ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အင်းယား ကန်ဘောင် အနီးတစ်ဝိုက်ရှိ ထိုင်လို့ကောင်းတဲ့ အမိုက်စား ဘား နှင့် စားသောက်ဆိုင်များကို ဝေမျှပေးချင်ပါတယ်။ ဒီဆိုင်လေးတွေကတော့ ဘားချစ်သူများအကြား နာမည်ကြီးနေတဲ့ ဘားတွေပဲဖြစ်ပါတယ်။
Coral Inya Bar

Photo: Facebook
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၃၂)၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ Indoor မှာပဲ အေးဆေးထိုင်ရင်း အချိန်ကုန်ဆုံးချင်သူများအတွက်လည်း စီစဥ်ပေးထားသလို Outdoor မှာ သဘာဝ လေကောင်းလေသန့်များ ရှူရှိုက်ရင်း အချိန်ကုန်ဆုံးချင်သူများအတွက်လည်း စီစဥ်ပေးထားပါတယ်။ အင်ယားကန်ရဲ့ အလှအပကို အပီအပြင်ခံစားရင်း အမိုက်စား သီချင်းများနှင့် သာယာလှပတဲ့ လောကနိဗ္ဗာန်ဘုံလေးမှာ ပျော်ပါးချင်တယ်ဆိုရင်တော့ အင်းယား ကန်ဘောင်အနီးရှိ Coral Inya ဘား သို့သာ အရောက်လှမ်းသွားလိုက်ပါ။
Malibu Bar

Photo: Facebook
ဒီဆိုင်လေးကတော့ အင်းယား ရိပ်သာလမ်းပေါ်မှာ တည်ရှိတဲ့ ဘား တစ်ခုဖြစ်ပြီး အမိုက်စား အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံနှင့် အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်တဲ့ ဘား နှင့် စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။
ဒါ့အပြင် ဘောလုံးချစ်သူများအတွက် နာမည်ကြီးနေတဲ့ World Cup Football 2022 ဘောလုံးပွဲစဥ်တစ်လျှောက်လုံး Malibu သို့ လာရောက်အားပေးသော ကွီးတို့အတွက် အမြည်းများအားလုံးအတွက် ၁၅ % ဒစ်စကောင့် ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့နေ့မှာ ကစားကြတဲ့ ပွဲစဥ်တိုင်းများမှာ အနိုင်၊ အရှုံး၊ ဘောလုံး ဂိုးအရေအတွက်များကို ခန့်မှန်းနိုင်ပါတက ထိုဝိုင်းကို Cocktail Shot လက်ဆောင်အဖြစ် Free လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်မလွတ်ချင်ဘူးဆိုရင်တော့ Malibu ကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။
Inya View Roof Top Bar

Photo: Facebook
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၂)၊ B-7 ၊ ကန်လမ်း၊ ၅၁/၂ မိုင်၊ လှိုင်မြို့နယ်မှာ တည်ရှိပြီး အင်းယားကန်ရဲ့ အလှအပကို တဝကြီး ကြည့်ရှုနိုင်တဲ့ Roof Top Bar လေးပဲဖြစ်ပါတယ်။ အကောင်းတကာ့ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးစွမ်းနေတဲ့ ဘားနှင့် စားသောက်ဆိုင် တစ်ခုဖြစ်ပြီး အကောင်းစား ဘီယာများ၊ ကော့တေးများနှင့် အရသာရှိတဲ့ အမြည်းမျိုးစုံကို တစ်နေရာတည်းမှာ မှာယူစားသုံးနိုင်တာကတော့ Inya View Roof Top Bar ပဲဖြစ်ပါတယ်။
Featured Image: Malibu
