ကဲ Weekend ကို တဖန်ပြန်ရောက် လာပြန်ပါပြီ။ ဒီရက်ထဲက မိုးကအေးအေး ၊ ရာသီဥတုက ဆွေးဆွေးနဲ့ ဆိုင်ထိုင်ဖို့ အကောင်းဆုံးအချိန်လို့ ပြောရမှာပါ။ ရုံးပိတ်ရက်မှာ ဘော်ဒါ တွေဆုံပြီး သောက်ရင်းစားရင်း Gathering လုပ် တော်ကီဖုတ်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့ တွင်းက အေးဆေးထိုင်လို့ကောင်းတဲ့ အမိုက်စား Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) iFour


Photo : iFour

ဒီဆိုင်လေးက တာမွေမြို့နယ် ၊ ဖိုးစိန်လမ်း ပေါ်က ဘော်ဒါ တွေနဲ့ အေးဆေး Chill လို့ကောင်းတဲ့ အမိုက်စားဆိုင်လေး။ ဆိုင်က ခြံဝန်းအကျယ်ကြီးထဲမှာ ဖွင့်ထားတာဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် ရှိတယ်။ စိမ်းစိမ်းစိုစို သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ဥယျာဉ်လေးထဲမှာ ထိုင်ရတဲ့ Vibe မျိုးရတယ်။ အပေါ်ထပ် ၊ အောက်ထပ် ထိုင်စရာ Table ဝိုင်းတွေ အများကြီး ပြင်ဆင်ပေးထားတယ်။ ဆိုင်ရဲ့ အပြင်အဆင်က Classic ဆန်တယ် ၊ အထာကျတယ် ၊ သက်တောင်သက်သာ ရှိတယ်။ လူငယ်တွေရော လူလတ်ပိုင်း ကွီးတို့ပါ အကြိုက်တွေ့မယ့် ပုံစံလေး။ ဒီဆိုင်မှာ အစားအသောက်တွေက ရွေးချယ်စရာတော်တော်စုံတယ်။ အကင်တွေက ဒီဆိုင်ရဲ့ Signature လို့ပြောလို့ရတယ်။ ယိုးဒယားစတိုင် ဟင်းပွဲတွေ တော်တော်လေး မိုက်တယ် စုံလည်းစုံတယ်။ အဓိက ယိုးဒယားနဲ့ တရုတ်စတိုင် Menu တွေများတယ်။ ပင်လယ်စာ ဟင်းပွဲတွေလည်း အစုံရတယ်။ သောက်စရာ Drink တွေရွေးချယ်စရာအစုံရှိတယ်။ ဘီယာ ၊ ကော့လ်တေး ၊ Shot နဲ့ Mixed Drinks တွေ ၊ Shisha တွေ အစုံရှိတယ်။

Photo : iFour

အပတ်စဉ် Unplugged Music လည်းရှိတော့ တစ်နေရာတည်းမှာ အားလုံးအငြိမ်းပဲ။ နောက်ပြီး ဒီဆိုင်လေးမှာ တခြားဆိုင်တွေနဲ့ မတူတဲ့ ထူးထူးခြားခြား Service လေးတစ်ခုရှိတယ်။ အဲ့ဒါက iFour’s Safety Taxi Service ပါ။ ညဘက် အိမ်အပြန်နောက်ကျလို့ ကားငှားမရမှာ စိတ်ပူစရာမလိုတော့ဘူး။ Taxi Driver တွေ Information တွေကို ဆိုင်ကသေချာစီစစ်ပြီးမှ လက်တွဲလုပ်ဆောင်တာဆိုတော့ အခုခေတ်ကာလအနေအထားအရ ပိုပြီးစိတ်ချလုံခြုံမှု ရှိတာပေါ့။ ကဲဒီဆိုင်လေးက အစားအသောက်ကောင်းတွေ ၊ အမိုက်စားဖျော်ဖြေရေး အစီအစဉ်တွေ ၊ Safety ဖြစ်တဲ့ Service တွေနဲ့ တစ်နေရာတည်းမှာ အားလုံးပြည့်စုံတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၁၂/A ၊ ဖိုးစိန်လမ်း ၊ နတ်မောက်ရပ်ကွက် ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) BAR 33

