သဘာဝ လေနုအေးလေးတွေ တိုက်ခတ်တဲ့အရသာကို ခံစားချင်ပြီး တစ်မြို့လုံးရဲ့ အလှအပကို အပေါ်စီးကနေ ရင်သပ်ရှုမောစွာ မြင်တွေ့ချင်ပါသလား။ ဒါဆိုရင်တော့ ရန်ကုန် နှင့် မန်းလေး မှာ တည်ရှိတဲ့ အမိုက်စား Rooftop ဘားများက ကွီးတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

အကောင်းစား အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံကို အရသာ ထူးကဲကောင်းမွန်တဲ့ အမြည်းများနှင့် အတူတူ တွဲဖက်စားသုံးချင်ရင်ပဲဖြစ်ဖြစ်၊ သာယာငြိမ့်ညောင်းတဲ့ Unplugged တေးဂီတများကို နားဆင်ခံစားချင်ရင်ပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် ရန်ကုန် နှင့် မန်းလေး ရှိ Rooftop ဘားများက ကွီးတို့ကို အသင့် စောင့်ကြိုနေပါတယ်။

Freesia Rooftop Bar

ရန်ကုန် မန်းလေး Rooftop

Photo: Facebook

ဒီ Rooftop Bar ရဲ့ တည်နေရာကတော့ အမှတ် (၁၆၄)၊ အနောက် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဟိုတယ် Vivid ရဲ့ အပေါ်ဆုံးထပ်မှာ တည်ရှိတဲ့အတွက်ကြောင့် သဘာဝ လေနုအေး တိုက်ခတ်တဲ့အရသာကို တဝကြီး ခံစားနိုင်မှာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း World Cup ကြည့်ရင်း Rooftop Bar လေးမှာ အေးဆေး ထိုင်သောက်လို့ရမယ့် ပရိုမိုးရှင်းလေးလည်း စီစဥ်ပေးထားပါတယ်။ ဒီအစီအစဥ်လေးကတော့ အပတ်စဥ် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်ပေးတာဖြစ်ပါတယ်။ Free Bottle Charge အစီအစဥ်လေးဖြစ်ပြီး ဘောလုံး ဝါသနာအိုးများရော ဘားထိုင်ရတာ နှစ်သက်သူများပါ အကြိုက်တွေ့ကြပါလိမ့်မယ်။

Iceland Rooftop Bar & Restaurant

ရန်ကုန် မန်းလေး Rooftop

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၁၂၃/၄) ၊ ပြည်လမ်း၊ ၁၀ မိုင်၊ အင်းစိန်၊ ရန်ကုန်မြို့မှာ တည်ရှိတဲ့ဆိုင်လေးဖြစ်ပြီး မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ ဘားထိုင်သူများအားလုံး စိတ်အပန်းဖြေ အနားယူနိုင်ဖို့ရန်အတွက် သောကြာနှင့် စနေနေ့တိုင်းမှာ Baymax Music Band ရဲ့ ဖျော်ဖြေတင်ဆက်မှုကလည်း အသင့် စောင့်ကြိုနေပါတယ်။

အမိုက်စား ဘီယာ၊ ဝီစကီ၊ ကော့တေး မျိုးစုံ၊ ရမ်မျိုးစုံ၊ တကီလာ အစရှိတဲ့ အမျိုးအစားစုံလင်လှတဲ့ အကောင်းစား အယ်ကိုဟောမျိုးစုံကိုလည်း မှာယူသောက်သုံးနိုင်တာကတော့ Iceland Rooftop Bar & Restaurant ရဲ့ အားသာချက်တစ်ခုပါပဲ။

Nova Rooftop Bar

ရန်ကုန် မန်းလေး Rooftop

Photo: Facebook

ဒီ Rooftop Bar ကတော့ ၃၂ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ချမ်းစိမ့်စိမ့်လေးနဲ့ ဘားထိုင်ချင်သူတွေအတွက် ၁၁ လွှာမှာ တည်ရှိတဲ့ Nova Rooftop Bar က ဆောင်းတွင်းရဲ့ အရသာကို အပြည့်အဝ ခံစားရအောင် ကူညီပေးပါလိမ့်မယ်။

FIFA World Cup လေး ကြည့်လိုက်၊ ဘီယာ၊ ဝီစကီလေး ဇိမ်ခံရင်း သောက်လိုက်နဲ့ တကယ့်ကို နတ်ဘုံ နတ်နန်းတမျှ ကြည်နူးဖို့ကောင်းတဲ့ ခံစားချက်လေးကို ခံစားရမှာပဲဖြစ်ပါတယ်။ ပါတီပွဲ ကျင်းပချင်သူများအတွက်လည်း လူဦးရေ အနည်း အများအလိုက် ပါတီအပြင်အဆင်၊ အခင်းအကျင်းနှင့် အစားအသောက်များကို တည်ခင်းဧည့်ခံပေးနေပါသေးတယ်။

Holiday Sky Bar

Holiday Sky Bar

Photo: Facebook

Holiday Sky Bar ရဲ့ တည်နေရာကတော့ ၇၈ လမ်း၊ ကျွဲဆည်ကန် – ၂ လမ်း (သံလမ်းအနီး)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ Holiday Pier Hotel ရဲ့ Rooftop ၁၁ လွှာမှာ တည်ရှိပြီး တစ်မြို့လုံးရဲ့ အလှအပကို ဘီယာလေး သောက်လိုက်၊ ကော့တေးလေး သောက်လိုက်နှင့် တဝကြီး ခံစားနိုင်ပါတယ်။ ဒါ့အပြင် Rooftop Swimming Pool လည်းရှိတဲ့အတွက်ကြောင့် ရေကူးလို့လည်း ရပါသေးတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွမှာဆိုရင် Unplugged တေးဂီတနှင့် ဖျော်ဖြေတင်ဆက်ပေးတာကိုလည်း နားသောတဆင်နိုင်ပါသေးတယ်။

အခုဖော်ပြသွားတာကတော့ ရန်ကုန် နှင့် မန်းလေး မြို့မှာ လူကြိုက်များတဲ့ Rooftop ဘားတွေပဲဖြစ်ပါတယ်။

Featured Image: Facebook