ကွီးတို့ရေ ပုံမှန်လုပ်နေကျ ပါတီ တွေနဲ့မတူဘဲ ရေကူးကန်ဘေးမှာ သူငယ်ချင်းတွေနဲ့ အတူ Pool ပါတီ လေးလုပ်ချင်ပါသလား။ ပျော်ရွှင်စရာကောင်းပြီး စိတ်ကိုပါရွှင်လန်းတတ်ကြွစေတဲ့ Pool ပါတီလေး လုပ်မယ်ဆိုရင်တော့ ပြင်ဆင်ရမဲ့ အချက်တွေရှိပါတယ်။ ဒါကြောင့် ကွီးတို့ကို အရမ်းလန်းတဲ့ Pool ပါတီ လေးကျင်းပနိုင်စေရန် သိထားရမဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ပါတီလုပ်မဲ့နေရာ ရွေးချယ်ပါ

 အရမ်းလန်းတဲ့ Pool ပါတီ

Photo : Locale Magazine

ကွီးတို့အနေနဲ့ အရမ်းလန်းတဲ့ Pool ပါတီ လေးလုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ပါတီလုပ်မဲ့နေရာကို ရွေးချယ်ရပါမယ်။ ကွီးရဲ့ အိမ်မှာ ရေကူးကန်ရှိရင်တော့ တကူးတက ရှာစရာမလိုတော့ပါဘူး။ ဒါမှမဟုတ် ကွီးတို့က လူများများနဲ့ လုပ်ချင်တယ်ဆိုရင်တော့ ဟိုတယ်မှရေကူးကန် သို့မဟုတ် ငှားရမ်းလို့ရတဲ့ ရေကူးကန်များကို ရွေးချယ်လို့ရပါတယ်။

(၂) ဖိတ်ကြားလွှာ ပေးပို့ပါ

 အရမ်းလန်းတဲ့ Pool ပါတီ

Photo : The Spurce

ကွိးတို့အနေနဲ့ Pool ပါတီ လုပ်မဲ့နေရာကို သေချာရွေးချယ်ပြီးသွားပြီဆိုရင်တော့ ဖိတ်ကြားမဲ့ ဧည့်သည်အရေအတွက်ကို စာရင်းပြုစုပါ။ ပါတီစမဲ့ အချိန်ကို သတ်မှတ်ပါ။ ပြီးနောက် ရက်အနည်းငယ်ကြိုတင်၍ ဖိတ်ကြားလွှာများပေးပို့ပါ။

(၃) ရေကူးကန်ကို ပါတီနဲ့လိုက်ဖက်အောင် အလှဆင်ပါ

 အရမ်းလန်းတဲ့ Pool ပါတီ

Photo : Society 19

ကွီးတို့ရေ ရေကူးကန်ပါတီကို နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ ကွီးတို့ကြိုက်တဲ့ အချိန်လုပ်လို့ပါတယ်။ ဘယ်အချိန်လုပ်လုပ် Decoration ကတော့ အရေးကြီးပါတယ်။ နေ့ဘက်လုပ်မယ်ဆိုရင်တော့ အရိပ်ရစေမဲ့ထီးလေးတွေ၊ လှပတဲ့အမိုးအကာလေးတွေနဲ့ အလှဆင်လို့ရပါတယ်။ ညဘက် လုပ်မယ်ဆိုရင် လှပတဲ့ ရောင်စုံမီးသီးလေးတွေ၊ မီးအိမ်လေးတွေအလှဆင်လို့ ရပါတယ်။ ထို့အပြင် ရေကူးကန်ထဲဆင်းမဲ့ ဧည့်သည်တွေအတွက် ရောင်စုံဘောကွင်းလေးတွေ ထားရှိပေးပါ။

(၄) ပါတီ သီချင်းရွေးချယ်ပါ

party

Photo : Carnpool

ပါတီတွေမှာ တေးဂီတဟာ မပါမဖြစ်ပါ။ အရမ်းလန်းတဲ့ Pool ပါတီလုပ်မယ်ဆိုရင်လည်း လိုက်ဖက်တဲ့သီချင်းရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ မြူးကြွတဲ့ သံစဉ်တွေနဲ့ ရေကူးကန်ဘေးမှာ စီးချက်ညီညီကခုန်ရင်း ကွီးတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်လိုက်ပါ။ ပိုမိုမြုးကြွစေဖို့ ဆိုရင်တော့ DJ ကိုပါထည့်သွင်းလိုက်ပါ။

(၅) အဖျော်ယမကာများနဲ့ အစားအသောက်များကိုပြင်ဆင်ပါ

party

Photo : Austin Strippers

ပါတီကို လာမဲ့ဧည့်သည်တွေအတွက် သင့်တော်မဲ့ အဖျော်ယမကာများ၊ ကော့လ်တေးများ နဲ့စားစရာများကိုလည်း လုံလောက်အောင် ပြင်ဆင်ထားပါ။ Pool ပါတီ ဖြစ်တဲ့အတွက် ရေကူးမဲ့သူတွေ၊ ကခုန်မဲ့သူတွေအတွက် ရေဓာတ်ပြန်လည် ဖြည့်တင်းနိုင်စေဖို့ ရေသန့်ဘူးများ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များ ထားရှိပေးခြင်းကလည်း စိတ်ကူးကောင်းပါပဲ။

(၆) မျက်နှာသုတ်ပါဝါများထားရှိပေးပါ

Party

Photo : Direct Textile Store

Pool ပါတီ ဖြစ်တဲ့အတွက် ရေကူးကန်ထဲဆင်းမဲ့ သူတွေ၊ ရေကစားမဲ့သူတွေရှိမှာပါ။ ထိုသူတို့အတွက် မျက်နှာသုတ်ပဝါများ ထားရှိပေးထားဖို့လည်း လိုအပ်ပါတယ်။ တတ်နိုင်သလောက်များများ ထားပေးပါ။

Pool ပါတီ ကို ဖန်တီးချင်တဲ့ ကွီးတို့အတွက် ဒီအချက်လေးတွေက ကို သိရှိထားခြင်းဖြင့် ပျော်ရွှင်စရာကောင်းပြီး အရမ်းလန်းတဲ့ Pool ပါတီ လေးကျင်းပလို့ရပါပြီ။

Source : Funboy

Featured Photo : Cranpool