ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဟောလိုးဝင်း Season လေး ရောက်ရှိလို့လာခဲ့ပါပြန်ပါပြီ။ သရဲကြီးများညမှာ ပါတီပွဲ ကျင်းပဖို့ စီစဥ်နေကြတဲ့ ကွီးတို့အတွက် အလန်းစား Tips လေးတွေ ပေးချင်ပါတယ်။ ဟောလိုးဝင်း ပါတီ ကျင်းပတဲ့အခါ အစားအသောက်၊ Decorations နှင့် တေးဂီတ အစရှိတဲ့ အသေးစိတ်ကအစ စဥ်းစားရတာဖြစ်ပါတယ်။

ပါတီပွဲ လာမယ့်သူတွေအနေနဲ့လည်း ပါတီပွဲတက် ဝတ်စုံများကို Theme နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအသေးစိတ်ပြင်ဆင်မှုများကအစ ဂရုစိုက်ပေးတဲ့အခါ အသက်ဝင်တဲ့ ဟောလိုးဝင်းပါတီတစ်ခုကို ကျင်းပနိုင်ပြီပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့လည်း ဟောလိုးဝင်း Decorations များကို အသက်ဝင်အောင် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနှင့် ပြင်ဆင်နိုင်ပါတယ်။

အရိုးခေါင်းများနှင့် ပြင်ဆင်မယ်

ဟောလိုးဝင်း Decorations

ဟောလိုးဝင်း Decorations များအတွက် အလိုက်ဖက်ဆုံး အရောင်များကတော့ အနက်ရောင်၊ အဖြူရောင်နှင့် အနီရောင်တို့ပဲဖြစ်ပါတယ်။ ထိုအရောင် သုံးရောင်ကို လှလှပပ ပြင်ဆင်ထားလိုက်ပါ။ ထို့နောက် စားပွဲပေါ်မှာ အရိုးခေါင်းပုံများဖြင့် ထပ်မံကာ အလှဆင်ပေးလိုက်ပါ။

မျက်လုံးများ ထည့်ထားတဲ့ ကော့တေးဖျော်ရည်များ

ဟောလိုးဝင်း Decorations

ကော့တေးဖျော်ရည်များထဲသို့ သံလွင်သီးများကို မျက်လုံးပုံသဏ္ဍာန် ပြုလုပ်ပြီးနောက် ကော့တေးဖျော်ရည်များထဲ ထည့်ကာ အလှဆင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကော့တေးဖျော်ရည် သောက်ရတဲ့အခါ ကျောတချမ်းချမ်းဖြင့် ကြက်သီးမွှေးညှင်းများ ထနေမှာပဲဖြစ်ပါတယ်။​

သရဲ ဘရောင်နီများ

ဟောလိုးဝင်း Decorations

အချိုပွဲအတွက် ဘယ်လိုအိုင်ဒီယာများနှင့် အလှဆင်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတယ်ဆိုရင်တော့ ဒီလိုမျိုး အလှဆင်ပေးလိုက်ပါ။ အချိုပွဲများပေါ်မှာ သရဲလေးတွေကို ချစ်စဖွယ်အလှဆင်ထားလိုက်မယ်ဆိုရင်တော့ အမိုက်စားအချိုပွဲလေး ရရှိသွားပြီပဲ ဖြစ်ပါတယ်။

ပင့်ကူအိမ်များ ဖန်တီးပါ

ဟောလိုးဝင်း Decorations

ကြိုးအဖြူများကို အသုံးပြုကာ ပင့်ကူမျှင်များသဖွယ် ဖန်တီးပြီး ပင့်ကူအိမ် ပြုလုပ်လိုက်ပါ။ ထို့နောက် ရွှေဖရုံသီးများကို ကြောက်စရာမျက်နှာပုံစံ ထွင်းထုကာ ထပ်မံအလှဆင်ပေးလိုက်မယ်ဆိုရင် ကွီးတို့အတွက် အမိုက်စားဟောလိုးဝင်း Decorations တစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။​

ဒိုးနတ်များကို ခပ်မိုက်မိုက် အလှဆင်ပါ

ဟောလိုးဝင်း Decorations

ဒိုးနတ်များကို စားနေကျ ချစ်စရာ ပုံစံများလိုမဟုတ်ဘဲ အဆိပ်ဖျော်ရည်များ လောင်းချထားသလို အလှဆင်ထားလိုက်ပါ။ စားရမယ့်လူတောင် လက်တွန့်သွားပါလိမ့်မယ်။

ရွှေဖရုံသီး ဂိမ်းဆော့ပါ

ဟောလိုးဝင်း Decorations

ဒီဂိမ်းဆော့ဖို့အတွက်ဆိုရင်တော့ ရွှေဖရုံသီးနဲ့ တံမြက်စည်းတို့ လိုအပ်ပါလိမ့်မယ်။ ကစားသမားများကို အဖွဲ့လိုက် ခွဲထားပါ။ ထို့နောက် ဖရုံသီးများကို တံမြက်စည်းနှင့် လှည်းကာ အရင်ဦးဆုံး ဂိုးအထိ ပစ်သွင်းနိုင်တဲ့သူက အနိုင်ရတဲ့အဖွဲ့ဖြစ်သွားပါလိမ့်မယ်။

ပင့်ကူ ဘောလုံးများ

ဟောလိုးဝင်း Decorations

ဘောလုံးများကိုလည်း ဟောလိုးဝင်းနှင့် လိုက်ဖက်တဲ့ အရောင်များကို အသုံးပြုထားပြီးနောက် ဘောလုံးရဲ့ အောက်ခြေမှာ ပင့်ကူများဖြင့် ချိတ်ဆွဲထားလိုက်ပါ။ ဒါဆိုရင်တော့ အမိုက်စား ဘောလုံး Decoration စတိုင်လ်တစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။​

သွေးစုတ်ဖုတ်ကောင် လင်းနို့သစ်ရွက်များ

ဟောလိုးဝင်း Decorations

သစ်ရွက်များကို အမဲခြယ်ထားကာ ထိုသစ်ရွက်ပေါ်မှာ ဆေးအဖြူဖြင့် လင်းနို့ပုံ အလှဆင်ထားလိုက်ပါ။ ဆေးခြောက်သွားတဲ့အခါမှာတော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ့် လင်းနို့ပုံသစ်ရွက်များ ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Goodhousekeeping

Featured Image: Realsimple