အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ သာကေတမြို့နယ် ထဲက ထိုင်လို့ကောင်းတဲ့ အမိုက်စား Bar နဲ့ Restaurant တွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) TiKi Bar

Photo : TiKi Bar

ဒီဆိုင်လေးက မြင်တော်သာလမ်းမကြီးပေါ်က လူငယ်ဆန်ဆန် အထာကျကျ Chill လို့ရမယ့် Bar လေး။ ဆိုင်လေးက ခပ်ကျဉ်းကျဉ်းလို့ ထင်ရပေမယ့် အပေါ်ထပ်အောက်ထပ် ထိုင်စရာနေရာလေးတွေ ပြင်ဆင်ပေးထားတယ်။ အပြင်ဘက် Outdoor မှာ လွတ်လွတ်လပ်လပ် ထိုင်ချင်တဲ့ ကွီးတိုအတွက်လည်း Table ဝိုင်းလေးတွေ ပြင်ပေးထားတယ်။ ဒီဆိုင်မှာ အစားအသောက်တွေ စုံတယ်။ ပင်လယ်စာနဲ့ အကင်တွေ တော်တော်မိုက်တယ်။ ကော့လ်တေး ဆန်းဆန်းလေးတွေနဲ့ သောက်စရာ Drink တွေစုံတယ်။ Unplugged Music အစီအစဉ်လည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၁၂၅၇ ၊ မြင်တော်သာလမ်း ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) THE LUX

Photo : THE LUX

ဒီဆိုင်လေးက ဧရာဝဏ်လမ်းမကြီးပေါ်က ပေါ့ပေါ့ပါးပါး ထိုင်လို့ကောင်းတဲ့ ဆိုင်လေး။ ဆိုင်ဖွင့်တာတော့ သိပ်မကြာသေးဘူး။ ဆိုင်အပြင်အဆင်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တယ်။ ဆိုင်ထဲမှာပဲ ထိုင်မလား ၊ ဆိုင်အပြင်ဘက် ခြံဝန်းလေးထဲမှာပဲ ထိုင်မလား စိတ်ကြိုက်ရွေးလို့ရတယ်။ အစားအသောက်တွေ စုံတယ်။ ရှီရှား ၊ ကော့လ်တေး ၊ ဘီယာ ၊ ဝီစကီ ရွေးချယ်စရာ အစုံရှိတယ်။ ဒီဆိုင်လေးမှာ ပြည်တွင်းဖြစ် Shwe Beer လည်းရတယ်။ ဆိုင်လိပ်စာက အမှတ် ၇၃ ၊ ဧရာဝဏ်လမ်းမကြီး၊ ရှစ်ဂိတ်ကားဝင်းကြီးရှေ့၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Hlyan Phyo Pro BBQ & Restaurant


Photo : Hlyan Phyo Pro BBQ & Restaurant

ဒီဆိုင်လေးက ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် အေးဆေး Chill ချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် ဆိုင်လေး။ မိသားစုနဲ့ အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းချင်လို့ပဲ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး တွေ့ဆုံချင်လို့ပဲ ဖြစ်ဖြစ် ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ ဆိုင်နေရာ အခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ စိတ်လွတ်လက်လွတ် ထိုင်လို့ရတယ်။ အစားအ သောက်တွေလည်း တော်တော်စုံတယ်။ အကင်တွေ ၊ ပင်လယ်စာဟင်းပွဲတွေ ၊ ထိုင်းစတိုင်ဟင်းပွဲတွေ ၊ အကြော် ၊ အလှော် ၊ အသုပ် အရသာရှိတဲ့ ဟင်းပွဲ Menu တွေ အစုံရတယ်။ အပြင်းအပျော့ သောက်စရာ Drink တွေလည်း စုံတယ်။ ဆိုင်လိပ်စာက အမှတ် ၂၉၆ ၊ ဧရာဝဏ်လမ်းမကြီး ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။