Photo : BAR 33

အားလပ်ရက် မှာ ဘော်ဒါ တွေနဲ့အတူ သီချင်းတွေနဲ့စီးမြောရင်း အေးဆေး Chill လို့ရမယ့် အမိုက်စား Hidden Bar လေးတစ်ခု ညွှန်းပေးပါမယ်။ ဒီဆိုင်လေးက မြောက်ဒဂုံမြို့နယ်ထဲက BAR 33 ဆိုတဲ့ ဆိုင်လေး။ ဒီဆိုင်လေးက သီးသီးသန့်သန့်နဲ့ အေးအေးဆေးဆေး ထိုင်လို့ရတဲ့အပြင် ဆိုင်ရဲ့အပြင်အဆင်ကလည်း လုံးဝလူငယ်ဆန်ဆန်နဲ့ အထာကျတယ်။ အောက်ထပ် Aircorn ခန်းထဲမှာပဲ အေးဆေး Chill မလား ၊ အပေါ်ထပ် Rooftop မှာပဲ လွတ်လွတ်လပ်လပ် လွင့်မြောမလား စိတ်ကြိုက်ရွေးလို့ ရတယ်။

Photo : BAR 33

အရသာရှိတဲ့ အစားအသောက်တွေလည်း အစုံရတယ်။ ဘီယာနဲ့ မြည်းမြည်း ၊ အပြင်းနဲ့ပဲ တွဲစားစား လိုက်ဖက်တဲ့ ပျားရည် ကြက်ကင် ၊ အာလူးချောင်းကြော် ၊ ငါးသားချောင်းကြော် ၊ မာလာပုဇွန်ကင်၊ ဆိတ်လက်ဖက်ထောင်း ၊ ဝက်ဂုတ်သားကင် ၊ Seafood Tray နဲ့ တခြားပေါ့ပေါ့ပါးပါး မြည်းလို့ရတဲ့ အရသာရှိတဲ့ Menu တွေ အများကြီးရတယ်။ ကော့လ်တေးတွေဆိုလည်း Global Standard နဲ့အညီဖျော်စပ်ထားတဲ့ ရွေးချယ်စရာ ကော့လ်တေး အမျိုးအစားတွေ အစုံရတယ်။ အပတ်စဉ် Unplugged Music နဲ့ DJ ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ အရသာရှိတဲ့အစားအသောက်ကောင်းတွေ စားရင်းသောက်ရင်း ၊ ဘော်ဒါ တွေနဲ့ တော်ကီဖုတ်ရင်း ၊ သီချင်းတွေနဲ့စီးမြောရင်း အမှန်အကန် Chill လို့ရပြီပေါ့။ ဆိုင်လိပ်စာကတော့ အမှတ် ၂၆၂ ၊ အနော်ရထာလမ်း ၊ ၃၇ ရပ်ကွက် ၊ မြောက်ဒဂုံ မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Beer O’Clock

Photo : Beer O’Clock

ဒီဆိုင်လေးက တောင်ဥက္ကလာ အနီးတဝိုက်က ဘော်ဒါ တို့အတွက် အစားအသောက်ကောင်းတွေ ၊ Live Music ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ အေးဆေး Relax လုပ်လို့ရမယ့် ဆိုင်လေး။ ဆိုင်အပြင်အဆင်က ရိုးရိုးရှင်းရှင်းနဲ့ အထာကျတယ်။ ဘော်ဒါတွေနဲ့ အပြင်ဘက်ဝိုင်းတွေမှာလွတ်လွတ်လပ်လပ်ထိုင်ပြီး တော်ကီဖုတ်မလား ၊ Indoor မှာပဲ သက်တောင့်သက်သာ ထိုင်ရင်း Chill မလား ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။

Photo : Beer O’Clock

ဒီဆိုင်မှာ အရသာရှိတဲ့ ရွေးချယ်စရာ အစားအသောက်တွေ အစုံပဲ။ အကင်တွေဆို အမျိုးပေါင်း ၅၀ လောက်ရတယ်။ ယိုးဒယားစတိုင် ဟင်းလျာတွေ ၊ အကြော် ၊ အလှော် ၊ အထောင်း Menu တွေမှ အစုံပဲ။ ဘီယာ ၊ ကော့လ်တေး Drink တွေလည်း မိုက်တယ်။ အခုလက်ရှိ August လအတွက် Happy Hour Promotion လေးလည်းရှိတော့ အသောက်တလိုင်း ကွီးတို့အတွက် ကွက်တိပါပဲ။ August လထဲမှာ ညနေ ၄ နာရီကနေ ၇ နာရီအတွင်း Heineken/Tiger ကြိုက်တဲ့ Tower မှာလိုက်တာနဲ့ နောက်ထပ် တစ် Tower လက်ဆောင်ရမှာဆိုတော့ ဘီယာ အမုန်းသောက်ချင်တဲ့ ကွီးတို့အတွက် ရှယ်ပါပဲ။ သီချင်းတွေနဲ့ လွင့်မြောချင်တဲ့ ကွီးတို့အတွက်လည်း အပတ်စဉ် Unplugged Music ဖျော်ဖြေမှုအစီအစဉ်လေးတွေလည်းရှိတော့ ဘာလိုသေးလဲ။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၉၂၇ ၊ သစ္စာလမ်း ၊၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Beer O’Clock