ချစ်ရတဲ့ မိသားစုဝင်တွေ ၊ ဘော်ဒါအပေါင်းအသင်း ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ ခင်မင်ရင်းနှီးမှု တိုးစေမယ့် ပါတီလေးတစ်ခုကတော့ ကော့လ်တေးပါတီ ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အလုပ်တွေပြီးတဲ့ ညနေခင်းအချိန်တွေ ၊ အားလပ်ရက်တွေမှာ ကော့လ်တေးပါတီကို ဆင်နွဲလေ့ ရှိကြပါတယ်။ အရသာရှိတဲ့ ကော့လ်တေး Drinks တွေနဲ့ စားစရာတွေ တည်ခင်းပြီး ချစ်ရသူတွေနဲ့အတူတူ ပင်ပန်းမှုတွေ ဖြေဖျောက်နိုင်မယ့် ပျော်ရွှင်ဖွယ်ပါတီလေး တစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အိမ်မှာပဲ ကော့လ်တေးပါတီ ပွဲလေးတစ်ခု ဖန်တီးမယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေ သိထားဖို့ လိုပါမယ်။
(၁) ကော့လ်တေး အမျိုးအစား စုံလင်အောင် ထည့်သွင်းပါ
Photo : Madame Tussauds
ကော့လ်တေးပါတီ ဆိုတဲ့အတိုင်း သောက်စရာ ကော့လ်တေး Drinks တွေကတော့ စုံလင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ Old Fashioned ၊ Dry မာတီနီ ၊ ဝီစကီ Whiskey Sour ၊ Gin & Tonic ၊ Margarita ၊ Negroni ၊ Manhattan ၊ Daiquiri ၊ မိုဟီတို Mojito စတဲ့ လူကြိုက်များ နာမည်ကြီးတဲ့ ဂန္ထဝင် ကော့လ်တေး Drinks တွေ အားလုံး စုံလင်အောင် ထည့်သွင်းပါ။ အယ်လ်ကိုဟော မသောက်သူတွေအတွက် မော့လ်တေးနဲ့ တခြား အသီးဖျော်ရည်တွေလည်း ပြင်ဆင်ထားပေးဖို့ လိုပါတယ်။
(၂) ရာသီအလိုက် ကော့လ်တေး Drinks တွေ ပါပါစေ
Photo : Chef’s Compliments
Winter Is Coming ပါနော်။ ဆောင်းဝင်လာပြီဆိုတော့ ဆောင်းအငွေ့အသက်တွေနဲ့ လိုက်ဖက်တဲ့ ကော့လ်တေး Drinks တွေကတော့ မပါမဖြစ် ထည့်သွင်းသင့်ပါတယ်။ Mulled Wine ၊ Hot Toddy ၊ White Russian ၊ Sparkling Winter Punch ၊ Honey Bourbon ကော့လ်တေး စတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ Classic Winter ကော့လ်တေးတွေ ထည့်သွင်းဖို့ အကြံပြုချင်ပါတယ်။
(၃) ကိုယ်တိုင်ဖျော်စပ်နိုင်အောင် ပြင်ဆင်ထားပေးပါ
Photo : Larry’s Blatherings
ကော့လ်တေးပါတီ မှာ ကော့လ်တေး Drink တွေကို ကိုယ်တိုင်ဖျော်စပ်သောက်ရတာလည်း တကယ်ကို မိုက်ပါတယ်။ ဒါ့ကြောင့် ပါတီလာမယ့် ဧည့်သည်တွေရော ပါတီလက်ခံကျင်းပတဲ့ အိမ်ရှင်တွေပါ ကိုယ်တိုင်ပျော်ပျော်ပါးပါး ကော့လ်တေးတွေ ဖျော်စပ်နိုင်စေဖို့ စားပွဲတစ်လုံးမှာ လိုအပ်တဲ့ အဖျော်ယမကာတွေနဲ့ ကိရိယာတန်ဆာပလာတွေကို ပြင်ဆင်ပေးထားပါ။ Margaritas ၊ Mimosas ၊ မိုဟီတို Mojito တို့လို အလွယ်တကူ ဖျော်စပ်နိုင်မယ့် ကော့လ်တေး Recipes ၃ မျိုးလောက်လည်း ပြင်ဆင်ထားပေးသင့်ပါတယ်။
(၄) ကော့လ်တေးနဲ့ လိုက်ဖက်တဲ့ စားစရာတွေ ပြင်ဆင်ထားပါ
Photo : Vinsta Food
စားစရာတွေအနေနဲ့ကတော့ ကော့လ်တေး Drinks တွေနဲ့ အဓိက လိုက်ဖက်မှုရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ၊ ချိစ့် ၊ ဆန်းဒဝှချ် ၊ မက္ကဆီကန်အစားအစာတွေ ၊ ပင်လယ်စာတွေ ၊ ချောကလက် ၊ အချိုပွဲနဲ့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် Snacks နဲ့ အကြော်တွေကို ပြင်ဆင်ထားပေးပါ။
(၅) Live ဖျော်ဖြေတင်ဆက်မှု အစီအစဉ် ထည့်သွင်းပါ
Photo : Living DNA
ကော့လ်တေးပါတီ ဟာ ဂီတသံစဉ်လေးတွေပါမှ ပြီးပြည့်စုံမှာပါ။ ဒီနေရာမှာ သီချင်းဖွင့်ထားတာထက် သာယာငြိမ့်ငြောင်းတဲ့ စန္ဒယားပညာရှင် သို့မဟုတ် ဂစ်တာသမားတစ်ဦးကနေ Live ဖျော်ဖြေတင်ဆက်တာက ပိုပြီး ပါတီရဲ့ ရုပ်လုံးကို ကြွစေပါတယ်။ ကွီးတို့ရဲ့ ကော့လ်တေးပါတီ ကို တကယ်ကိုပဲ ထူးခြားပြည့်စုံချင်တယ်ဆိုရင်တော့ Live ဖျော်ဖြေတင်ဆက်မှု အစီအစဉ်တွေထည့်သွင်းဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Nuheara