ကွီးတို့သည် ပါတီပွဲတစ်ခု ကျင်းပတော့မယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်လေ့ရှိပါသလား (သို့) ပွဲစီစဉ်သူများထံ အပ်နှံကာ ပြင်ဆင်ပါသလား။ ကိုယ့်ရဲ့ ခင်မင်ရင်းနှီးသူ မိတ်ဆွေများနှင့်ပဲ အိမ်တွင်းပါတီအကျဉ်းချုံးလေး ကျင်းပချင်တယ်ဆိုရင်တော့ Decoration အပြင်အဆင်ကို ကိုယ်တိုင်ကိုယ်ကျပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ပါတီပွဲ ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်တဲ့အခါ ထိုပါတီနဲ့ လိုက်ဖက်တဲ့ Theme ကို သေသေချာချာရွေးချယ်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ကိုယ်ကျင်းပမယ့် ပါတီပွဲ နဲ့ လိုက်ဖက်အောင် ဘယ်လို Theme မျိုး ဖန်တီးရမလဲ။

ဘယ်လိုပွဲအမျိုးအစားလဲဆိုတာ အရင်ဦးဆုံး စဉ်းစားပါ

ပါတီပွဲ Theme

Photo: Pinterest

ကိုယ် ကျင်းပမယ့် ပါတီပွဲက ဘယ်လိုအမျိုးအစားလဲဆိုတာ အရင်ဦးဆုံး စဉ်းစားသင့်ပါတယ်။ မွေးနေ့ပါတီလား။ ပျော်ပျော်ပါးပါးနဲ့ စိတ်လွတ်လက်လွတ်ကဲနိုင်မယ့် ပါတီမျိုးလား။ လူငယ်တွေချည်းပဲလား။ လူကြီးမိဘတွေရော ပါလာမှာလား စတဲ့အချက်တွေကို ထည့်စဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။

အရောင်ကို ထည့်တွက်ပါ

ပါတီပွဲ Theme

Photo: HOORAY! Mag

အဖြူနဲ့ အနက်ရောင်အတွဲအစပ်ကတော့ လှပခံ့ညားမှုကို ဖော်ကျူးနေပြီး အနီနဲ့ အစိမ်းကတော့ ခရစ္စမတ်ပါတီပွဲများနှင့် လိုက်ဖက်ပါတယ်။ သင့်အနေနဲ့ ပါတီပွဲနဲ့ လိုက်ဖက်တဲ့အရောင်အတွဲအစပ်တွေကို သေချာဖန်တီးဖို့ လိုအပ်ပါတယ်။ အရောင်အတွဲအစပ်တွေအကြောင်း သိပ်မကျွမ်းကျင်ဘူးဆိုရင်တော့ သေသေချာချာ လေ့လာပြီးမှသာ ပြင်ဆင်သင့်ပါတယ်။

မိမိရဲ့အကြိုက်ကိုလည်း ဦးစားပေးပါ

ပါတီပွဲ Theme

Photo: iStock

သင်ကိုယ်တိုင် ကျင်းပမယ့် ပါတီပွဲဆိုတော့ သင့်အကြိုက်ကိုလည်း ဦးစားပေးဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အကြိုက်ဆုံး ရုပ်ရှင်၊ အကြိုက်ဆုံး စာအုပ်က ဘယ်စာအုပ်ဖြစ်မလဲ။ ထိုရုပ်ရှင်အတိုင်း သင့်ရဲ့ ပါတီပွဲ Theme ကို ဖန်တီးနိုင်ပါတယ်။

ဘက်ဂျက်ကို ချိန်ညှိပါ

ပါတီပွဲ Theme

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ဘတ်ဂျက် ဘယ်လောက်သုံးမလဲ။ ဧည့်သည်ဘယ်နှယောက်လောက် ဖိတ်ထားသလဲ စတဲ့ အသေး စိတ်အချက်အလက်များကို ထည့်သွင်းစဉ်းစားကာ ပါတီပွဲကို စီစဉ်ရမှာပဲဖြစ်ပါတယ်။ ကိုယ် နဂို ခန့်မှန်းထားတဲ့ ဘတ်ဂျက်ထက် ကျော်လွန်ကာ မသုံးမိဖို့ကိုလည်း သေချာဂရုစိုက်သင့်ပါတယ်။

သူငယ်ချင်းများနှင့် တိုင်ပင်ပါ

man discuss with friends

Photo: Freepik

ဟုတ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုမှ စဉ်းစားလို့မရတော့ဘူး။ ဦးနှောက်ခြောက်နေပြီဆိုရင်တော့ သင့် သူငယ်ချင်းများနှင့် အတူတူတိုင်ပင်ကာ ဖန်တီးနိုင်ပါတယ်။ ဒါမှမဟုတ် သင် အရင်တုန်းက တက်ခဲ့တဲ့ ပါတီပွဲတွေအကြောင်းကို ပြန်လည်စဉ်းစားကာ ပုံရိပ်ဖော်ကြည့်ပါ။ ထို ပါတီပွဲ မှာတုန်းကတော့ ပွဲစီစဉ်သူများ၊ ပြင်ဆင်သူများက ဘယ်လို Theme မျိုး၊ ဘယ်လို Decoration မျိုးနှင့် ပြင်ဆင်ထားသလဲဆိုတာကို နမူနာယူကာ သင့်ရဲ့ပါတီပွဲကိုလည်း ထိုအတိုင်း ပြင်ဆင်နိုင်ပါတယ်။

လတ်တလောမှာ ဘယ်လိုအရာက ခေတ်စားသလဲ လေ့လာပါ

party

Photo: Pexel

လက်ရှိအချိန်မှာ ဘယ်အရာက ခေတ်စားသလဲဆိုတာကို တစေ့တစောင်း ပြန်လေ့လာကြည့်လိုက်ပါ။ ဒါဆိုရင် သင့် ပါတီပွဲ အတွက် ဘယ်လို Theme မျိုး ဖန်တီးရမလဲဆိုတဲ့ အိုင်ဒီယာအသစ်အဆန်းလေး ထွက်လာပါလိမ့်မယ်။ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေအောင် ဖန်တီးနိုင်တဲ့အခါ သင့်ရဲ့ပါတီပွဲသည် ပိုမိုအသက်ဝင်လာမှာပဲ ဖြစ်ပါတယ်။

ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပါတီပွဲ နဲ့ အလိုက်ဖက်ဆုံး Theme တစ်ခုကို ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။

Source: Papillonevents

Featured Image: Thehoneycombers