[Zawgyi]

နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့သူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ေအာင္ျမင္တဲ့ပံုစံျခင္းေတာ့ မတူၾကပါဘူး။ဒါေပမဲ့ ေယဘူယ်အားျဖင့္ေတာ့ သူတို႔လက္ခံက်င့္သံုးတဲ့တစ္ခ်ဳိ႕ေသာ အေလ့အထေကာင္းေတြကေတာ့ တူညီၾကပါတယ္။စာဖတ္သူအေနနဲ႔ တစ္ေန႔မွာေအာင္ျမင္မႈပန္းတုိင္စီအေရာက္လွမ္းမယ္လို႔စိတ္ကူးထားတယ္ဆိုရင္ေတာ့ အခုေျပာျပေပးမဲ့အေလ့အက်င့္ေကာင္းေလးေတြက စာဖတ္သူတို႔အတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ယံုၾကည္ပါတယ္။

(၁) လူေတြရဲ႕ အျမင္ကို မသိပ္မၾကည့္ဘူး

Source : Forbes

ကြ်န္ေတာ္တို႔အမ်ားစုဟာလူ႔ပတ္္ဝန္းက်င္ လူေဘာင္ေလာကမွာေနထိုင္ေနၾကတဲ့ လူသားေတြထဲက တစ္ေယာက္ပါ။ဒါေၾကာင့္လူ႔ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြစြာေနထိုင္ၾကရတယ္ဆိုေပမယ့္ တစ္ခ်ဳိ႕လူေတြကေတာ့ လူေတြရဲ႕ အျမင္ကိုအရမ္းၾကည့္လြန္းပါတယ္။ကိစၥတစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ကိုယ့္ ကိုလူေတြဘယ္လိုျမင္မလဲ လူေတြဘယ္လိုထင္သြားမလဲ ဆိုတဲ့တပါးသူေတြရဲ႕အျမင္ကိုအရမ္းအာရံုစိုက္မိၾကပါတယ္။တကယ္ေတာ့ဘဝမွာေအာင္ျမင္ေနသူတိုင္း ပတ္ဝန္းက်င္ရဲ႕ေဝဖန္မႈ အျမင္ေတြကိုသိပ္မၾကည့္ၾကပါဘူး။ကိုယ့္ေလ်ာက္ရမယ့္ လမ္းရဲ႕ ဦးတည္ခ်က္ကိုပဲ ေရွးရႈ႕တက္ၾကတာျဖစ္ပါတယ္။ဒါမွလည္းေမွ်ာ္မွန္းထားတဲ့ေအာင္ျမင္မႈပန္းတိုင္ကိုအေရာက္လွမ္းႏိုင္မွာပါ။

(၂) အခ်ိန္ကိုအက်ဳိးမဲ့သက္သက္ျဖဳန္းတီးမပစ္ဘူး

Source : Opportunity

ေအာင္ျမင္ဖို႔ႀကိဳးစားေနသူတစ္ေယာက္အတြက္ အခ်ိန္တိုင္းက ေရႊထက္အဖိုးတန္ပါတယ္။ဘဝအတြက္ဘားမွအက်ဳိးမရွိ ေစမယ့္အရာေတြအတြက္ အခ်ိန္ေတြကိုျဖဳန္းတီးပစ္မွာမဟုတ္ပါဘူး။ဥပမာတစ္ေန႔ကုန္ ဖုန္းထိုင္ပြတ္ေနတာ ေခတ္ေပၚဂိမ္းေတြကိုပဲ စြဲလန္းစြာေဆာ့ကစားေနတာ တီဗီေရွ႕မွာအခ်ိန္ၾကာၾကာထိုင္ေနတာစတဲ့အရာေတြအတြက္ ျပန္မရႏိုင္တဲ့အခ်ိန္ေတြကို အလဟသပ္ကုန္ဆံုးမွာမဟုတ္ပါဘူး။ကိုယ့္ဘဝအတြက္ေလ့လာသင္ယူစရာေတြကိုဆက္လက္ေလ့လာမယ္ ကိုယ့္ရဲ႕ ေအာင္ျမင္မႈပန္းတိုင္အတြက္ ျဖည့္စရာရွိတဲ့အရာေတြကိုထပ္ျဖည့္မယ္စသည္ျဖင့္ အခ်ိန္ကိုအက်ဳိးရွိစြာျဖတ္သန္းၾကတာျဖစ္ပါတယ္။

