ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း Self-Control ဆိုတာ အရေးကြီးတဲ့ Solf Skill တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သူဟာ အကျိုးမရှိတာတွေပဲ လုပ်မိပြီး နောင်တတွေနဲ့ နေထိုင်ရတတ်ပါတယ်။ အထိန်းအချုပ်နည်းတဲ့သူဟာ ပျက်စီးလွယ်ပါတယ်။ ရေရှည်မှာ Self-Control ကောင်းသူတွေပဲ မှန်ကန်တဲ့ အဆုံးအဖြတ်နဲ့ လုပ်ရပ်တွေ လုပ်ဆောင်နိုင်မှာပါ။

ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူး။ ဒါပေမယ့် Self-Control ကောင်းဖို့ ကူညီနိုင်တဲ့ နည်းတွေတော့ ရှိပါတယ်။

(၁) သတိပေးစနစ် ကျင့်သုံးပါ

Photo: Harvard Health

ကိုယ်ဖြစ်ချင်တာ လုပ်ဖို့ နဲ့ မဖြစ်ချင်တဲ့ အရာကို မလုပ်မိအောင် ကိုယ့်ကိုယ်ကို သတိပေးတဲ့ စာတွေ ဆောင်ပုဒ်တွေကို ကိုယ်အမြဲမြင်နိုင်တဲ့ နေရာမှာ ကပ်ထားတဲ့ အကျင့်လုပ်နိုင်ပါတယ်။ ဥပမာ- သင်က အချိန် သိပ်မလေးစားတဲ့ သူဆိုရင် “အချိန်ဟာ ငွေပဲ” ဆိုတဲ့ ဆောင်ပုဒ်မျိုးကို နံရံမှာ Sticky Note နဲ့ ကပ်ထားတာ ဖြစ်ဖြစ် မြေဖြူနဲ့ပဲ ရေးရေး သတိပေးတဲ့အနေနဲ့ ရေးထားသင့်ပါတယ်။

(၂) ကြုံနိုင်တဲ့ အပြစ်ကို မြင်ပါ

Photo: Unsplash

တစ်ခုခုကို အမှတ်တမဲ့ မလုပ်မိဖို့က Self-Control မှာ အရေးကြီးတဲ့ အခြေခံပါ။ သင်လုပ်သမျှ အရာရာဟာ သင့်ထိန်းချုပ်မှုအောက်မှာ ရှိပါစေ။ သင်‌ရွေးချယ်မယ့်အရာရဲ့ ရှေ့လျှောက် ကြုံလာနိုင်တဲ့ အခြေအနေကို မတွက်ဆဘဲ ဘယ်တော့မှ မလုပ်ဖြစ်အောင် ဂရုစိုက်မယ်ဆိုရင် အလိုလို ထိန်းချုပ်မှုအား ကောင်းလာမှာပါ။

(၃) ကိုယ့်ကို အလေ့အကျင့် လုပ်နေပါ

Photo: Freepik

Self-Control ကောင်းအောင် ကိစ္စသေးသေးလေးတွေက အစ ကိုယ့်မှာ အလေ့အကျင့် ဖြစ်အောင် လုပ်ပါ။ ကြွက်သားအားကောင်းအောင် ၁၀ ကီလိုအလေးကနေ နောက်ပိုင်း ကီလို ၃၀-၄၀ အလေးတွေ တိုးမသလိုမျိုး သေးသေးမွှားမွှားလေးတွေကနေ ကိစ္စအကြီးကြီးတွေအထိ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့ အကျင့်မွေးယူပါ။

(၄) စိတ်ကို စောင့်ကြည့်ပါ

Photo: Insider

သင့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေကို သိခြင်းဟာ ထူးခြားတဲ့ အကျိုးတွေ ပေးပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တစ်ခုခု စားချင်လာတဲ့ စိတ်ဖြစ်လာရင် အဲဒီစိတ်ကလေးကို ကြည့်လိုက်ပါ။ အရင်ဆုံး မထိန်းချုပ်ဘဲ ကြည့်ရုံနဲ့တင် ဒီစိတ်ကြောင့် ဒုက္ခတွေ ဆင့်ကာဆင့်ကာရောက်နေတဲ့ Emotions အရွေ့တွေ မြင်လာပါလိမ့်မယ်။ စိတ်ကို ကြည့်ကြည့်ပြီး သိနေသူဟာ သူ့စိတ်ကို ထိန်းဖို့ ပိုလွယ်ပါတယ်။