ကိုရီးယားအစားအစာ၊ ဂျပန်အစားအစာ၊ မြန်မာရိုးရာအစားအစာ၊ ထိုင်းအစားအစာ၊ အနောက်တိုင်းအစားအစာ စသည်ဖြင့် အမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာတော့ အနောက်တိုင်း အစားအစာများကို ကြိုက်နှစ်သက်ကြတဲ့ ကွီးတို့အတွက် ရန်ကုန် မြို့တွင်းရှိ စားသောက်ဆိုင် များအကြောင်း ဝေမျှပေးချင်ပါတယ်။

အနောက်တိုင်း အစားအစာများကို အရသာရှိရှိ မြည်းစမ်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရန်ကုန် မြို့တွင်းရှိ စားသောက်ဆိုင် များဆီသို့ သွားရောက်သင့်ပါတယ်။

Seeds Restaurant & Lounge

အနောက်တိုင်း ရန်ကုန် စားသောက်ဆိုင်

Photo: Seedsyangon

ဒီဆိုင်လေးကတော့ နိုင်ငံတကာအစားအစာများအပြင် အနောက်တိုင်း အစားအစာများပါ မြည်းစမ်းနိုင်တဲ့ ရန်ကုန် မြို့တွင်းရှိ စားသောက်ဆိုင် ကောင်း တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၃၄ ဒေါ်လာကနေ အများဆုံး ဒေါ်လာ ၁၀၃ ဝန်းကျင်ကြားရှိပါတယ်။

ဆိုင်ရဲ့တည်နေရာကတော့ ပါရမီလမ်းအနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Shwe Sa Bwe

အနောက်တိုင်း ရန်ကုန် စားသောက်ဆိုင်

Photo: TripAdvisor

ဒီဆိုင်လေးကတော့ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်တွင် တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ တနေကုန် ဖွင့်တာမျိုးမဟုတ်ဘဲ မနက်ခင်းကနေ နေ့လည်ခင်းအထိ တစ်ချိန်၊ ညနေခင်းကနေ ညပိုင်းအထိ တစ်ချိန်ဆိုပြီး ဖွင့်ထားတာဖြစ်ပါတယ်။ သွားရောက်မြည်းစမ်းချင်တယ်ဆိုရင်တော့ နံနက် ၁၁ နာရီခွဲကနေ မွန်းလွဲ ၂ နာရီ၊ ညနေ ၄ နာရီ ၄၅ မိနစ်ကနေ ည ၁၀ နာရီခွဲအချိန်များတွင် သွားရောက်နိုင်ပါတယ်။

အနောက်တိုင်း အစားအစာများအပြင် သားသတ်လွတ်သမားများအတွက်လည်း အစားအစာများ တည်ခင်းဧည့်ခံပေးလေ့ရှိကြပါတယ်။ အစားအစာများကတော့ ဈေးနှုန်း ၂၈ ဒေါ်လာကနေ ၈၃ ဒေါ်လာအထိ အစားစားရှိပါတယ်။

Le Planteur

အနောက်တိုင်း ရန်ကုန် စားသောက်ဆိုင်

Photo: TripAdvisor

ဒီဆိုင်လေးမှာတော့ ဥရောပအစားအစာ၊ ပြင်သစ်အစားအစာများအပြင် မတူညီတဲ့ရိုးရာအစားအစာနှစ်ခုကို ရောစပ်ကာ ပြုလုပ်ထားတဲ့ အစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၅ ကနေ ၂၀၆ ဒေါ်လာအထိ အစားစား ရှိပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်တွင်တည်ရှိပြီ။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီခွဲအထိဖြစ်ပါတယ်။

Le Cellier, Wine Bar & Restaurant

restaurants in Yangon

Photo: Trip.com

ဒီ အနောက်တိုင်း စားသောက်ဆိုင်ကတော့ ရန်ကုန် မြို့တွင်းရှိ Novotel Yangon Max ဟိုတယ်ရဲ့ ၁၄ ထပ်မြောက်တွင် တည်ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ပြင်သစ်စာ၊ အနောက်တိုင်း အစားအစာများအပြင် Wine Bar လည်း ပါဝင်တဲ့အတွက်ကြောင့် လူကြိုက်များတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။

ဈေးနှုန်းကတော့ ၁၄ ဒေါ်လာကနေ ၇၆ ဒေါ်လာအထိ အမျိုးမျိုးရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

E’cucina Italian Restaurant

restaurants in Yangon

Photo: Mmtimes

ဒီဆိုင်လေးကတော့ အီတလီအစားအစာ ကြိုက်နှစ်သက်သူများအတွက် ရွေးချယ်သင့်တဲ့ စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ အီတလီစာကိုမှ တောင်ပိုင်းရှိ အီတလီဒေသအစားအစာ၊ အလယ်ပိုင်းဒေသ အီတလီအစားအစာများအပြင်၊ ပီဇာအမျိုးမျိုးနှင့် မြေထဲပင်လယ်အစားအစာအမျိုးမျိုးကိုလည်း မှာယူစားသောက်နိုင်ပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၈ ဒေါ်လာကနေ ၁၅၁ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။ ဆူးလေဘုရားနှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိတဲ့ Pullman ဟိုတယ်ထဲတွင် တည်ရှိပြီး စားသောက်ဆိုင် ဖွင့်ချိန်ကတော့ နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။

Featured Image: Rosewoodhotels