို့) ပန်းပွားလေးများ အသုံးပြုကာ အမိုက်စား ဒီဇိုင်းလေးရရှိအောင် ပြင်ဆင်နိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ဝိုင်အမျိုးအစား ရွေးချယ်ဖို့ပါ

ဝိုင်ပါတီ ကွီး

Photo: Food & Wine Magazine

ဝိုင်အမျိုးအစားတွေက အများအပြားရှိတဲ့အတွက် ကွီးတို့အနေနဲ့ ဘယ်လိုဝိုင်မျိုးကို အဓိကထားမလဲဆိုတာကို ရွေးချယ်သင့်ပါတယ်။ လူကြိုက်များမယ်လို့ ထင်တဲ့ဝိုင်ပုလင်းများကို များများရွေးဝယ်ထားပြီး အရံအနေနဲ့ အခြားသော ဝိုင်များကို ရွေးချယ်ကာ တည်ခင်းဧည့်ခံနိုင်ပါတယ။်

ဝိုင်တွက်ချက်ရာမှာလည်း လူတစ်ယောက်ကို အနည်းဆုံး ဝိုင် နှစ်ခွက်စာ ထားတွက်ကာ ဝယ်ယူရမှာဖြစ်ပါတယ်။ ထို့နောက် ဧည့်သည်တွေက သူတို့စိတ်ကြိုက်ဝိုင်များကို စမ်းသပ်သောက်သုံးပြီးနောက်မှာတော့ သူတို့စိတ်ကြိုက်ရွေးချယ်နိုင်အောင် ဝိုင်များကို တည်ခင်းဧည့်ခံထားလိုက်ပါ။

တတိယအရေးအကြီးဆုံးကတော့ ဝိုင်နဲ့ လိုက်ဖက်မယ့် အစားအစာအတွဲအစပ်ဖြစ်ပါတယ်

ဝိုင်ပါတီ ကွီး

Photo: Bright Cellars

အစားအစာတွေအတွက် စဉ်းစားတော့မယ်ဆိုရင် ဝိုင်အမျိုးအစားပေါ် မူတည်ပြီး ပြန်ခွဲဖို့ လိုသွားပြန်ပါတယ်။ Chardonnay ဝိုင်ဆိုရင် ဆော်လမွန်နဲ့ လိုက်ဖက်ပါတယ်။ Cabernet ဝိုင်ကျပြန်တော့ အနီရောင် အသားတစ်မျိုးမျိုးနဲ့ တည်ခင်းဧည့်ခံရပါမယ်။ Pinot Grigio ဝိုင်အမျိုးအစားကတော့ ပင်လယ်စာများနှင့် လိုက်ဖက်ပြီး Rosé ဝိုင်ကျပြန်တော့ ချိစ်အစားအစာများနဲ့ လိုက်ဖက်ပါတယ်။ စပါကလင်ဝိုင်ကျပြန်တော့ အငန်ဓာတ်ကဲတဲ့ အစားအစာများနှင့် လိုက်ဖက်ပါတယ်။

ဝိုင်အမျိုးအစားမျိုးစုံ ခင်းကျင်းထားမှာဖြစ်တဲ့အတွက်ကြောင့် အထက်ဖော်ပြပါအစားအစာအားလုံးနဲ့ တည်ခင်းဧည့်ခံလိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဝိုင်ပါတီလေးသည် ဧည့်သည်များအကြား ရေပန်းစားတဲ့ ပါတီတစ်ခုဖြစ်သွားပြီး ကွီးတို့လည်း ကိုယ့်ရဲ့ပါတီပွဲအတွက် စိတ်တိုင်းကျကာ ကျေနပ်အားရသွားမှာပဲဖြစ်ပါတယ်။

Source: Vintecclub

Featured Image: Fintechfutures