[Zawgyi]

သင့္ကိုယ္သင္ေပါင္းသင္းဆက္ဆံေရးမွာ အားနည္းတယ္လို႔ ခံစားေနရၿပီလား။ေပါင္းသင္းဆက္ဆံမွာလိုအပ္ခ်က္ေတြရွိျခင္းဟာ ကိုယ့္အတြက္အခြင့္လမ္းေကာင္းေတြ မိတ္ေကာင္းေဆြေကာင္းေတြကို ဆံုးရံႈးရတက္တာေၾကာင့္ လူတိုင္းလူတိုင္းေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သတ္ၿပီးအေလးထားဖို႔လိုအပ္ပါတယ္။သင့္အေနနဲ႔ ေပါင္းဆက္ဆံေရးမေကာင္းလို႔ ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ အခုေျပာျပမယ့္ စကားေျပာဆိုမႈဆိုင္ရာ အေလ့အထေလးေတြကိုျပဳျပင္ဖို႔အၾကံျပဳလိုက္ပါတယ္။

(၁) အာရံုစိုက္မႈမရွိျခင္း

Source : Shutterstock

လူတစ္ေယာက္နဲ႔တစ္ေယာက္စကားေျပာတဲ့အခါ ေသခ်ာဂရုတစိုက္နားေထာင္တက္ျခင္းကလည္း ယဥ္ေက်းမႈတစ္ခုျဖစ္ပါတယ္။တစ္ဖက္လူေျပာေနတဲ့စကားကိုေသခ်ာနားေထာင္ေပးၿပီး တုန္ျပန္႕မႈေကာင္းတဲ့စကားမ်ဳိးျပန္လည္ေျပာဆိုမွသာ တစ္ ဖက္လူအေနနဲ႔ သူအေပၚအျပည့္အဝအာရံုစိုက္တယ္လို႔ ယူဆ မွာပါ။ဒီလိုမွမဟုတ္ပဲ ကိုယ္နဲ႔စကားေျပာေနတဲ့လူအေပၚအာရံု စိုက္မႈမရွိပဲ ေျပာသမွ် အင္းအဲေလာက္သာတုန္႔ျပန္မယ္ဆိုရင္ ေတာ့ သင္န႔ဲေနာက္ထပ္တစ္ႀကိမ္စကားေတြေျပာၿပီး ဆက္ဆံ ေရးတည္ေဆာက္ဖို႔လက္တြန္႔သြားမွာပါ။

(၂) အရႊန္းေဖာက္လြန္းျခင္း

Source : Shutterstock

တစ္ခါတစ္ေလမွာ တစ္ဖက္လူေျပာေနတဲ့စကားကို ကိုယ့္အေနနဲ႔ ဘာရယ္မဟုတ္စေနာက္လိုက္တာမ်ဳိးလုပ္ ဖူးၾကမယ္ထင္ ပါတယ္။ကိုယ္ဟာစေနာက္ရတာဝါသနာပါသူတစ္ေယာက္ဆိုရင္လည္း အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီးမွ စေနာက္သင့္ပါတယ္။တစ္ဖက္လူကတကယ္အေရးပါတဲ့စကားမ်ဴိးေလးေလးနက္နက္ေျပာဆိုေနတယ္ဆိုရင္ေတာ့ ေသခ်ာေလးနားေထာင္ေပးလိုက္ပါ။အစေနာက္သန္ျခင္း အရႊန္းေဖာက္လြန္းျခင္းကလည္း တစ္ခါတစ္ေလမွာ ဆက္ဆံေရးပ်က္ျပားသြားေစတဲ့အေၾကာင္းအရင္းတစ္ရပ္ျဖစ္ပါတယ္။

(၃) စကားလုေျပာျခင္း

Source : Shutterstock

လူတစ္ေယာက္ေျပာေနတဲ့စကားကို အတင္းျဖတ္ၿပီး လုေျပာ တာဟာ အင္မတန္ရိုင္းတဲ့အျပဳအမူတစ္ခုျဖစ္ပါတယ္။ဒီလိုတစ္ဖက္လူစကားေျပာေနခ်ိန္ ကိုယ္အေနနဲ႕ အတင္းလုေျပာတာဟာ တစ္ဖက္လူရဲ႕စကားေတြအေပၚ စိတ္မဝင္စားဘူးလို႔ ေဖာ္ျပရာေရာက္ၿပီး ကိုယ့္ရဲ႕ယဥ္ေက်းမႈနားမလည္တဲ့ အမူအရာကိုလည္းျပသရာေရာက္ပါတယ္။ဒါေၾကာင့္လူေတြနဲ႔ စကားေျပာဆိုတဲ့အခါ တစ္ဖက္လူစကားကိုဆံုးေအာင္နားေထာင္ေပးၿပီးမွကိုယ္ေျပာခ်င္တဲ့စကားကိုေျပာဆိုသင့္တာျဖစ္ပါတယ္။

(၄) ဖုန္းေတြအေပၚအာရံုစိုက္လြန္းျခင္း

Source : Shutterstock

အခုေနာက္ပိုင္းဖုန္းေတြကလူေတြရဲ႕ ေန႔စဥ္ဘဝမွာမပါမျဖစ္ လို႔ဆိုရေလာက္တဲ့အထိ အေရးပါတဲ့အရာတစ္ခုျဖစ္လာပါတယ္။ဒါေပမယ့္လည္းကိုယ့္ပတ္ဝန္းက်င္ကလူေတြထက္ပိုၿပီးေတာ့ ဖုန္းေတြကိုအာရံုမစိုက္သင့္ပါဘူး။လူႏွစ္ေယာက္စကားေျပာေနခ်ိန္မွာ ဖုန္းသံုးေနတာမ်ဴိး ဖုန္းၾကည့္ေနတာမ်ဳိးကလည္း လံုးဝေရွာင္ရွားသင့္တဲ့လုပ္ရပ္တစ္ခုျဖစ္ပါတယ္။မဟုတ္ရင္ ေတာ့ ဖုန္းေတြကသင့္ရဲ႕ ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ရာမွာ အေႏွာက္ယွက္တစ္ခုျဖစ္လာႏိုင္ပါတယ္။

