Bar တွေ ထိုင်ကြတဲ့အခါ အမြဲထိုင်နေကျဆိုင်တွေပဲ သွားနေရင် ရိုးအီပြီး ငြီးငွေ့လာမှာ အသေအချာပါပဲ။ တစ်ခါတစ်လေမှာ မြင်ကွင်းအသစ် ၊ ခံစားမှုအသစ်တွေ ရစေဖို့ မတူညီတဲ့ ဆိုင်အသစ်အဆန်းလေးတွေ ပြောင်းထိုင်ရတာဟာလည်း ပျော်ရွှင်မှုတစ်ခုပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့ ထဲက ထိုင်လို့ကောင်းတဲ့ အဆန်းသစ်ဆုံး Bar လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(၁) AD SPACE

Photo : AD SPACE

ဒီဆိုင်လေးကတော့ မရမ်းကုန်းမြို့နယ်ထဲက အဆန်းသစ်ဆုံး အမိုက်စား Bar လေးတစ်ခုပါ။ ဒီဆိုင်လေးမှာက Open Space မှာပဲ လွတ်လွတ်လပ်လပ် ထိုင်ရတာကြိုက်တဲ့သူတွေအတွက် Paradise SPACE လို့ခေါ်တဲ့ အပေါ်ထပ် နေရာလေးရယ် ၊ သီချင်း အေးအေးငြိမ့်ငြိမ့်လေးတွေ နားထောင်ရင်း Chill လို့ရမယ့် Ground Floor က LOVE SPACE ဆိုတဲ့ နေရာလေးရယ်နဲ့ မတူညီတဲ့ Vibe လေးတွေ ပြင်ဆင်ပေးထားတယ်။ အစားအသောက်တွေလည်း စုံလင်ပြီး အပတ်စဉ် နာမည်ကြီး Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိတော့ ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်း အေးဆေး အနားယူအပန်းဖြေလို့ ရတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၆) ၊ အနောက် မေခ (၃) လမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) City – Sports Bar

Photo : City – Sports Bar

ဒီဆိုင်လေးကတော့ အဆန်းသစ်ဆုံး အပြင်အဆင်တွေ ၊ စုံလင်တဲ့ အစားအသောက်တွေနဲ့ တောင်ဥက္ကလာပမြို့နယ်ထဲက အမိုက်စား Bar လေးပါ။ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် ထိုင်ရတာ ကြိုက်သူတွေအတွက်တော့ ဒီဆိုင်လေးက ကွက်တိကျစေမှာပါ။ အရသာရှိတဲ့ အစားအသောက်တွေ ၊ ရွေးချယ်စရာ Drink တွေစုံလင်ပြီး Music Band တွေရဲ့ ဂီတဖျော်ဖြေမှု အစီအစဉ်တွေကလည်း လုံးဝအမိုက်စားပါပဲ။ ဆိုင်လိပ်စာကတော့ အမှတ် ၁၁၁၃ (ခ) ၊ သစ္စာလမ်း ၊ ၇ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) THE LUCKEE CAT

Photo : THE LUCKEE CAT

ဒီဆိုင်လေးကတော့ Rooftop ကြိုက်တဲ့ ကွီးတို့အတွက် အထူးခြားဆုံး ခံစားမှု အသစ်အဆန်းတွေ ပေးစွမ်းနိုင်မယ့် Bar မိုက်မိုက်လေးပါ။ ကမ္ဘာအေးဘုရားလမ်းပေါ်က Areca Hotel ရဲ့ Rooftop မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာက Rooftop ရဲ့ လွတ်လပ်မှု အရသာကို အပြည့်အဝခံစားရင်း နာမည်ကြီး အရှေ့တောင်အာရှ ဟင်းလျာတွေကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေ သုံးဆောင်ရင်း View လှလှလေးတွေ ကြည့်ပြီး စိတ်အပန်းဖြေရတာ ကြိုက်တယ်ဆိုရင်တော့ THE LUCKEE CAT ဆိုတဲ့ ဆိုင်လေးက လုံးဝ Must Try ပါပဲနော်။ ဆိုင်လိပ်စာကတော့ အမှတ် (၅၇၁) ၊ ဂန္ဓမာလမ်း နဲ့ ကမ္ဘာအေးဘုရားလမ်း ထောင့် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : THE LUCKEE CAT