ယောကျာ်းလေးတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေထဲမှာ ဂျင်းဘောင်းဘီကထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဂျင်းဘောင်းဘီတွေဟာ ပွဲလမ်းသဘင်ပဲသွားသွား အပြင်ပဲသွားသွား နေရထိုင်ရအဆင်ပြေစေပြီး ဘယ်တော့မှရိုးအီမသွားတဲ့ ဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ ဒါဆိုရင် ဘောင်းဘီအတွက်တော့ အဆင်ပြေပါပြီရဲ့ အပေါ်ကရော ဘယ်လိုမျိုးအကျႌမျိုးတွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ ခေါင်းစားနေကြတဲ့ သူတွေအတွက် ဖက်ရှင်လည်းကျပြီး ပေါ့ပေါ့ပါးပါးရှိစေမယ့် အလိုက်ဖက်ဆုံး အကျႌဒီဇိုင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) T – Shirt

Source : Styleoholic

ဒီလိုဖက်ရှင်ကတော့ ယောကျာ်းလေးတော်တော်များများလည်း အကြိုက်တွေ့ကြတဲ့ဖက်ရှင်ဒီဇိုင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်အကျႌဆိုတာ ချစ်သုဝေနဲ့ လင်းလင်းတို့ စုံတွဲလို လိုက်ဖက်လွန်းတဲ့ တွဲဖက်ဝတ်ဆင်စရာ အမိုက်စားဖက်ရှင်ဒီဇိုင်းတစ်မျိုးပါ။ ဘယ်အချိန် ဘယ်နေရာပဲ သွားသွား ပေါ့ပါးမှုရှိပြီး လူငယ်ဆန်တဲ့အပြင် ပွဲတိုးစေတဲ့ ဖက်ရှင်တစ်မျိုးလည်းဖြစ်ပါတယ်။

(၂) Flannel Shirt

Source : Pinterest

ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံး နောက်ထပ် အကျႌတစ်မျိုးကတော့ Flannel Shirt တွေပါ။ အဖြူရောင်အောက်ခံအကျႌလေးပေါ်မှာ Flannel Shirt လေးတွေ ဝတ်ဆင်လိုက်ရင်တော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမယ်ဆိုတာ သေချာပါတယ်။ အရောင်စုံ ဒီဇိုင်းစုံရှိတဲ့အတွက်လည်း ရွေးချယ်စရာပိုများပြီး ဖက်ရှင်တွေတစ်ခုနဲ့တစ်ခု ထပ်သွားမအောင်ပြောင်းလဲ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

(၃) Coat

Source : LIFESTYLE BY PS

ဂျင်းဘောင်းဘီတွေကို Coat အကျႌနဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါမှာလည်း အရမ်းကိုစမတ်ကျစေတဲ့ တွဲဖက်မှုတစ်ခု ဖြစ်စေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရာသီဥတုအခြေအနေကတော့ Coat အကျႌ ထပ်ဝတ်စရာမလိုပေမယ့် ဆောင်းရာသီနဲ့ မိုးရာသီတွေအတွက်တော့ Jeans Pants နဲ့ Long Coat Outfit ဒီဇိုင်းတွေက တော်တော်အထာကျတယ်လို့ ပြောလို့ရပါတယ်။

(၄) Hoodie

Source : Bella Gifts

ခရီးသွားရင်ပဲဖြစ်စေ အထာကျကျရှိုးထုတ်ချင်ရင်ပဲ ဖြစ်စေ ခေါင်းစွပ် Hoodie အကျႌလေးတွေနဲ့ ဂျင်းဘောင်းဘီကတော့ အလိုက်ဖက်ဆုံးသော ဖက်ရှင်ဒီဇိုင်းတစ်ခု အဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးရှိချင်တယ် လူငယ်ဆန်ဆန် Street Wear ဖက်ရှင်ပုံစံလည်းဆန်ချင်ရင် Hoodie လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။