အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အရသာရှိတဲ့ အစားအသောက်တွေ၊ ထိုင်လို့ကောင်းတဲ့ ဘားလေးတွေကို သဘောကျနှစ်သက်တဲ့ ကွီးပရိတ်သတ်တို့အတွက် ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bars တွေ အကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာ ဆန်းထူး ကွီး Review အစီအစဉ်” ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရသာရှိတဲ့ အစားအသောက်တွေနဲ့ အမျိုးအစားစုံလင်လှတဲ့ အဖျော်ယမကာများအပြင် တစ်နေရာတည်းမှာပဲ မတူညီတဲ့ Vibes မျိုးစုံ ခံစားရင်း တေးဂီတကိုပါ နားဆင်ချင်တဲ့ သူတွေ့အတွက် ဆိုင်ကောင်းကောင်းလေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဆိုင်လေးကတော့ သွားရလာရလွယ်ကူပြီး အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ်တွေကို ချိတ်ဆက်ပေးထားတဲ့ အချက်အချာကျတဲ့ တောင်မြောက်လမ်းဆုံမှာရှိတဲ့ Asahi 13 Beer Pub & BBQ Restaurant ဆိုင်လေး ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အနှစ်သာရကတော့ Asahi Beer Pub & BBQ ဆိုင်တွေရဲ့ ထုံးစံအတိုင်း သန့်ရှင်းသပ်ရပ်ပြီး ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရသာထူးကဲတဲ့ အစားအသောက်တွေနဲ့ အဖျော်ယမကာများကလည်း အမျိုးအစားစုံလင်လှတဲ့အတွက် မရောက်ဖူးသေးတဲ့ သူတွေလည်း သွားရောက်မြည်းစမ်းကြည့်သင့်တဲ့ ဆိုင်ကောင်းလေးပါပဲ။

restaurant

 

ဆိုင်အပြင်အဆင် ပုံစံကို ပြောရရင်တော့ Asahi 13 Beer Pub & BBQ Restaurant ဆိုင်လေးက အထပ် ၃ ထပ်ရှိတဲ့ဆိုင်လေးပါ။ အပေါ်ဆုံးထပ် ကတော့ လေနုအေးလေးတွေကို ခံစားရင်း အေးဆေးအေးဆေး ထိုင်ဖို့ Rooftop၊ အေးစိမ့်နေတဲ့ Aircon ခန်းမှာ Beer လေးသောက်ရင်း ဇိမ်ကျချင်ရင် အလယ်ထပ်၊ လွတ်လွတ်လပ်လပ် ထိုင်ပြီး Chill ဖို့အတွက် အောက်ဆုံးထပ် ဆိုပြီး မတူညီတဲ့ Vibe တွေကိုပေးစွမ်းနိုင်မဲ့ အထပ် ၃ ထပ်ရှိပါတယ်။

ဒါကြောင့် ချစ်သူလေးနဲ့ပဲ ဖြစ်စေ၊ မတွေ့တာကြာတဲ့ မိတ်ဆွေတွေနဲ့ ဖြစ်စေ အေးအေးဆေးဆေး Rooftop မှာ ထိုင်မလား။ မိသားစုနဲ့ အေးအေးဆေးဆေး အလယ်ထပ် Aircon ခန်းထဲမှာပဲ စားသောက်ကြမလား။  ဒါမှမဟုတ် ညနေရုံးဆင်းချိန် ဘော်ဒါတွေဆုံပြီး အောက်ဆုံးထပ်မှာပဲ လွတ်လွတ်လပ်လပ် ထိုင်ပြီး Chill မလားဆိုတာ စိတ်ကြိုက် ရွေးချယ်လိုက်ပါ။ ဆေးလိပ်သောက်တတ်တဲ့ ကွီးတို့အတွက်လည်း Rooftop နဲ့ အောက်ဆုံးထပ်မှာ သောက်လို့ရတော့ အဆင်ပြေတာပေါ့။

Asahi 13 Beer Pub

ဒီဆိုင်လေးမှာ ရရှိနိုင်တဲ့ အစားအစာတွေကလည်း အမျိုးအစား တော်တော်လေးကို စုံလင်ပါတယ်။ အကင်ကြိုက်တဲ့ သူတွေအတွက် BBQ အကင်စုံ၊ တရုတ်စာကြိုက်တဲ့ သူတွေအတွက် တရုတ်အစားအစာနဲ့ စီချွမ်အရသာဟင်းပွဲတွေ၊ ယိုးဒယားအထောင်းတွေ၊ မလေးရှားအစားအစာများ၊ ဥရောပ အရသာဟင်းပွဲများ၊ အကြော် ၊ အလှော်၊ ဟင်းချို၊ အသုတ် စတဲ့ အရသာရှိလှတဲ့ အစားအစာတွေ စုံလင်တော့ တစ်နေရာတည်းမှာ စိတ်ကြိုက်မှာယူ သုံးဆောင်လိုရတာပေါ့။ လူများများလာ အမယ်စုံမှာပြီး ထူးကဲလှတဲ့ အရသာတွေကို မြည်းစမ်းကြည့်လိုက်ပါ။

