[Zawgyi]
(၁) လုပ်ငန်းရွေးချယ်ပါ
Source : Shutterstock
(၂) ဈေးကွက်ကိုလေ့လာပါ
Source : Shutterstock
(၃) အကြံဥာဏ်တောင်းပါ
Source : Shutterstock
Source : Shutterstock
Source : Shutterstock
[Unicode}
ဝန်ထမ်းလောက လခစားလောကကိုငြီးငွေ့ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ စိတ်ကူးနေပြီလား။တစ်ချို့ကတော့ကိုယ်ပို င် လုပ်ငန်းတစ်ခုစတင်ချင်ပေမယ့်လည်း အနှစ်နှစ်အလအလ စု ဆောင်းထားတဲ့ငွေလေးတွေအရှုံးပေါ်သွားမှာကြောက်ကြတာကြောင့် ဝန်ထမ်းလောကမှာပဲ ဆက်လက်လုပ်ကိုင်နေကြသူတွေလဲရှိပါတယ်။ဒါပေမယ့်စာဖတ်သူအနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်တော့ ဒီအချက်တွေကိုမဖြစ်မနေသိထားဖို့လိုပါမယ်။
(၁) လုပ်ငန်းရွေးချယ်ပါ
Source : Shutterstock
ကိုယ်ပိုင်လုပ်ငန်းစတင်တော့မယ်ဆိုတာနဲ့ အရင်ဆုံးစဉ်းစားရမှာက ဘယ်လိုလုပ်ငန်းမျိုးလုပ်ကိုင်မလဲဆိုတာပါပဲ။ဒီလိုစဉ်းစားတဲ့နေရာမှာ မဖြစ်မနေဦးစားပေးစဉ်းစားရမယ့်အချက်လေးတွေလည်းရှိပါသေးတယ်။ဒါတွေကတော့ ကိုယ်လုပ်မယ့်လုပ်ငန်းက ကိုယ်နဲ့လည်းကိုက်ညီမှုရှိရမယ် ကိုယ်ဝါသနာပါပြီး ကျွမ်းကျင်မှုရှိတဲ့လုပ်ငန်းဖြစ်ဖို့လိုတယ် နောက်ဆုံးကကိုယ့်ရဲ့ အရင်းအနှီးနဲ့ လောက်ငှမှုရှိတဲ့လုပ်ငန်းဖြစ်ရမယ် စတဲ့အချက်လေးတွေကိုအဓိကထားစဉ်းစားပြီး လုပ်ငန်းကိုရွေးချယ်သင့်တာဖြစ်ပါတယ်။
(၂) ဈေးကွက်ကိုလေ့လာပါ
Source : Shutterstock
ဘယ်လိုစီးပွားရေးလုပ်ကိုင်ရမလဲဆိုတာသိပြီဆိုရင်တော့ ဈေး ကွက်ထဲကိုလေ့လာရတော့မှာဖြစ်ပါတယ်။မိမိလုပ်ကိုင်နဲ့ ဆင် တူတဲ့စီးပွားရေးမျိုးဈေးကွက်ထဲမှာရှိနေပြီလား မရှိသေးပဲကိုယ်ကစတင်ပြီး စွန့်ဦးတီထွင်လုပ်မယ်ဆိုရင်ရေရှည်အတွက်ပါ Plan ချရပါမယ်။ကိုယ့်လိုပဲဈေးကွက်ထဲမှာလုပ်ကိုင်နေသူတွေရှိတယ်ဆိုရင်လည်းသူတို့ရဲ့အားသာချက်အားနည်းချက်တွေကိုလေ့လာပြီး မတူညီတဲ့ပုံစံမျိူးနဲ့ ဈေးကွက်မှာထိုးဖောက်နေရာယူနိုင်ဖို့ ဈေးကွက်ကိုလေ့လာဖို့လိုပါမယ်။
(၃) အကြံဉာဏ်တောင်းပါ
Source : Shutterstock
ကိုယ်ကအခုမှကိုယ်ပိုင်စီးပွားရေးကိုစတင်မယ်ဆိုတဲ့အတွက် လက်တွေ့ကျကျလုပ်ဆောင်နိုင်မယ့် အတွေ့အကြုံကောင်းတွေ မရှိသေးပါဘူး။ဒါကြောင့်ကိုယ့်ရှေ့ကစီနီယာတွေ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့သူတွေစီကနေ အကြံဉာဏ်ကောင်းတွေ လမ်းညွှန်ချက်တွေကို တောင်းယူသင့်ပါတယ်။ဒါမှလည်း ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တဲ့အခါ အမှားနည်းပြီး ဆုံးရှုံး မှုကြီးကြီးမားမားရှိတော့မှာမဟုတ်ပါဘူး။
(၄) ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ပါ
Source : Shutterstock
စီးပွားရေးလောကမှာ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေ အဆက်သွယ်ကောင်းရှိသူတွေကသာ နေရာကောင်းတစ်ခုမှာရပ်တည်နေကြတာဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းကတစ်ဖက်တစ်လမ်းကနေ ကိုယ့်ရဲ့အကျိုးစီးပွားဖြစ် ထွန်းဖို့အထောက်အပံ့ကောင်းတွေပေးစွမ်းနေတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ဟာစီးပွားရေးလုပ်ငန်းလုပ်ကိုင်တော့မယ် ဆိုရင်အဆက်သွယ်ကောင်းကောင်းရှိဖို့ အပေါင်းအသင်းမိတ် ဆွေအပေါင်းအသင်းများများရှိဖို့ ကိုယ့်ရဲ့ ပေါင်းသင်းဆက် ဆံရေး Skill ကိုချဲ့ထွင်ဖို့လိုအပ်ပါတယ်။
(၅) စွန့်စားလိုစိတ်မွေးပါ
Source : Shutterstock
စီးပွားရေးလုပ်ပြီဆိုရင် အမြတ်ရှိသလို အရှုံးဆိုတာလည်းရှိပါတယ်။ကမ္ဘာနာမည်ကြီးကုပ္မဏီကြီးတွေတောင်မှ တစ်ခါတစ်လေမှာ ဒေါ်လာသန်းနဲ့ချီပြီးအရှုံးပေါ်တာမျိုးကြုံတွေ့နေရတာပါ။ကိုယ့်အနေနဲ့ အရှုံးကိုကြောက်ပြီး တွန့်ဆုတ်နေမယ် ဆိုရင် ကိုယ်ဖြစ်ချင်တဲ့အတိုင်းအတာတစ်ခုကိုရောက်ရှိဖို့ မလွယ်ကူပါဘူး။ဒါကြောင့်တစ်ခါတစ်လေမှာကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ စွန့်စားလိုက်ပါ။ကြောက်ရွံ့စိတ်တွေဝေစိတ်တွေကိုမေ့ပျောက်ပြီး ကိုယ်လုပ်ကိုင်မယ့်အရာတစ်ခုအပေါ် အပြည့်အဝအာရုံစိုက်ပြီးလုပ်ဆောင်မယ်ဆိုရင် သေချာပေါက်အောင်မြင်မှာဖြစ်ပါတယ်။