(၃) ကိုယ့္ရဲ႕ အျပစ္ကို တပါးသူအေပၚပံုမခ်ဘူး

Source : workitdaily.com
လူတိုင္းလူတိုင္းဘဝမွာ အမွားေတြကိုအထပ္အထပ္အခါခါလုပ္မိၾကပါတယ္။ေအာင္ျမင္ေနသူေတြအတြက္ အမွားဆိုတာအေကာင္းဆံုးသင္ခန္းစာတစ္ခုလို႔သတ္မွတ္ထားၾကတာပါ။ကိုယ့္ရဲ႕အမွားကို တပါးသူအေပၚပံုခ်တာမ်ဳိးလုံးဝလုပ္ေလ့မရွိပါဘူး။အမွားကိုရဲရဲဝံ့ဝံ့ဝန္ခံရဲ႕ၿပီးအမွားကေန အေကာင္းဆံုးသင္ခန္းစာယူကာ ေနာက္တစ္ႀကိမ္ထပ္မမွားဖို႔ႀကိဳးစားၾကတာျဖစ္ပါတယ္။

(၄) မက်န္းမာတဲ့ဘဝႀကီးမွာ မေနထိုင္ဘူး

Source : CDC

လူအမ်ားစုဟာ က်န္းမာေရးနဲ႔ပတ္သတ္ၿပီးလစ္လ်ဴရႈ႕ထားတာေတြအမ်ားႀကီးရွိပါတယ္။ေအာင္ျမင္ေနသူေတြကေတာ့ က်န္းမာေရးကိုအထူးဂရုစိုက္ၾကပါတယ္။က်န္းမာေရးမေကာင္းဘူးဆိုရင္ ကိုယ္လိုခ်င္တဲ့ေအာင္ျမင္မႈပန္းတိုင္ကလည္း အလွမ္းေဝးေနအုန္းမွာပါ။ဒါေၾကာင့္ ခႏၶာကိုယ္ကို အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆးလိပ္ေသာက္ျခင္း အရက္ေသာက္ျခင္း က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအေသာက္ေတြစားသံုးျခင္း အားကစားမလုပ္ျခင္း စတဲ့က်န္းမာေရးကိုထိခိုက္ေစမယ့္ အရာေတြကိုအတက္ႏိုင္ဆံုးေရွာင္ရွားၿပီး ေနထိုင္ၾကတာျဖစ္ပါတယ္။

[Unicode]

နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်အောင်မြင်တဲ့ပုံစံခြင်းတော့ မတူကြပါဘူး။ဒါပေမဲ့ ယေဘူယျအားဖြင့်တော့ သူတို့လက်ခံကျင့်သုံးတဲ့တစ်ချို့သော အလေ့အထကောင်းတွေကတော့ တူညီကြပါတယ်။စာဖတ်သူအနေနဲ့ တစ်နေ့မှာအောင်မြင်မှုပန်းတိုင်စီအရောက်လှမ်းမယ်လို့စိတ်ကူးထားတယ်ဆိုရင်တော့ အခုပြောပြပေးမဲ့အလေ့အကျင့်ကောင်းလေးတွေက စာဖတ်သူတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