Asahi 13 Beer Pub

ဒီဆိုင်ရောက်ရင် အရသာထူးကဲ ကောင်းမွန်လှတဲ့အစားအသောက်တွေကို ရွေးချယ်ရာမှာ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Signature ဟင်းပွဲလေးတွေ ရှိပါတယ်။ ပထမဆုံးပြောပြချင်တဲ့ Signature ဟင်းပွဲကတော့ ဘဲကင် ပါ။ ဒီဆိုင် ရဲ့ ဘဲကင်ကတော့ စားရင်းနဲ့ မအီရအောင် ပီကင်းဘဲ ကို အသုံးပြုထားပါတယ်။ အကင်နံ့လေး မွှေးပျံ့နေတဲ့ ဘဲသားကင်လေးဟာ တကယ်ကို သားရည်ယိုစရာပါ။ အသားကို သေချာကင်ထားတာကြောင့် သုံးဆောင်သူတွေကို တကယ်ကို လျှာလည်သွားစေမှာပါ။

Asahi 13 Beer Pub

နောက်ထပ် Signature Menu တစ်ခုကတော့ ကြက်ကင် မှ ကြက်ကင် ဆိုသူတွေအတွက်ပါ။ ဒီဆိုင်ရဲ့ ကြက်ကင်ကတော့ ဗမာ ကြက်ကို အသုံးပြုထားတာကြောင့် ချွဲပြီး ပွစိစိကြီး ဖြစ်မနေဘဲ စားပြီးရင်း စားချင်လောက်အောင် တကယ်ကို အရသာရှိလှပါတယ်။ အကင်တွေမှာ ဆိုးဆေး နဲ့ အချိုမှုန့်လုံးဝ မသုံးဘဲ အရသာရှိအောင် ကင်ပေးထားတာကြောင့် ဒီဆိုင်ရောက်ရင် မဖြစ်မနေစားကြည့်သင့်ပါတယ်နော်။

Asahi_sichuansteamedchicken

ရွေးချယ်စရာ အများကြီးထဲကမှ နောက်တစ်မျိုးကို ထပ်မံ ရွေးချယ်ပေးရမယ်ဆိုရင်တော့ စီချွမ်ဗမာကြက်ပေါင်းဆော့စ် ပါပဲ။ စီချွမ်ဒေသရဲ့ အစားအစာအတိုင်း အစပ်အရသာလေးနဲ့ ဗမာကြက်ရဲ့ပေါင်းစပ်မှုတို့ဟာ တကယ်ကို ပြီးပြည့်စုံစေပါတယ်။ ကြက်ရဲ့အသားကို သေချာပေါင်းပေးထားတာကြောင့် နူးနူးအိအိလေးနဲ့ တကယ်ကိုစားကောင်းစေပါတယ်။ ကြက်တစ်ကောင်လုံးကို ပေါင်းပေးထားတာကြောင့် ကြက်ပေါင်းကိုမှ တဝကြီးစားချင်ပါတယ်ဆိုသူတွေအတွက် ကွက်တိပါပဲ။ ဒါ့အပြင် အခြားသော ပင်လယ်စာ ဟင်းပွဲတွေ၊ ပင်လယ်စာချဥ်စပ်ဗန်းတွေ၊ သိုးသားဟင်း စသည်ဖြင့် ထူးကဲလှတဲ့အရသာမျိုးစုံကို လာရောက်မြည်းစမ်းလို့ရပါတယ်။

