ကွီးတို့ အိမ်မှာပဲ လူနည်းနည်းနဲ့ ပျော်စရာကောင်းတဲ့ သီးသန့် အိမ်တွင်းပါတီ ပွဲလေးတစ်ခု ကျင်းပဖို့ စဉ်းစားနေလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ပါတီလေးကို အမိုက်စားဖြစ်အောင် ကူညီပေးနိုင်မယ့် အိုင်ဒီယာလေးတွေ မျှဝေပေးချင်ပါတယ်။ ကဲဒါဆို သူငယ်ချင်း အပေါင်းအသင်းတွေ ၊ မိသားစုဝင်တွေနဲ့ အမိုက်စား အိမ်တွင်းပါတီ ပွဲတစ်ခု ဖန်တီးနိုင်ဖို့ အကြံပြုချက်လေးတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ပါတီလာမယ့် ဧည်သည့်စာရင်းကို ချရေးထားပါ

Photo : The Spruce

ပါတီမှာ ဘယ်သူတွေကို ဖိတ်မှာလဲ ၊ သူငယ်ချင်း ၊ မိသားစုဝင်တွေအပြင် ခင်မင်ရင်းနှီးရတဲ့ အိမ်နီးနားချင်းတချို့တလေရော ဖိတ်ဦးမလား။ ပါတီကို ဧည်သည့် ဘယ်နှစ်ယောက် လာမှာလဲ စသည်ဖြင့် List လုပ်ထားပါ။ ပါတီကိုလာမယ့် လူစာရင်းလုပ်ထားတာက အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ကြိုတင်ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်။

(၂) ရောင်စုံမီးလေးတွေ အလှဆင်ဖို့ မမေ့ပါနဲ့

Photo : Baamboozle

အမိုက်စား ပါတီတစ်ခု ဖန်တီးချင်တယ်ဆိုရင် ပါတီ Decoration အပြင်အဆင်ကိုလည်း မေ့ထားလို့မရပါဘူး။ ပူဖောင်းတွေ ၊ နံရံကပ် စာတန်းတွေအပြင် ရောင်စုံ Neon မီးလေးတွေလည်း အလှဆင်သင့်ပါတယ်။ မီးရောင်စုံလေးတွေက ပါတီကို ပိုအသက်ဝင်စေပြီး ဆွဲဆောင်မှုရှိနေစေမှာ ဖြစ်ပါတယ်။

(၃) အားလုံးနဲ့အဆင်ပြေမယ့် အစားအသောက်တွေ စဉ်းစားပါ

Photo : Toledo Lucas County Public Library

ပါတီမှာ တည်ခင်းဧည့်ခံဖို့ အစားအသောက်စဉ်းစားတဲ့အခါ ရွေးချယ်စရာ အမယ်လေးတွေ အနည်းဆုံး ၃ , ၄ မျိုး ထားပေးပါ။ သောက်စရာတွေအနေနဲ့ ဝီစကီ ၊ ဘီယာ ၊ ကော့လ်တေးအပြင် အယ်လ်ကိုဟော မသောက်သူတွေအတွက် Juice တွေလည်း ထားပေးဖို့ လိုပါတယ်။ စားစရာတွေထဲမှာတော့ မြည်းလို့ကောင်းမယ့် BBQ အကင်တွေ အကြော်အလှော် ဟင်းပွဲတွေအပြင် ပေါ့ပေါ့ပါးပါး စားလို့ရမယ့် Snack လေးတွေလည်း ပြင်ဆင်ထားပေးဖို့ အကြံပြုချင်ပါတယ်။

(၄) DJ ငှားပါ / မြူးမြူးကြွကြွသီချင်းတွေဖွင့်ပါ

Photo : Hotels.com

ပါတီမှာ သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်နိုင်ဖို့ DJ တစ်ယောက်လောက် မဖြစ်မနေငှားသင့်ပါတယ်။ တကယ်လို့ DJ ငှားရမ်းဖို့ အဆင်မပြေတဲ့ အခြေအနေဆိုရင်တော့ ပါတီနဲ့ လိုက်ဖက်တဲ့ မြူးမြူးကြွကြွ သီချင်းလေးတွေ ၊ ကခုန်လို့ကောင်းတဲ့ EDM သီချင်းလေးတွေ ရွေးဖွင့်နိုင်ပါတယ်။

(၅) ပါတီဂိမ်းတွေထည့်ပါ

Photo : Saucey

ပါတီမှာ အပျော်တွေပိုတိုးစေဖို့ ပါတီဂိမ်း လေးတွေလည်း ဆော့သင့်ပါတယ်။ အဖွဲ့လိုက်ဖြစ်ဖြစ် ၊ တစ်ယောက်ချင်းဖြစ်ဖြစ် ပျော်ပျော်ပါးပါးဆော့လို့ရမယ့် ပါတီဂိမ်းလေးတွေ အများကြီးရှိပါတယ်။ ပျော်ပျော်ပါးပါး ပါတီဂိမ်းလေးတွေ ဆော့ကစားရင်း ပျော်ရွှင်ဖွယ် အမှတ်တရကောင်းလေးတွေ ဖန်တီးလိုက်ပါ။

Featured Photo : Ravepedia