(၁) လူတွေရဲ့ အမြင်ကို မသိပ်မကြည့်ဘူး

Source : Forbes

ကျွန်တော်တို့အများစုဟာလူ့ပတ်ဝန်းကျင် လူဘောင်လောကမှာနေထိုင်နေကြတဲ့ လူသားတွေထဲက တစ်ယောက်ပါ။ဒါကြောင့်လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေထိုင်ကြရတယ်ဆိုပေမယ့် တစ်ချို့လူတွေကတော့ လူတွေရဲ့ အမြင်ကိုအရမ်းကြည့်လွန်းပါတယ်။ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့် ကိုလူတွေဘယ်လိုမြင်မလဲ လူတွေဘယ်လိုထင်သွားမလဲ ဆိုတဲ့တပါးသူတွေရဲ့အမြင်ကိုအရမ်းအာရုံစိုက်မိကြပါတယ်။တကယ်တော့ဘဝမှာအောင်မြင်နေသူတိုင်း ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု အမြင်တွေကိုသိပ်မကြည့်ကြပါဘူး။ကိုယ့်လျောက်ရမယ့် လမ်းရဲ့ ဦးတည်ချက်ကိုပဲ ရှေးရှု့တက်ကြတာဖြစ်ပါတယ်။ဒါမှလည်းမျှော်မှန်းထားတဲ့အောင်မြင်မှုပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာပါ။

(၂) အချိန်ကိုအကျိုးမဲ့သက်သက်ဖြုန်းတီးမပစ်ဘူး

Source : Opportunity

အောင်မြင်ဖို့ကြိုးစားနေသူတစ်ယောက်အတွက် အချိန်တိုင်းက ရွှေထက်အဖိုးတန်ပါတယ်။ဘဝအတွက်ဘားမှအကျိုးမရှိ စေမယ့်အရာတွေအတွက် အချိန်တွေကိုဖြုန်းတီးပစ်မှာမဟုတ်ပါဘူး။ဥပမာတစ်နေ့ကုန် ဖုန်းထိုင်ပွတ်နေတာ ခေတ်ပေါ်ဂိမ်းတွေကိုပဲ စွဲလန်းစွာဆော့ကစားနေတာ တီဗီရှေ့မှာအချိန်ကြာကြာထိုင်နေတာစတဲ့အရာတွေအတွက် ပြန်မရနိုင်တဲ့အချိန်တွေကို အလဟသပ်ကုန်ဆုံးမှာမဟုတ်ပါဘူး။ကိုယ့်ဘဝအတွက်လေ့လာသင်ယူစရာတွေကိုဆက်လက်လေ့လာမယ် ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်အတွက် ဖြည့်စရာရှိတဲ့အရာတွေကိုထပ်ဖြည့်မယ်စသည်ဖြင့် အချိန်ကိုအကျိုးရှိစွာဖြတ်သန်းကြတာဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့ အပြစ်ကို တပါးသူအပေါ်ပုံမချဘူး

Source : workitdaily.com
လူတိုင်းလူတိုင်းဘဝမှာ အမှားတွေကိုအထပ်အထပ်အခါခါလုပ်မိကြပါတယ်။အောင်မြင်နေသူတွေအတွက် အမှားဆိုတာအကောင်းဆုံးသင်ခန်းစာတစ်ခုလို့သတ်မှတ်ထားကြတာပါ။ကိုယ့်ရဲ့အမှားကို တပါးသူအပေါ်ပုံချတာမျိုးလုံးဝလုပ်လေ့မရှိပါဘူး။အမှားကိုရဲရဲဝံ့ဝံ့ဝန်ခံရဲ့ပြီးအမှားကနေ အကောင်းဆုံးသင်ခန်းစာယူကာ နောက်တစ်ကြိမ်ထပ်မမှားဖို့ကြိုးစားကြတာဖြစ်ပါတယ်။

(၄) မကျန်းမာတဲ့ဘဝကြီးမှာ မနေထိုင်ဘူး

Source : CDC

လူအများစုဟာ ကျန်းမာရေးနဲ့ပတ်သတ်ပြီးလစ်လျူရှု့ထားတာတွေအများကြီးရှိပါတယ်။အောင်မြင်နေသူတွေကတော့ ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါတယ်။ကျန်းမာရေးမကောင်းဘူးဆိုရင် ကိုယ်လိုချင်တဲ့အောင်မြင်မှုပန်းတိုင်ကလည်း အလှမ်းဝေးနေအုန်းမှာပါ။ဒါကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအသောက်တွေစားသုံးခြင်း အားကစားမလုပ်ခြင်း စတဲ့ကျန်းမာရေးကိုထိခိုက်စေမယ့် အရာတွေကိုအတက်နိုင်ဆုံးရှောင်ရှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။