ပိတ်ရက်လေးမှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ဒါမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေအသစ်တွေနဲ့ ကွီးတို့ရဲ့ အိမ်မှာပဲ ပျော်ရွှင်စရာကောင်းတဲ့ အိမ်တွင်း ပါတီလေး ဆင်နွှဲဖို့ စဉ်းစားနေပါသလား။  ကွီးတို့ရဲ့ အိမ်မှာပဲ ပါတီလုပ်မယ်ဆိုရင်တော့ အဆင်ပြေချောမွေ့စေဖို့ နည်းနည်းတော့ ပြင်ဆင်စရာလေးတွေ ရှိပါတယ်။ ထိုအချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဖိတ်ကြားမဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေများကို စာရင်းပြုစုပါ

အိမ်တွင်း ပါတီလေး

Photo : Felber Development

ကွီးတို့ရဲ့ အိမ်မှာဘဲ သူငယ်ချင်းတွေနဲ့အတူ အိမ်တွင်း ပါတီလေး ဆင်နွှဲဖို့ ဆိုရင် ဖိတ်ကြားမဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေများကို စာရင်းပြုစုပါ။ ဒီလို စာရင်းပြုစုထားခြင်းဖြင့် ကွီးတို့အိမ် အကျယ်အဝန်း နဲ့ဖိတ်ကြားမဲ့ လူ အရေအတွက်ကို ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

(၂) ပါတီစမဲ့အချိန်ကို သေချာရွေးချယ်ပါ

အိမ်တွင်း ပါတီလေး

Photo : Home To Go

ကွီးတို့ ပါတီ စမဲ့ အချိန်ကို သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။  ညပိုင်းမှ စမှလား၊ ညနေပိုင်းကတည်းက ပါတီ စမှာလားဆိုတာ ကွီးတို့ သေချာသတ်မှတ်ပြီး သူငယ်ချင်းတွေကို အကြောင်းကြားပါ။ ဒါမှသာ ကွီးတို့ရဲ့ သူငယ်ချင်းတွေ အကုန်လုံး အချိန်မှီ ရောက်ပြီး လူစုံတတ်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

(၃) ပါတီအတွက် သီချင်းရွေးချယ်ပါ

အိမ်တွင်း ပါတီလေး

Photo : Georgia Today

ကွီးတို့ ပါတီ တစ်ခုလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ သီချင်းပဲဖြစ်ပါတယ်။ သီချင်းနဲ့ မြူးကြွတဲ့သံစဉ်တွေမပါတဲ့ ပါတီဟာ စိတ်ဝင်စားစရာမကောင်းဘဲ ခြောက်ကပ်ကပ်ဖြစ်နေမှာပါ။ ကွီးတို့အနေနဲ့ နောက်ခံ တေးဂီတပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပါတီ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ တေးဂီတကို တီးခတ်တာက ပျော်ရွှင်စရာကောင်းတဲ့ ပါတီ အငွေ့အသက်ကို ဖန်တီးပေးနိုင်ပါတယ်။ ပါတီ ကျင်းပပြုလုပ်တဲ့နေရာက ကခုန်ဖို့ အလုံအလောက် ကျယ်ဝန်းတယ်ဆိုရင် DJ ပါထည့်သွင်းလိုက်ပါ။

 (၄) စားသောက်စရာ များကို ပြင်ဆင်ပါ

home party

Photo : Insider Monkey

ကွီးတို့ အိမ်တွင်း ပါတီလေး ဆင်နွှဲဖို့ ဆိုရင် ပြင်ဆင် ရမဲ့နောက်တစ်ချက်ကတော့ စားသောက်စရာတွေ ပြင်ဆင်ထားခြင်းပါပဲ။ ပါတီတစ်ခုမှာ အဖျော်ယမကာ သောက်စရာများက လုံးဝကို မပါမဖြစ်တဲ့ အသက်သွေးကြောပါပဲ။ အဖျော်ယမကာများနဲ့ အစားအသောက်များတွေက အမျိုးအစားစုံလင်ပြီး ကွီးတို့ ဖိတ်မဲ့ သူငယ်ချင်း အရေအတွက်နဲ့ လုံလောက်မှုရှိပါစေ။

(၅) ဂိမ်းများ ထည့်သွင်းပါ

home party

Photo : Rolling Stones

သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်တွင်း ပါတီလေး ကိုပိုမို အသက်ဝင်စေဖို့ဆိုရင် စိတ်ဝင်စားစရာ‌ကောင်းတဲ့ ပါတီဂိမ်းများကို ထည့်သွင်းလိုက်ပါ။ ကွီးတို့ သူငယ်ချင်းတွေ အတူ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းတွေ အတူကစားရင်း တန်ဖိုးရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ဆက်ဆံရေးကိုလည်း ပိုမိုခိုင်ခံ့စေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်တွင်းပါတီလေး ဆင်နွှဲဖို့ ပြင်ဆင်ရမဲ့အချက်များ ပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေက ပါတီ တစ်ခုလုပ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အမှန်တကယ်ပင် အထောက်အကူ ပြုပါလိမ့်မယ်။

Featured Photo : My Domaine