[Unicode]

သင့်ကိုယ်သင်ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းတယ်လို့ ခံစားနေရပြီလား။ပေါင်းသင်းဆက်ဆံမှာလိုအပ်ချက်တွေရှိခြင်းဟာ ကိုယ့်အတွက်အခွင့်လမ်းကောင်းတွေ မိတ်ကောင်းဆွေကောင်းတွေကို ဆုံးရှုံးရတက်တာကြောင့် လူတိုင်းလူတိုင်းပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်ပြီးအလေးထားဖို့လိုအပ်ပါတယ်။သင့်အနေနဲ့ ပေါင်းဆက်ဆံရေးမကောင်းလို့ ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုပြောပြမယ့် စကားပြောဆိုမှုဆိုင်ရာ အလေ့အထလေးတွေကိုပြုပြင်ဖို့အကြံပြုလိုက်ပါတယ်။

(၁) အာရုံစိုက်မှုမရှိခြင်း

Source : Shutterstock

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါ သေချာဂရုတစိုက်နားထောင်တက်ခြင်းကလည်း ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။တစ်ဖက်လူပြောနေတဲ့စကားကိုသေချာနားထောင်ပေးပြီး တုန်ပြန့်မှုကောင်းတဲ့စကားမျိုးပြန်လည်ပြောဆိုမှသာ တစ် ဖက်လူအနေနဲ့ သူအပေါ်အပြည့်အဝအာရုံစိုက်တယ်လို့ ယူဆ မှာပါ။ဒီလိုမှမဟုတ်ပဲ ကိုယ်နဲ့စကားပြောနေတဲ့လူအပေါ်အာရုံ စိုက်မှုမရှိပဲ ပြောသမျှ အင်းအဲလောက်သာတုန့်ပြန်မယ်ဆိုရင် တော့ သင်နဲ့နောက်ထပ်တစ်ကြိမ်စကားတွေပြောပြီး ဆက်ဆံ ရေးတည်ဆောက်ဖို့လက်တွန့်သွားမှာပါ။

(၂) အရွှန်းဖောက်လွန်းခြင်း

Source : Shutterstock

တစ်ခါတစ်လေမှာ တစ်ဖက်လူပြောနေတဲ့စကားကို ကိုယ့်အနေနဲ့ ဘာရယ်မဟုတ်စနောက်လိုက်တာမျိုးလုပ် ဖူးကြမယ်ထင် ပါတယ်။ကိုယ်ဟာစနောက်ရတာဝါသနာပါသူတစ်ယောက်ဆိုရင်လည်း အခြေအနေအချိန်အခါကိုကြည့်ပြီးမှ စနောက်သင့်ပါတယ်။တစ်ဖက်လူကတကယ်အရေးပါတဲ့စကားမျိူးလေးလေးနက်နက်ပြောဆိုနေတယ်ဆိုရင်တော့ သေချာလေးနားထောင်ပေးလိုက်ပါ။အစနောက်သန်ခြင်း အရွှန်းဖောက်လွန်းခြင်းကလည်း တစ်ခါတစ်လေမှာ ဆက်ဆံရေးပျက်ပြားသွားစေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

(၃) စကားလုပြောခြင်း

Source : Shutterstock

လူတစ်ယောက်ပြောနေတဲ့စကားကို အတင်းဖြတ်ပြီး လုပြော တာဟာ အင်မတန်ရိုင်းတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ဒီလိုတစ်ဖက်လူစကားပြောနေချိန် ကိုယ်အနေနဲ့ အတင်းလုပြောတာဟာ တစ်ဖက်လူရဲ့စကားတွေအပေါ် စိတ်မဝင်စားဘူးလို့ ဖော်ပြရာရောက်ပြီး ကိုယ့်ရဲ့ယဉ်ကျေးမှုနားမလည်တဲ့ အမူအရာကိုလည်းပြသရာရောက်ပါတယ်။ဒါကြောင့်လူတွေနဲ့ စကားပြောဆိုတဲ့အခါ တစ်ဖက်လူစကားကိုဆုံးအောင်နားထောင်ပေးပြီးမှကိုယ်ပြောချင်တဲ့စကားကိုပြောဆိုသင့်တာဖြစ်ပါတယ်။

(၄) ဖုန်းတွေအပေါ်အာရုံစိုက်လွန်းခြင်း

Source : Shutterstock

အခုနောက်ပိုင်းဖုန်းတွေကလူတွေရဲ့ နေ့စဉ်ဘဝမှာမပါမဖြစ် လို့ဆိုရလောက်တဲ့အထိ အရေးပါတဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်လည်းကိုယ့်ပတ်ဝန်းကျင်ကလူတွေထက်ပိုပြီးတော့ ဖုန်းတွေကိုအာရုံမစိုက်သင့်ပါဘူး။လူနှစ်ယောက်စကားပြောနေချိန်မှာ ဖုန်းသုံးနေတာမျိူး ဖုန်းကြည့်နေတာမျိုးကလည်း လုံးဝရှောင်ရှားသင့်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။မဟုတ်ရင် တော့ ဖုန်းတွေကသင့်ရဲ့ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ရာမှာ အနှောက်ယှက်တစ်ခုဖြစ်လာနိုင်ပါတယ်။