အောက်တိုဘာလ ဟာ ပွင့်လင်းရာသီကို ချဉ်းနင်းဝင်ရောက်လာတဲ့ မိုးအကုန် ဆောင်းအကူးကာလ ဖြစ်တဲ့အတွက် ပါတီနဲ့ ပျော်ပွဲရွှင်ပွဲတွေ အများဆုံး ကျင်းပလေ့ရှိပါတယ်။ Oktoberfest ပါတီနဲ့ Halloween ပါတီ တို့လို ကမ္ဘာ့နေရာအရပ်ရပ်မှာ စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ အထင်ကရ ပါတီ ပွဲတော်ကြီးတွေဟာဆိုရင်လည်း အောက်တိုဘာလရဲ့ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ ပါတီနဲ့ ပျော်ပွဲရွှင်ပွဲကြီးတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အခုလို ရာသီဥတု သာယာလှပတဲ့ အချိန်အခါလေးမှာ ပါတီကျင်းပချင်တဲ့ ကွီးတို့အတွက် အောက်တိုဘာလ နဲ့အလိုက်ဖက်ဆုံး ပါတီ အိုင်ဒီယာ လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Emoji ပါတီ

Photo : Simply Delicious

အောက်တိုဘာလ ရဲ့ ပထမဆုံးအပတ် သောကြာနေ့ဟာ World Smile Day ဖြစ်ပါတယ်။ World Smile Day မှာ ပျော်ရွှင်စရာကောင်းတဲ့ Emoji ပါတီကို ဆင်နွဲလေ့ရှိ ကြပါတယ်။ Emoji ပါတီဟာ ကမ္ဘာတဝှမ်းလုံးမှာ အရမ်းကိုရေပန်းစားပြီး ပါတီအပြင်အဆင်ကို ချစ်စရာကောင်းတဲ့ Emoji အသုံးအဆောင် ပစ္စည်းလေးတွေနဲ့ အလှဆင် ပြင်ဆင်ကြပါတယ်။

(၂) Pajama ပါတီ

Photo : Scenes From Nadine

Pajama ပါတီကတော့ ထူးထူးခြားခြား ညအိပ်ဝတ်စုံတွေ ဝတ်ဆင်ပြီး ကျင်းပရတဲ့ ပျော်စရာ ပါတီပွဲလေးတစ်ခုပါပဲ။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ International Sloth Day ကို ဂုဏ်ပြုတဲ့အနေနဲ့ Pajama ပါတီ ကိုဆင်နွဲလေ့ရှိ ကြပါတယ်။ လူတိုင်း ညအိပ်ဝတ်စုံတွေ ဝတ်ပြီး စားစရာ သောက်စရာတွေနဲ့ တော်ကီဖုတ်ရင်း ၊ ရုပ်ရှင်တွေကြည့်ရင်း Pajama ပါတီကို ပျော်ပျော်ပါးပါး ဖြတ်သန်း ကြပါတယ်။

(၃) Taco ပါတီ

Photo : Fun365 – Oriental Trading

Taco ပါတီကတော့ မက္ကဆီကိုစတိုင် အပြင်အဆင် ၊ အစားအသောက်တွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပရတဲ့ အိမ်တွင်းပါတီပွဲလေး တစ်ခုဖြစ်ပါတယ်။ ပါတီမှာ အရမ်းကိုအရသာရှိတဲ့ မက္ကဆီကိုစတိုင် အစားအသောက်တွေ တည်ခင်းပြီး မိသားစု ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ရတာ ဖြစ်ပါတယ်။ Taco ပါတီကို အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။

(၄) Pizza ပါတီ

Photo : Bubba Pizza

အောက်တိုဘာလ ကို Pizza Month လို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အောက်တိုဘာလမှာ ပါတီကျင်းပမယ်ဆိုရင် Pizza ပါတီ ကိုလည်း မဖြစ်မနေ ထည့်သွင်းကျင်းပသင့်ပါတယ်။ ချစ်ခင်ရတဲ့ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး အရသာရှိတဲ့ Pizza တွေ စားသောက်ရင်း ပါတီကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါတယ်။

(၅) Halloween ပါတီ

Photo : Messina’s Catering & Events

အောက်တိုဘာလအတွင်းက ပါတီတွေအကြောင်း ပြောမယ်ဆိုရင် ကျန်ထားခဲ့လို့ မရတဲ့ ပါတီတစ်ခုကတော့ Halloween ပါတီ ပါပဲ။ သရဲဝတ်စုံတွေ ၊ သွေးစုပ်ဖုတ်ကောင် အပြင်အဆင်တွေနဲ့ Halloween ပါတီကို ပျော်ပျော်ပါးပါး ကျင်းပလေ့ရှိပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ Halloween ပါတီကိုကျင်းပပြီး အောက်တိုဘာလရဲ့နောက်ဆုံးရက်ကို အပျော်ရွှင်ဆုံး ဖြတ်သန်းကြပါတယ်။

Featured Photo : The Honeycombers