သင်္ဃန်းကျွန်း နဲ့ သုဝဏ္ဏ အနီးတဝိုက်က ဘော်ဒါတို့အတွက် စားရင်းသောက်ရင်း အေးအေးဆေးဆေး Chill လို့ ကောင်းတဲ့ ဆိုင် လေးတွေ မျှဝေပေးချင်ပါတယ်။ Bar ထိုင်ပြီဆိုရင် နားအေးပါးအေးနဲ့ သက်တောင့်သက်သာရှိတဲ့ ဆိုင်မျိုးတဲ့ ကြိုက်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုင်လေးတွေက လုံးဝကွက်တိ ကျစေမှာပါ။ ကဲဒါဆို ဘယ် ဆိုင်လေးတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) BOSS Prawning

Photo : BOSS Prawning

ဒီဆိုင်လေးကတော့ ပုံမှန်ထိုင်နေကျ Bar တွေ Restaurant တွေနဲ့ တော်တော်လေး ကွဲပြားပြီး အမိုက်စားခံစားမှု အတွေ့အကြုံ အသစ်တွေပေးမယ့် ဆိုင် လေး။ ရန်ကုန်မြို့ထဲမှာပဲ ပေါ့ပေါ့ပါးပါး ကိုယ်တိုင်ပုစွန်လေးတွေ မျှားပြီး Relax လုပ်လို့ရတာဆိုတော့ တကယ့်ကိုပဲ ထူးခြားတဲ့ Vibe အသစ်လေးကို ခံစားရစေမှာပါ။ ကွီးတို့ ကိုယ်တိုင် ပုစွန်မျှားမယ်ဆိုရင် ၁ နာရီကို ၁၄၀၀၀ ကျပ် ၊ ၂ နာရီကို ၂၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ကိုယ်တိုင်လက်စွမ်းပြ မျှားထားတဲ့ ပုစွန်တွေကို ကင်ပဲကင်ကင် ၊ ချက်ပဲချက်ချက် စိတ်တိုင်းကျ ပြင်ဆင်ခိုင်းလို့ ရတယ်။ ပုစွန်မမျှားချင်ဘူးဆိုရင်လည်း ကျယ်ဝန်းတဲ့ BOSS Prawning ဆိုင်ထဲမှာ အမိုက်စား Special Menu တွေကို မြည်းစမ်းရင်း အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ ရတယ်။ ဆိုင်နေရာက ပေါ်ဆန်းမွှေးလမ်းပေါ်ဆိုတော့ နားအေးပါးအေးနဲ့ လုံးဝ Relax လုပ်လို့ ကောင်းတယ်။ ဘီယာအေးအေးနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ မြည်းစမ်းရင်း အနားယူအပန်းဖြေချင်ရင် ဒီဆိုင်လေးက‌ တော်တော်‌လေး ကွက်တိကျစေမှာပါ။ ဆိုင်လိပ်စာက အမှတ် ၈ ၊ ပေါ်ဆန်းမွှေးလမ်း ၊ သုဝဏ္ဏ ၊ သင်္ဃန်းကျွန်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) CUBA 7 – The Whisky Bar

Photo : CUBA 7 – The Whisky Bar

ဒီဆိုင်လေးကတော့ သံသုမာလမ်းမကြီးပေါ်မှာရှိတဲ့ CUBA ရဲ့ ဆိုင်ခွဲ နံပါတ် ၇ အမိုက်စား The Whisky Bar လေး ဖြစ်ပါတယ်။ ဆိုင်နေရာအပြင်အဆင် ကျယ်ကျယ်ဝန်းဝန်း ရှိလို့ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့ အကြိုက်တွေ့စေမှာပါ။ ဒီဆိုင်မှာက အောက်ထပ်နဲ့ အပေါ် ထပ် Rooftop ဆိုပြီး ထိုင်စရာနေရာလေးတွေ ပြင်ဆင်ပေးထားတယ်။ ဘော်ဒါတွေနဲ့ သီးသီးသန့်သန့် ထိုင်ချင်သူတွေအတွက်လည်း သီးသန့်အခန်းလေး ကန့်ထားပေးတယ်။ ဆိုတော့ အောက်ထပ်မှာပဲ လွတ်လွတ်လပ်လပ် ထိုင်မလား ၊ ညနေခင်း အချိန်တွေမှာ လေတဖြူးဖြူးနဲ့ Rooftop မှာပဲ Chill မလား စိတ်ကြိုက်ရွေးလို့ရတယ်။ နောက်ပြီး ဒီဆိုင်မှာက ကွီးတို့အကြိုက် ဘိလိယက်ခုံလေးလည်း ထားပေးထားတော့ သောက်ရင်းစားရင်း ဘိလိယက်ထိုးရင်း အနားယူအပန်းဖြေလို့ ရတယ်။ အစားအသောက်တွေ စုံတယ်။ အကင်တွေ မိုက်တယ်။ ကော့လ်တေးတွေလန်းတယ်။ ဈေးတွေလည်း တော်တော်လေး သင့်တယ်လို့ ပြောလို့ရတယ်။ CUBA ရဲ့ ထုံးစံအတိုင်း အပတ်စဉ် အမိုက်စား Unplugged Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေလည်း ရှိတယ်။ ဆိုင် လိပ်စာကတော့ အမှတ်(၂/၄) ၊ သံသုမာလမ်း ၊ (၂၃) ရပ်ကွက် ၊ သုဝဏ္ဏ ၊ သင်္ဃန်းကျွန်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Native Kitchen

Photo : Native Kitchen

ဒီဆိုင်လေးက အေးအေးဆေးဆေး ထိုင်ချင်သူတွေ ၊ စုံလင်လှတဲ့ အစားအသောက် Menu တွေနဲ့ Live Music ဖျော်ဖြေမှုတွေကို ခံစားရင်း Chill ချင်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ ဆိုင် လေး။ ဆိုင်နေရာထိုင်ခင်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိတယ်။ အစားအသောက်ပိုင်းမှာဆိုရင် ရွေးချယ်စရာတော်တော်လေး စုံတယ်။ ဒီဆိုင်မှာ မိုက်တာတစ်ခုက အစားအသောက် Menu တွေများလို့ ဘာရွေးရမလဲခေါင်းစားစရာ မလိုအောင် စားစရာ ဟင်းပွဲတွေနဲ့ Drink တွေကို အတွဲအစပ်မိမိ Set အလိုက် ရွေးချယ်လို့ရအောင် စီစဉ်ပေးထားတယ်။ အခုလက်ရှိ ဘီယာနဲ့ ကော့လ်တေး ကို Buy 2 Get 1 ပရိုမိုးရှင်းပေးနေတာဆိုတော့ အလှမသောက်ပဲ အဝသောက်မယ့် ကွီးတို့အတွက်က ရှယ်ပဲ။ ရှီရှားကြိုက်တဲ့ ကွီးတို့အတွက်လည်း ၃၀ ရာခိုင်နှုန်း ပရိုမိုးရှင်းပေးနေတယ်။ သောကြာ၊ စနေ ၊ တနင်္ဂနွေနေ့တွေမှာ အမိုက်စား Live Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ အေးဆေး အနားယူအပန်းဖြေချင်တဲ့ ကွီးတို့အတွက် အကြိုက်ပါပဲ။ ဆိုင်လိပ်စာက အမှတ် (၂) ၊ တောင်ထိပ်ပန်းလမ်း ၊ သုဝဏ္ဏ (The One Entertainment Park မျက်နှာချင်းဆိုင်) သင်္ဃန်းကျွန်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : CUBA 7 – The Whisky Bar