မင်္ဂလာပါ ကွီးတို့ရေ။ ကွီးတို့ အတွက် အမြဲတမ်း အရသာရှိမဲ့ အစားအသောက်တွေ ထိုင်လို့ကောင်းတဲ့ ဘား လေးတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်လေး ပြန်လာပါပြီ။ ဒီတစ်ခါမှာလည်း ကွီးတို့အတွက် အရသာရှိတဲ့ အစားအစာနဲ့ အဖျော်ယမကာ များကို တစ်နေရာတည်းမှာ သုံးဆောင်လို့ရတဲ့ ဘား နဲ့ စားသောက်ဆိုင်များကို ဖော်ပြပေးချင်ပါတယ်။
CUBA 7 – The Whiskey Bar

Photo : CUBA 7 – The Whiskey Bar
ကွီးတို့အတွက် အဖျော်ယမကာ များအပြင် အရသာရှိတဲ့ အစားအသောက်များ စုံလင်လှတဲ့ ဘား တစ်ခုကတော့ CUBA 7 – The Whiskey Bar ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အနေအထားက ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် ကွီးတို့ ဘော်ဒါတွေ အုပ်စုလိုက်နဲ့ လာပြီး Chill လို့ကောင်းတဲ့ ဘားလေးပါပဲ။ ဒီဘားလေးမှာ Unplugged တေးဂီတ အစီအစဉ်တွေလည်း ရှိတော့ တကယ်ကို အမိုက်စားပဲပေါ့။
ဒီဘားလေးမှာ ဝီစကီ၊ ဘီယာ၊ ကော့လ်တေး အစရှိတဲ့ အဖျော်ယမကာမျိုးစုံအပြင် အရသာရှိတဲ့ ဟင်းပွဲ Menu တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် လတ်ဆတ်တဲ့ Seafood အစုံကို ကွီးတို့ သုံးဆောင်မြည်းစမ်းလို့ ရပါတယ်။ Seafood မှ Seafood ဆိုတဲ့ ကွီးတို့အတွက်တော့ ရွေးချယ်စရာကောင်းတဲ့ ဘားလေးပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၂/၄)၊ သံသုမာလမ်း၊ ၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Point Bar & Restaurant

Photo : Point Bar & Restaurant
တာမွေ၊ ကျောက်မြောင်းဘက်မှာရှိတဲ့ Point Bar & Restaurant ဆိုတဲ့ ဆိုင်လေးကလည်း အစားအစာနဲ့ အဖျော်ယမကာ များကို တစ်နေရာတည်းမှာ သုံးဆောင်လို့ရတဲ့ ဘား လေးပါပဲ။ ဆိုင် အနေအထားလေးကလည်း လူငယ်ဆန်ပြီး အေးဆေးထိုင်လို့ ရပါတယ်။
ဒီဘားလေးမှာ အဖျော်ယမကာများလည်း အပြင် အစားအသောက်ပိုင်းမှာဆိုရင်လည်း အကင်မျိုးစုံ၊ မာလာရှမ်းကော၊ အထောင်းအမျိုးမျိုးတို့ အပြင် အရှေ့တိုင်း အစားအစားများ၊ အနောက်တိုင်း အစားအစာများနဲ့ ရခိုင်အစားအစာတွေကို တစ်နေရာတည်းမှာ အရသာရှိရှိ သုံးဆောင်မြည်းစမ်းလို့ ရပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၂၇)၊ ဩဘာလမ်းနဲ့ စကြာလမ်းထောင့်၊ ကျောက်မြောင်း ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Mix Restaurant & Bar Myanmar

Photo : Mix Restaurant & Bar Myanmar
နောက်ထပ် ဖော်ပြချင်တဲ့ ဆိုင်လေးကတော့ Mix Restaurant & Bar Myanmar ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က တကယ်ကို ခမ်းနားပြီး အေးဆေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမှာ ဘော်ဒါတွေနဲ့ပဲ အေးဆေး Chill မလား၊ ချစ်သူလေးနဲ့ ပဲ Date မလား၊ မိသားစုနဲ့ပဲ ထိုင်မလား၊ ကွီးတို့စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။
ဒီဆိုင်လေးမှာ အမျိုးအစားစုံလင်လှတဲ့ အဖျော်ယမကာများအပြင် ဖျော်ရည်မျိုးစုံလည်း ရပါတယ်။ အစားအသောက်ပိုင်းမှာ ဆိုရင်လည်း ထိုင်းစာ၊ တရုတ်အစားအစာ၊ နိုင်ငံတကာ အစားအစာများစတဲ့ အမျိုးအစား စုံလင်လှတဲ့ အစားအသောက်ကောင်းတွေကို မြည်းစမ်း သုံးဆောင်လို့ ရပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၆၈)၊ တော်ဝင်လမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Mix Restaurant & Bar Myanmar
