ကွီးတို့ရေ ညနေခင်း ရုံးဆင်းချိန် ဘော်ဒါတွေနဲ့ဆုံပြီး စားရင်းသောက်ရင်း Chill ဖို့ အလန်းစားဘားလေးတွေကို အမြဲရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ရန်ကုန်မြို့တွင်းမှ ထိုင်လို့ကောင်းတဲ့ အလန်းစား ဘား လေးတွေကို ဝေမျှပေးချင်ပါတယ်။
(၁) Lafaya Bar

Photo : Lafaya Bar Facebook Page
ပထမဆုံးဖော်ပြချင်တဲ့ အလန်းစား ဘား လေးကတော့ Lafaya Bar ပဲဖြစ်ပါတယ်။ ဒီဘားလေးက အရသာရှိတဲ့ အစားအစာတွေ အပြင် အဖျော်ယမကာမျိုးစုံလည်း ရပါတယ်။ ဒါ့အပြင် DJ လည်းပါဝင်တော့ မြူးမြူးကြွကြွလေး Chill ချင်တဲ့ ကွီးတို့အတွက်တော့ ကွက်တိပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ Urban Asia Center ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
(၂) Base One – BBQ & Beer

Photo : Base One – BBQ & Beer Facebook Page
နောက်ထပ်ဖော်ပြချင်တာကတော့ ဘီယာချစ်သူ ကွီးတို့ အကြိုက်တွေ့စေမဲ့ Base One – BBQ & Beer ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်လေးက ဖွင့်ထားတာ မကြာသေးတဲ့ အသစ်စက်စက်ဆိုင်လေးဖြစ်ပြီး ဒါ့အပြင် ကျယ်ဝန်းတဲ့ ကားပါကင်လည်းရှိပါတယ်။ နေ့ရက်အလိုက် မတူညီတဲ့ တေးဂီတ အစီအစဉ်တွေလည်း ထည့်သွင်းထားပါသေးတယ်။ အရသာရှိတဲ့ အကင်လေးတွေ စားရင်း ဘီယာလေးသောက်ရင်းနဲ့ ဘော်ဒါတွေနဲ့ Chill ဖို့ တကယ်ကို အဆင်ပြေတဲ့ ဆိုင်လေးပါ။ လိပ်စာကတော့ အမှတ် (၅)၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
(၃) Your Exit

Photo : Your Exit FaceBook Page
ကွီးတို့အတွက်နောက်ထပ်ဖော်ပြချင်တဲ့ တကယ်ကို မိုက်တဲ့ အလန်းစား ဘား လေးကတော့ Your Exit ဆိုတဲ့ ဘား လေးပဲ ဖြစ်ပါတယ်။ ဒီဘားလေးမှာလည်း နေ့ရက်အလိုက် အမိုက်စား တေးဂီတ အစီအစဉ်တွေ ပါဝင်ပါတယ်။ အရသာရှိတဲ့ စားသောက်ဖွယ်ရာ Menu အစုံအလင်နဲ့ အဖျော်ယမကာတွေ သုံးဆောင်ရင်း ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပြီး တစ်နေ့တာ ကွီးတို့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်အောင် ထွက်ပေါက်ပေးလိုက်ပါ။ ဒီဘားလေးရဲ့ လိပ်စာကတော့ No.116၊ 11-B Block ၊ ရွှေဂုံတိုင် လမ်း ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Lafaya Bar Facebook Page
