Home Party လေးပြင်ဆင်ကျင်းပဖို့ စိတ်ကူးနေပြီလား။ ဒီလိုအချိန်မှာ ပထမဆုံးအနေနဲ့ ခေါင်းထဲမှာ တွေးသင့်တဲ့ အရာကတော့ ဘယ်လိုလူတွေအတွက် ပါတီပွဲကို ပြင်ဆင်မှာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ပုရိသတွေအတွက် ပြင်ဆင်မယ့် Home Party က ခပ်မိုက်မိုက်ဆွဲဆောင်မှုတွေနဲ့ ဖြစ်နေဖို့တော့ လိုအပ်ပါတယ်နော်။

Bloody Mary Bar

Source: Shutterstock

ပွင့်လင်းရာသီတွေနဲ့ အထူးသင့်တော်တဲ့ ပြင်ဆင်မှုတစ်ခု ဖြစ်ပါတယ်။ တောက်ပတဲ့နေရောင်အောက်မှာ ပုရိသတို့အတွက် အလန်းစားသောက်စရာတွေနဲ့ ခင်းကျင်းပြင်ဆင်ထားတဲ့ Home Party စိတ်ကူးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

Beer Glasses

Source: Shutterstock

ကွီးတို့အထူးကို စိတ်ဝင်စားပျော်ရွှင်နိုင်ဖို့အတွက် ဘီယာအမျိုးအစား မျိုးစုံကို Home Party မှာ ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ ဘီယာကို စတိုင်ကျကျ သောက်သုံးနိုင်ဖို့အတွက် အမိုက်စား Beer Glasses တွေကို စတိုင်မျိုးစုံနဲ့ ပြင်ဆင်ခင်းကျင်းထားမှာ ဖြစ်ပါတယ်။

Taco Bar

Source: Shutterstock

သောက်စရာတွေနဲ့ အလိုက်ဖက်ဆုံးတွဲဖက် ပေးနိုင်တဲ့ ကွီးတို့အကြိုက် စားဖွယ်စုံကို စိတ်ကူးကောင်းလေးနဲ့ ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ပဲမျိုးစုံ၊ ချိစ့်၊ ထောပတ်၊ ခရမ်းချဉ်သီး စတဲ့ အစားအစာများကို ဦးစားပေး ထားရှိတာဖြစ်ပါတယ်။

Scotch

Source: Shutterstock

ပုရိသတို့ စိတ်တိုင်းကျ ဝီစကီအမိုက်စားတစ်မျိုးကို တည်ခင်းဧည့်ခံလိုက်ခြင်းဖြင့် ကွီးတို့ ပျော်ရွှင်မြူးတူးသွားမှာ ဖြစ်ပါတယ်။ လူကြီးလူကောင်းတွေရဲ့ Dinner တွေမှာ အမြဲပါတတ်တဲ့ Scotch Whisky ကို Home Party မှာ ပြင်ဆင်ထားလိုက်ခြင်းဖြင့် ပါတီပွဲတက်ရောက်သူလာတို့ စိတ်ကျေနပ်ခြင်းတွေ ရရှိသွားစေမှာ ဖြစ်ပါတယ်။