မြို့တစ်မြို့ရဲ့ သဘာဝအလှအပနဲ့ သူ့ရဲ့အရသာအစစ်အမှန်ကို ခံစားသိမြင်ချင်ပါက ထိုမြို့မှာ ရောင်းချတဲ့ လမ်းဘေးအစားအစာများကို မြည်းစမ်းကြည့်ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန် မြို့ရှိ Street Food အစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့အတွက်ကြောင့် လူအများက နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြပါတယ်။

မြန်မာ့လူမျိုးတို့ ပြုလုပ်လေ့ရှိတဲ့ လမ်းဘေးစာများသည် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဟင်းလျာများ လွှမ်းမိုးမှုကို ခံရပါတယ်။ ဒါ့ကြောင့် သူတို့နိုင်ငံရဲ့အစားအစာတွေနဲ့ ဆင်တူဖြစ်နေကြတာပါ။

သင့်အနေနဲ့ ရန်ကုန် မြို့အနှံ့ လျှောက်သွားတဲ့အချိန် ဗိုက်ဆာလာတယ်ဆိုရင်တော့ Street Food အစားအစာများကို မြည်းစမ်းကာ ဗိုက်ဖြည့်တင်းနိုင်ပါတယ်။

စမူဆာသုပ်

ရန်ကုန် Street Food

စမူဆာသုပ်ထဲမှာတော့ စမူဆာကြော်ကို အချောင်းလိုက် ညှပ်ထားပြီး ပဲ၊ ဂေါ်ဖီ၊ အာလူးတို့နှင့် ဟင်းရည်အနည်းငယ် ဆမ်းကာ ရောနယ်ထားတာဖြစ်ပါတယ်။ စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးအနည်းငယ် ထည့်စားနိုင်ပါတယ်။

ဘိန်းမုန့်

ရန်ကုန် Street Food

မြန့်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး ဈေးလည်း သိပ်မကြီးတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုးအများအပြား နှစ်ခြိုက်စွာ စားသုံးကြတဲ့အစားအစာတစ်မျိုးပါ။

လမ်းသရဲမုန့် (ကီးမား)

  ရန်ကုန် Street Food

ဒီသရေစာမုန့်ကိုတော့ လမ်းသရဲမုန့်လို့လည်း ခေါ်သလို အချို့ကလည်း ကီးမားလို့ ခေါ်ကြပါတယ်။ ရန်ကုန် မြို့ရဲ့ Street Food တွေထဲမှာ သူ့ကိုလည်း မေ့ထားလို့မရပါဘူး။

မုန့်လင်မယား

ရန်ကုန် Street Food

မုန့်လင်မယားကိုလည်း ပုံစံမျိုးစုံဖြင့် ကြော်ကြတာကို တွေ့မြင်ကြရမှာပါ။ အချို့ကလည်း ပဲပြုတ် ထည့်ကြော်ကြသလို အချို့ကလည်း ငုံးဥ ထည့်ကြော်ကြပါတယ်။ ဘာမှမထည့်ဘဲ အလွတ်ကြော်တာမျိုးလည်းရှိပါတယ်။ ၁၀ ခုကို ၅၀၀၊ ၆၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

မုန့်ဟင်းခါး

ရန်ကုန် Street Food

မြန်မာ့ရိုးရာအစားအစာတွေထဲမှာ နာမည်အကြီးဆုံးကတော့ မုန့်ဟင်းခါးပဲဖြစ်ပါတယ်။ မနက်စာ စားတဲ့အခါ စားသုံးလေ့ရှိကြပြီး အနံ့မွှေးမွှေးလေးနဲ့ အင်မတန်အရသာရှိပါတယ်။

လက်ဖက်သုပ်

snack in yangon

မြန်မာ့လူမျိုးတို့ရဲ့ နောက်ထပ် Signature တစ်ခုကတော့ လက်ဖက်သုပ်ပဲဖြစ်ပါတယ်။ လက်ဖက်သုပ်ပုံ သုပ်နည်းတွေကလည်း တစ်သည်နဲ့ တစ်သည် မတူကြပါဘူး။ ဈေးနှုန်းကတော့ တစ်ဘူးကို ၆၀၀၊ ၇၀၀ ဝန်းကျင်ပဲဖြစ်ပါတယ။်

အကြော်စုံ

snack in yangon

ဘူးသီးကြော်၊ တို့ဟူးကြော်၊ ဘယာကြော်၊ ပြောင်းဖူးကြော် စသည်ဖြင့် အကြော်မျိုးစုံရှိကြပြီး ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းပါတယ်။

ရှမ်းခေါက်ဆွဲ

snack in yangon

သင့်အနေနဲ့ မနက်စာကို မုန့်ဟင်းခါးချည်းပဲ စားရတာ ရိုးအီလာတဲ့အခါ ရှမ်းခေါက်ဆွဲလေးလည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ရှမ်းရိုးရာအစားအစာ ကြိုက်နှစ်သက်သူများအတွက်တော့ ရှမ်းခေါက်ဆွဲက နတ်သုဒ္ဓါတစ်ခုလိုပါပဲ။

ထမင်းနှင့်ဟင်း

snack in yangon

မြန်မာလူမျိုးတို့ရဲ့ အဓိကအစားအစာကတော့ ထမင်းပဲဖြစ်ပါတယ်။ အချို့ဆိုင်လေးတွေက ထမင်းနှင့်ဟင်း ပုံစားဆိုပြီးတော့ ဘူးဖေးပုံသဏ္ဍာန် စားသုံးနိုင်ပါတယ်။ မြန်မာ့ထမင်းဆိုင်များသည်လည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အစားအစာတွေထဲက ဘယ်အစားအစာကို အနှစ်သက်ဆုံးပါလဲ။

Source: Thetravelintern

Featured Image: Myanmore