ကွီးတို့ရေ ဒီတစ်ခါမှာတော့ ပါတီတွေ ၊ Bars ၊ Clubs တွေမသွားဘဲ အိမ်မှာပဲ Nightlife ကို ဖန်တီးကြည့်ချင်ပါသလား။ ကွီးတို့ အိမ်မှာပဲ စိတ်ဝင်စားဖွယ် ကောင်းတဲ့ Nighlife လေးကို သူငယ်ချင်းတွေ နဲ့ဖြစ်စေ၊ ချစ်သူလေးနဲ့ ဖြစ်စေ၊ ကွီးတစ်ယောက်တည်း အေးအေးဆေးဆေး ဖြစ်စေ ဖြတ်သန်းလို့ ရပါတယ်။ ဒါကြောင့် ကွီးတို့ အိမ်မှာပဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့ Nightlife ကို ဖန်တီးနိုင်ဖို့ နည်းလမ်း လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အိမ်တွင်းပါတီပွဲ လုပ်ပါ

အိမ်မှာပဲ Nightlife နည်းလမ်း

Photo : Myplaceboro.co.uk

ကွီးတို့ အနေနဲ့ အိမ်မှာပဲ Nightlife ကို ဖန်တီးတော့မယ်ဆိုရင် ပထမဆုံး နည်းလမ်းကတော့ အိမ်တွင်းပါတီပွဲ လုပ်တာဖြစ်ပါတယ်။ ကွီးနဲ့တူတူ Nightlife မှာ အိမ်တွင်းပါတီလုပ်ပြီး ဖြတ်သန်းဖို့ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်း  အနည်းငယ်ကို ဖိတ်ပါ။ အိမ်မှာ ပါတီလုပ်မယ်ဆိုရင်တော့ အခန်းအပြင်အဆင် ၊ သောက်စရာ စားစရာများ၊ သီချင်း စသည်ဖြင့် ပြင်ဆင်စရာလေးတွေတော့ များပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းပြီး ပျော်ဖို့ကောင်းတဲ့ Nightlife လေးဖြစ်မှာ သေချာပါတယ်။ ကွီးတို့ အိမ်ကကြီးပြီး ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဘူးဆိုရင် DJ ပါထည့်သွင်းလို့ ရပါသေးတယ်။

(၂) Bartender လုပ်ပါ

အိမ်မှာပဲ Nightlife နည်းလမ်း

Photo : Cocktail Bartenders For Hire

ကွီးတို့ရေ ကွီးတို့နဲ့ Nightlife ကို အတူတူဖြတ်သန်းမဲ့ လူအနည်းငယ် ပါဝင်ဖို့ရှိရင် ထိုသူတွေအတွက် Bartender လုပ်ပေးပါ။ ကိုယ့်အိမ်မှာ ရှိတဲ့ အဖျော်ယမကာတွေနဲ့ ကိုယ့်စိတ်ကြိုက်ဖျော်စပ်ပါ။ ကွီးတို့ စိတ်ကြိုက်ဖျော်စပ်ရင်း သောက်မဲ့ သူတွေကိုလည်း စနောက်လို့ရပါသေးတယ်။ ဒါပေမဲ့ ကော့လ်တေး ဖျော်စပ်နည်းတွေကိုတော့ ကွီးတို့ အနည်းအကျဉ်းသိထားဖို့တော့ လိုတယ်နော်။ ဒီနည်းလေးက ပျော်ရွှင်စရာ Nightlife ကို ဖန်တီးနိုင်ပါတယ်။

(၃) အိမ်တွင်း ရုပ်ရှင်ရုံတစ်ခု ဖန်တီးပါ

Film

Photo : Askmen India

ကိုယ့် အိမ်မှာပဲ စိတ်ဝင်စားဖွယ် Nightlife ကို ဖန်တီးမယ်ဆိုရင် အိမ်တွင်းရုပ်ရုပ်ရုံ ဖန်တီးခြင်းကလည်း တကယ်ကို မရိုးတဲ့ နည်းလမ်း ကောင်းတစ်ခုပါ။ အိမ်တွင်းရုပ်ရှင်ရုံ ဖန်တီးတော့မယ်ဆိုရင် အရင်ဆုံး ကြည့်မဲ့ရုပ်ရှင်ကို ရွေးချယ်ပါ။ သက်တောင့်သက်သာ နေရာထိုင်ခင်းပြင်ဆင်ပါ။ မီးအားလုံးကို ပိတ်ချပြီး ရုပ်ရှင်ကားရဲ့ အလင်းရောင်ပဲရှိပါစေ။ ထို့နောက် ကွီးတို့ ကြိုက်တဲ့ အဖျော်ယမကာနဲ့ အစားအသောက်တွေလည်း အဆင်သင့်ပြင်ထားပါ။  အိမ်တွင်းရုပ်ရှင်ရုံမှာ ကွီးတို့ ချစ်သူလေးနဲ့ Romantic ဆန်ဆန် ဖြတ်သန်းမလား၊ ဒါမှမဟုတ် ကွီးတစ်ယောက်ပဲ အေးဆေး ဖြတ်သန်းမလား အဆင်ပြေတာ ရွေးချယ်လိုက်ပါ။

(၄) ပျော်ရွှင်စရာ အချိန်တစ်ခု ဖန်တီးပါ

vedio

Photo : ShutterStock

ကွီးတို့ရေ သူငယ်ချင်းတွေ နဲ့ အတူ ညဘက်မှာ မရှိနိုင်ဘူးဆိုလည်း မပူပါနဲ့။ ဒီနေ့ခေတ် နည်းပညာ တိုးတက်လာတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နည်းမျိုးစုံနဲ့ ဆက်သွယ်ပြောဆိုလို့ ရပါပြီ။ ကွီးတို့ သူငယ်ချင်းတွေနဲ့ တစ်ပတ်မှာ တစ်ရက် အားလပ်ချိန်တွေ မှာ Video Calls ခေါပြီး အတွေ့အကြုံတွေပြောတာ၊ သီချင်းဆိုတာမျိုးလုပ်ပြီးလည်း ပေါ့ပေါ့ပါးပါး နဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ Nightlife ကို ဖြတ်သန်းလိုက်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ကိုယ့်အိမ်မှာပဲ စိတ်ဝင်စားဖွယ် Nightlife ကို ဖန်တီးနိုင်တဲ့ နည်းလမ်းလေးများ ပဲဖြစ်ပါတယ်။ ကွီးတို့ လည်း အားလပ်တဲ့အချိန်မှာ ဒီနည်းလမ်းလေးတွေကို အသုံးချပြီး စိတ်ဝင်စားဖွယ် Nightlife ကိုဖန်တီးပြီး အပန်းဖြေလိုက်ပါ။

Source : Knox News

Featured Photo : Fashionisers