ဂျင်းဘောင်းဘီတွေဆိုတာက အမျိုးသား အမျိုးသမီးတိုင်းအတွက် အဆင်ပြေဆုံး အသက်သာဆုံး ဝတ်လို့အကောင်းဆုံး ဘောင်းဘီတစ်ထည်လို့ဆိုနိုင်လို ဘယ်လိုအင်္ကျီအမျိုးအစားတွေနဲ့တွဲဝတ်ဝတ် လိုက်ဖက်ညီလွန်းလှပါတယ်။

ဒီလိုဂျင်းဘောင်းဘီတွေလိုပဲ နောက်ထပ်ဝတ်လို့အဆင်ပြေတဲ့ ဘောင်းဘီအမျိုးအစားကတော့ Chino ဘောင်းဘီတွေပါပဲ။ Chino ဘောင်းဘီတွေဟာဆိုရင် ဝတ်လိုက်တဲ့အခါ အသားအေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားတစ်မျိုးဖြစ်ပါတယ်။

Chino ဘောင်းဘီတွေကတော့ ဂျင်းဘောင်းဘီတွေထက် အရောင်အစုံအလင်ထွက်ရှိကြပေမယ့် အမျိုးသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရောင်တွေကတော့ အခုလိုအတိုင်းပါပဲ။

အသားရောင်

နေ့စဉ်နေ့တိုင်း ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့အတွက် အသားရောင် Chino ဘောင်းဘီလေးတွေက အကောင်းဆုံးပါပဲ။ အပေါ်ကနေ နက်ပြာရောင်၊ ကြက်သွေးရောင် သို့မဟုတ် ခဲရင့်ရောင်ရှိတဲ့ အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

နက်ပြာရောင်

နက်ပြာရောင် Chino ဘောင်းဘီတွေကို အပေါ်ကနေပြီးတော့ အဖြူရောင်တီရှပ်၊ အဖြူရှောင် ရှူးဖိနပ်တို့နဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ သန့်ပြန့်တဲ့အသွင်ကို ဖော်ဆောင်နိုင်မှာပါ။

ကာကီရောင်

တီရှပ်အဖြူရောင်၊ ခဲရောင်တီရှပ်တို့နဲ့ တွဲဝတ်နိုင်သလို ပုံမှာပြထားတဲ့အရောင်လေးတွေအတိုင်းလည်း တွဲဖက်ပြီးတော့ ဝတ်ဆင်နိုင်ပါသေးတယ်။

ခဲရောင်

ခဲရောင် Chino ဘောင်းဘီတွေကတော့ ဘယ်လိုအရောင်နဲ့ဖြစ်ဖြစ် ဘယ်လိုစတိုင်လ်မျိုးနဲ့ဖြစ်ဖြစ် တွဲဖက်ပြီးဝတ်ဆင်နိုင်ပါတယ်။

အနက်ရောင်

အနက်ရောင် Chino ဘောင်းဘီတစ်ထည်ရှိထားလို့ကတော့ အပြင်ကိုရုတ်တရက်သွားရတော့မယ်ဆိုရင် ခေါင်းစားခံနေစရာမလိုတော့ဘဲ တွေ့ရာအင်္ကျီတစ်ထည်နဲ့ အသာလေးတွဲဝတ်သွားနိုင်ပါတယ်။

Source: FashionBeans

Featured Image Source: Etsy