Asahi 13 Beer Pub

အစားတလိုင်းလေးတွေ အတွက်ပြီးရင် အခုကတော့ အသောက်တလိုင်းလေးတွေ အတွက်ပါပဲ။ ဒီဆိုင်မှာ ဘီယာချစ်သူတို့အတွက် Tiger ဘီယာနဲ့ ABC ဘီယာ ရှိပါတယ်။ ဒါ့အပြင် ဝိုင်မျိုးစုံ၊ ပြည်တွင်းဖြစ်နဲ့ နိုင်ငံခြားဖြစ် ဝီစကီမျိုးစုံ တို့ကိုလည်း ရပါတယ်။ ပေါ့ပေါ့ပါးပါးပဲ သောက်ချင်တဲ့သူတွေနဲ့ မိန်းကလေးဘော်ဒါတွေအတွက် အရသာထူးကဲ ကောင်းမွန်လှတဲ့ ကော့လ်တေးမျိုးစုံလည်း ရပါသေးတယ်။ ဒါ့အပြင် အယ်လ်ကိုဟော မသောက်ချင်တဲ့ သူတွေအတွက် Juices တွေလည်းရပါတယ်နော်။ ကဲ ဒီလိုအဖျော်ယမကာမျိုးစုံအပြင် တွဲဖက်စားသောက်ဖို့ အတွက် အရသာထူးကဲလှတဲ့ အစားအသောက်တွေလည်း ရှိတော့ ဘာလိုသေးလဲ ညိုကီတို့‌ရေ အမှောက်သောက်မလား၊ ပေါ့ပေါ့ပါးပါးပဲ သောက်မလား၊ စိတ်ကြိုက်သာရွေးချယ်လိုက်ပါတော့။

Restaurant

ဒီဆိုင်မှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ  Unplugged အစီအစဉ်တွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ တစ်ရက်နဲ့ တစ်ရက် မတူညီတဲ့ Artists တွေရဲ့ Unplugged အစီအစဉ်များကို နားဆင်ခံစားရမှာပါ။ ဒါ့အပြင် လာမဲ့ စက်တင်ဘာ ၉ ရက် သောကြာနေ့ရဲ့ Unplugged အစီအစဉ်မှာ Myanmar Idol အဆိုရှင် သားငယ်ရဲ့ သီဆိုဖြေဖျော်မှုကို ရှုစားရမှာပါ။ ဒါကြောင့် ကွီးတို့ရေ လာမဲ့သောကြာနေ့မှာ ကိုသားငယ်ရဲ့သီချင်းတွေကို နားဆင်ရင်း TGIF ဖို့ Asahi 13 Beer Pub & BBQ Restaurant ကိုသာ အရောက်လှမ်းလာခဲ့ပါ။

Restaurant

ဒီဆိုင်လေးကို ခြုံပြောရမယ်ဆိုရင်တော့ တစ်နေရာတည်းမှာ ပြီးပြည့်စုံပြီး ရွေးချယ်စရာမျိုးစုံရှိတဲ့  အစားအသောက်ကောင်းတွေရတယ်။ ပြည်တွင်းဖြစ်၊ နိုင်ငံခြားဖြစ် သောက်စရာတွေ လည်းစုံလင်တယ်။ အဓိကတော့ ဆိုင်နေရာကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို ဧည့်ခံနိုင်တယ်။ မိသားစုလိုက်လည်း Lunch ဖြစ်စေ၊ Dinner ဖြစ်စေ အရသာရှိရှိ စုံစုံလင်လင် သုံးဆောင်လို့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း Unplugged အစီအစဉ်တွေကို ခံစားရင်း ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနိုင်တယ်။ ချစ်သူလေးနဲ့ အတူ Rooftop လေးမှာလည်းအေးအေးဆေးဆေး ထိုင်ပြီး ညနေဆည်းဆာ နဲ့ ညအလှကို အဖျော်ယမကာနဲ့ စားစရာများ သုံးဆောင်ရင်း ရှုစားနိုင်တယ်။

restaurant

ဒီလို အရသာရှိတဲ့ အစားအစာတွေ၊ အဆင်ပြေလှတဲ့ နေရာထိုင်ခင်း၊ စုံလင်လှတဲ့ အဖျော်ယမကာများ အပြင်တေးဂီတပါ ပါဝင်တဲ့ ပြီးပြည့်စုံတဲ့ Asahi 13 Beer Pub & BBQ Restaurant ဆိုင်လေး ရဲ့ လိပ်စာကတော့ အမှတ် (၃၆၇/၃၆၈/၃၆၉) ၊ အမှတ် (၂) မိန်းလမ်း ၊ ၂၆ ရပ်ကွက်၊ တောင်မြောက်လမ်းဆုံ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ (မြယမုံ အိမ်ရာ နဲ့ ပင်လုံအိမ်ရာ အနီး) ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ ကဲ မသွားရသေးတဲ့ ညိုကီတို့ရော၊ သွားပြီးသား ညိုကီတို့ရော လာမဲ့ သောကြာနေ့ စက်တင်ဘာ ၉ ရက်မှာ Myanmar Idol အဆိုရှင် ကိုသားငယ်ရဲ့ သီဆိုဖျော်ဖြေမှုကို နားဆင်ရင်း TGIF ဖို့ Asahi 13 Beer Pub & BBQ Restaurant ကို အမြန်ဆုံးပဲ အရောက်သာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။